ဥရောပသမဂ္ဂ၏ အသေးဆုံးမြို့တော် ဗယ်လက်တာ

 67

Pika (NP News) - ဇန်နဝါရီ ၁၆

ဗယ်လက်တာမြို့သည် မော်လ်တာနိုင်ငံ၏မြို့တော်ဖြစ်ပြီး ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံးနှင့် စုစည်းမှုအရှိဆုံးသမိုင်းဝင်နေရာများထဲမှတစ်ခုအဖြစ် ယူနက်စကိုအဖွဲ့က သတ်မှတ်ထားသည့် နေရာ တစ်ခုလည်းဖြစ်သည်။ ဗယ်လက်တာမြို့သည် ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရပြီး ဥရောပ၏ အကောင်းဆုံးအနုပညာ လက်ရာများ၊ ဘုရားကျောင်းများနှင့် နန်းတော်များကို ဗယ်လက်တာ မြို့တွင် တွေ့မြင်နိုင်ကြောင်း လည်းသိရသည်။ ဗယ်လက်တာမြို့သည် အရှေ့ ဘက်တွင် Grand Harb- our ဆိပ်ကမ်းနှင့် အနောက်ဘက်တွင် Marsamxett Harbour ဆိပ်ကမ်းတို့ကြားတွင်တည်ရှိပြီး စုစု ပေါင်း နေထိုင်သူလူဦးရေမှာ (၅၀ဝဝ)နှင့် (၆၀ဝဝ)ကြားသာရှိ ကြောင်းသိရသည်။ မော်လ်တာမြို့၏ မြို့ တော်ဖြစ်သော ဗယ်လက်တာမြို့သည် ဈေးဝယ်စင်တာများ၊ ဘားများ၊ စားသောက်ဆိုင်များနှင့် ကော်ဖီ ဆိုင်တို့ ကဲ့သို့သော အပန်းဖြေစရာနေရာများအတွက် စီးပွားရေးဆိုင်ရာအချက်အချာနေရာ တစ်ခုလည်း ဖြစ်သည်။ ဗယ်လက်တာမြို့သည် ဥရောပ၏ တောင်ဘက်အကျဆုံးမြို့တော်လည်းဖြစ်ပြီး စုစုပေါင်း အကျယ်အဝန်းမှာ (ဝ ဒသမ ၆၁)စတုရန်း ကီလိုမီတာသာရှိသောကြောင့် ဥရောပသမဂ္ဂ ၏အသေးဆုံး မြို့တော်လည်းဖြစ်သည်။

သမိုင်းကြောင်း

ဗယ်လက်တာမြို့၏ (၁၆)ရာစုအဆောက်အအုံများကို ဂျေရုဆလင်မြို့ကပေါက်ဖွားလာခဲ့သော ဘာသာရေးဆိုင်ရာစစ်ဘက်အမိန့် အောက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အော်တိုမန်အင်ပါယာက မော်လ်တာကျွန်းကို တိုက်ခိုက်သိမ်းပိုက်ရန်ကြိုးပမ်းခဲ့သော Great Siege of Malta စစ်ပွဲအတွင်း ကျွန်း ကိုကာကွယ်ခဲ့သည့် ပြင်သစ်လူမျိုး Jean Parisot de Valette ကိုအစွဲပြုကာ မြို့နာမည်ကို ဗယ်လက် တာဟု အမည်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဗယ်လက်တာမြို့ကို Mannerist ၊ Neo-Class- ical နှင့် Modern ဗိသုကာလက်ရာများ၏ အစိတ်အပိုင်းများဖြင့်တည်ဆောက်ထားသော်လည်း ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဗုံးကြဲခံရမှုများနှင့်အတူ အချို့အမွေအနှစ်များမှာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ဗယ်လက်တာမြို့တွင် အထိမ်းအမှတ် နေရာ(၃၂၀)ခုရှိပြီး အားလုံးမှာ (ဝ ဒသမ ၅၅)စတု ရန်းကီလိုမီတာ အတွင်းတွင်တည်ရှိသောကြောင့် ကမ္ဘာပေါ်တွင် စုစည်းမှုအရှိဆုံးသမိုင်းဝင်နေရာများ ထဲမှတစ်ခုအဖြစ် ယူနက်စကိုအဖွဲ့က (၁၉၈၀)ပြည့်နှစ်တွင် အသိအမှတ်ပြုခဲ့ကြောင်းသိရသည်။ (၂၀၁၆)ခုနှစ်တွင် ဗယ် လက်တာမြို့ကို ဥရောပတွင် နေအသာဆုံးမြို့တစ်မြို့ဖြစ်စာရင်းသွင်းခဲ့ပြီး (၂၀၁၈)ခုနှစ်တွင် ဥရောပ၏ ယဉ်ကျေးမှုမြို့တော်အဖြစ်ရွေးချယ်ခဲ့ကြောင်းလည်းသိရသည်။ ဗယ်လက်တာမြို့သည် နန်းတော်များ၊ ဥယျာဉ်များ၊ ဘုရားကျောင်းများနှင့်အတူ ၎င်း၏ခံတပ်များကြောင့် နာမည်ကျော်ကြားသည့် မြို့ တစ်မြို့ လည်းဖြစ်သည်။


မြို့ပြရှုခင်းများ

ဗယ်လက်တာမြို့၏ လမ်းများနှင့်ဗိသုကာ လက်ရာများသည် (၁၆)ရာစုအလယ်ပိုင်းတွင်ထွက် ပေါ်လာခဲ့သော Baroque ဗိသုကာလက်ရာမှ Modernism ဗိသုကာလက်ရာခေတ်အထိ အမျိုးမျိုးရှိ ကြောင်းသိရသည်။ ထို့ပြင် ဗယ်လက်တာမြို့သည် မော်လ်တာနိုင်ငံ၏ အဓိကယဉ်ကျေးမှုအချက်အချာ နေရာတစ်ခုဖြစ်ပြီး ဘုရားကျောင်းများ၊ နန်းတော်များ၊ ပြတိုက်များစွာနှင့်အတူ အဓိကခရီးသွား ဆွဲ ဆောင်မှုနေရာများထဲမှတစ်ခုလည်းဖြစ်သည်။ ဗယ်လက်တာမြို့၏ သမိုင်းဝင်အရေးပါသောအဆောက် အအုံများတွင် Knights of Malta ၏ဘုရားကျောင်းဖြစ်ခဲ့သော St John's Co-Cathedral ဘုရား ကျောင်းလည်းပါဝင်သည်။ ထို့ပြင် ဗယ်လက်တာမြို့တွင် အီတလီပန်းချီ ဆရာ ichelangelo Merisi da Caravaggio ၏ တစ်ခုတည်းသော လက်မှတ်ရေးထိုးထားသည့် လက်ရာနှင့် အကြီးဆုံးပန်းချီကားရှိ ကြောင်းလည်း သိရသည်။
Admiralty House နန်းတော်သည် (၁၅၇၀)ပြည့်နှစ်များနောက်ပိုင်းတည်းကတည် ဆောက်ခဲ့ သော Baroque ဗိသုကာလက်ရာနန်းတော် တစ်ခုလည်းဖြစ်သည်။ အဆိုပါနန်းတော်သည် (၁၈၂၀) ပြည့် နှစ်များမှစတင်ကာ ဗြိတိသျှခေတ်အတွင်း မြေထဲပင်လယ်ရေတပ်၏ စစ်ဦးစီးချုပ်၏ တရားဝင် နေထိုင် ရာနေရာတစ်ခုဖြစ်ခဲ့ကြောင်းလည်း သိရသည်။ နောက်ပိုင်းတွင် (၁၉၇၄)ခုနှစ်မှ (၂၀၁၆)ခု နှစ်အထိ Admiralty House နန်းတော်သည် အမျိုးသားအနုပညာပြတိုက်၏နေရာဖြစ်ခဲ့ကြောင်း လည်းသိရသည်။ Manoel ပြဇာတ်ရုံကို (၁၇၃၁)ခုနှစ်တွင် မင်းသား António Manoel de Vilhena ၏အမိန့်အရ (၁၀)လအ
တွင်းတည်ဆောက်ခဲ့ပြီး ဥရောပတွင် ရှေးအကျဆုံး လည်ပတ်လျက်ရှိသည့်ပြဇာတ်ရုံများထဲမှ တစ်ခု လည်းဖြစ်သည်။ ခံတပ်များ၊ တစ်ဝက်တစ်ပျက်ခံတပ်များနှင့် မြင်းစီးသူရဲကောင်းများပါဝင်သောဆိပ် ကမ်းခံတပ်များအဖြစ် မြင်းစီးသူရဲကောင်းများက တည်ဆောက်ခဲ့သောခံတပ်များသည် ခန့်မှန်းခြေအား ဖြင့် အမြင့် (၁၀ဝ)မီတာခန့်ရှိကာ ဗယ်လက်တာမြို့၏ ထူးခြားသောဗိသုကာအရည်အသွေးကို ပံ့ပိုးပေး ကြောင်းသိရသည်။

စီးပွားရေး

(၂၀၁၅)ခုနှစ်တွင် ဗယ်လက်တာမြို့ပြဧရိယာအတွက် အလုပ်သမားအင်အားမှာ လူပေါင်း (၉၁၀ဝဝ) ခန့်ရှိနိုင်ကြောင်း Eurostat အဖွဲ့အစည်းက ခန့်မှန်းပြောဆိုခဲ့သည်။ အဆိုပါပမာဏသည် မော်လ်တာနိုင်ငံ၏လူဦးရေ(၅၀)ရာခိုင်နှုန်းအောက်နှင့် ကိုက်ညီကြောင်းလည်းသိရသည်။ မော်လ်တာ နိုင်ငံကဲ့သို့ပင် ခရီးသွားလုပ်ငန်းသည် ဗယ်လက်တာ မြို့အတွက် အရေးကြီးသော စီးပွားရေးကဏ္ဍတစ်ခု ဖြစ်သည်။ ထို့ပြင် ဗယ်လက်တာမြို့အတွက် အရေးအကြီးဆုံးခရီးသွားဇုန်မှာ Grand Harbour ဆိပ်ကမ်း ကိုဝန်းရံထားသောနေရာဖြစ်ပြီး အပျော်စီးသင်္ဘောလုပ်ငန်းအတွက် နှစ်ပေါင်းများစွာကြာအောင် စီမံ ကိန်းရေးဆွဲပြီးနောက် (၂၀ဝ၂)ခုနှစ်တွင် Grand Harbour ဆိပ်ကမ်းတွင် အပျော်စီးသင်္ဘောဆိပ်ကမ်း တစ်ခုဖြစ်သည့် Valletta Waterfront ပရောဂျက်ကိုတည်ဆောက်ရန် လုပ်ငန်းစတင်ခဲ့သည်။ ဗယ်လက် တာတွင် မီဒီယာကုမ္ပဏီတစ်ခုဖြစ်သည့် Allied Newspapers အတွက် ထုတ်ဝေရေးနေရာတစ်ခုလည်း ရှိပြီး အဆိုပါကုမ္ပဏီမှာ ဈေးကွက်ဦးဆောင်သတင်းစာနှစ်ခုဖြစ်သည့် Times of Malta နှင့် The Sun­day Times of Malta တို့ကို ထုတ်ဝေကြောင်း သိရသည်။

Zawgyi Version:
ဥေရာပသမဂၢ၏ အေသးဆုံးၿမိဳ႕ေတာ္ ဗယ္လက္တာ
Pika (NP News) - ဇန္နဝါရီ ၁၆
ဗယ္လက္တာၿမိဳ႕သည္ ေမာ္လ္တာႏိုင္ငံ၏ၿမိဳ႕ေတာ္ျဖစ္ၿပီး ကမာၻေပၚတြင္ နာမည္အႀကီးဆုံးႏွင့္ စုစည္းမႈအရွိဆုံးသမိုင္းဝင္ေနရာမ်ားထဲမွတစ္ခုအျဖစ္ ယူနက္စကိုအဖြဲ႕က သတ္မွတ္ထားသည့္ ေနရာ တစ္ခုလည္းျဖစ္သည္။ ဗယ္လက္တာၿမိဳ႕သည္ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုအျဖစ္သတ္မွတ္ခံထားရၿပီး ဥေရာပ၏ အေကာင္းဆုံးအႏုပညာ လက္ရာမ်ား၊ ဘုရားေက်ာင္းမ်ားႏွင့္ နန္းေတာ္မ်ားကို ဗယ္လက္တာ ၿမိဳ႕တြင္ ေတြ႕ျမင္ႏိုင္ေၾကာင္း လည္းသိရသည္။ ဗယ္လက္တာၿမိဳ႕သည္ အေရွ႕ ဘက္တြင္ Grand Harb- our ဆိပ္ကမ္းႏွင့္ အေနာက္ဘက္တြင္ Marsamxett Harbour ဆိပ္ကမ္းတို႔ၾကားတြင္တည္ရွိၿပီး စုစု ေပါင္း ေနထိုင္သူလူဦးေရမွာ (၅၀ဝဝ)ႏွင့္ (၆၀ဝဝ)ၾကားသာရွိ ေၾကာင္းသိရသည္။ ေမာ္လ္တာၿမိဳ႕၏ ၿမိဳ႕ ေတာ္ျဖစ္ေသာ ဗယ္လက္တာၿမိဳ႕သည္ ေဈးဝယ္စင္တာမ်ား၊ ဘားမ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ ေကာ္ဖီ ဆိုင္တို႔ ကဲ့သို႔ေသာ အပန္းေျဖစရာေနရာမ်ားအတြက္ စီးပြားေရးဆိုင္ရာအခ်က္အခ်ာေနရာ တစ္ခုလည္း ျဖစ္သည္။ ဗယ္လက္တာၿမိဳ႕သည္ ဥေရာပ၏ ေတာင္ဘက္အက်ဆုံးၿမိဳ႕ေတာ္လည္းျဖစ္ၿပီး စုစုေပါင္း အက်ယ္အဝန္းမွာ (ဝ ဒသမ ၆၁)စတုရန္း ကီလိုမီတာသာရွိေသာေၾကာင့္ ဥေရာပသမဂၢ ၏အေသးဆုံး ၿမိဳ႕ေတာ္လည္းျဖစ္သည္။

သမိုင္းေၾကာင္း

ဗယ္လက္တာၿမိဳ႕၏ (၁၆)ရာစုအေဆာက္အအုံမ်ားကို ေဂ်႐ုဆလင္ၿမိဳ႕ကေပါက္ဖြားလာခဲ့ေသာ ဘာသာေရးဆိုင္ရာစစ္ဘက္အမိန႔္ ေအာက္တြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ ေအာ္တိုမန္အင္ပါယာက ေမာ္လ္တာကြၽန္းကို တိုက္ခိုက္သိမ္းပိုက္ရန္ႀကိဳးပမ္းခဲ့ေသာ Great Siege of Malta စစ္ပြဲအတြင္း ကြၽန္း ကိုကာကြယ္ခဲ့သည့္ ျပင္သစ္လူမ်ိဳး Jean Parisot de Valette ကိုအစြဲျပဳကာ ၿမိဳ႕နာမည္ကို ဗယ္လက္ တာဟု အမည္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ဗယ္လက္တာၿမိဳ႕ကို Mannerist ၊ Neo-Class- ical ႏွင့္ Modern ဗိသုကာလက္ရာမ်ား၏ အစိတ္အပိုင္းမ်ားျဖင့္တည္ေဆာက္ထားေသာ္လည္း ဒုတိယ ကမာၻစစ္အတြင္းတြင္ ဗုံးႀကဲခံရမႈမ်ားႏွင့္အတူ အခ်ိဳ႕အေမြအႏွစ္မ်ားမွာ ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။ ဗယ္လက္တာၿမိဳ႕တြင္ အထိမ္းအမွတ္ ေနရာ(၃၂၀)ခုရွိၿပီး အားလုံးမွာ (ဝ ဒသမ ၅၅)စတု ရန္းကီလိုမီတာ အတြင္းတြင္တည္ရွိေသာေၾကာင့္ ကမာၻေပၚတြင္ စုစည္းမႈအရွိဆုံးသမိုင္းဝင္ေနရာမ်ား ထဲမွတစ္ခုအျဖစ္ ယူနက္စကိုအဖြဲ႕က (၁၉၈၀)ျပည့္ႏွစ္တြင္ အသိအမွတ္ျပဳခဲ့ေၾကာင္းသိရသည္။ (၂၀၁၆)ခုႏွစ္တြင္ ဗယ္ လက္တာၿမိဳ႕ကို ဥေရာပတြင္ ေနအသာဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္စာရင္းသြင္းခဲ့ၿပီး (၂၀၁၈)ခုႏွစ္တြင္ ဥေရာပ၏ ယဥ္ေက်းမႈၿမိဳ႕ေတာ္အျဖစ္ေ႐ြးခ်ယ္ခဲ့ေၾကာင္းလည္းသိရသည္။ ဗယ္လက္တာၿမိဳ႕သည္ နန္းေတာ္မ်ား၊ ဥယ်ာဥ္မ်ား၊ ဘုရားေက်ာင္းမ်ားႏွင့္အတူ ၎၏ခံတပ္မ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည့္ ၿမိဳ႕ တစ္ၿမိဳ႕ လည္းျဖစ္သည္။


ၿမိဳ႕ျပရႈခင္းမ်ား

ဗယ္လက္တာၿမိဳ႕၏ လမ္းမ်ားႏွင့္ဗိသုကာ လက္ရာမ်ားသည္ (၁၆)ရာစုအလယ္ပိုင္းတြင္ထြက္ ေပၚလာခဲ့ေသာ Baroque ဗိသုကာလက္ရာမွ Modernism ဗိသုကာလက္ရာေခတ္အထိ အမ်ိဳးမ်ိဳးရွိ ေၾကာင္းသိရသည္။ ထို႔ျပင္ ဗယ္လက္တာၿမိဳ႕သည္ ေမာ္လ္တာႏိုင္ငံ၏ အဓိကယဥ္ေက်းမႈအခ်က္အခ်ာ ေနရာတစ္ခုျဖစ္ၿပီး ဘုရားေက်ာင္းမ်ား၊ နန္းေတာ္မ်ား၊ ျပတိုက္မ်ားစြာႏွင့္အတူ အဓိကခရီးသြား ဆြဲ ေဆာင္မႈေနရာမ်ားထဲမွတစ္ခုလည္းျဖစ္သည္။ ဗယ္လက္တာၿမိဳ႕၏ သမိုင္းဝင္အေရးပါေသာအေဆာက္ အအုံမ်ားတြင္ Knights of Malta ၏ဘုရားေက်ာင္းျဖစ္ခဲ့ေသာ St John's Co-Cathedral ဘုရား ေက်ာင္းလည္းပါဝင္သည္။ ထို႔ျပင္ ဗယ္လက္တာၿမိဳ႕တြင္ အီတလီပန္းခ်ီ ဆရာ ichelangelo Merisi da Caravaggio ၏ တစ္ခုတည္းေသာ လက္မွတ္ေရးထိုးထားသည့္ လက္ရာႏွင့္ အႀကီးဆုံးပန္းခ်ီကားရွိ ေၾကာင္းလည္း သိရသည္။
Admiralty House နန္းေတာ္သည္ (၁၅၇၀)ျပည့္ႏွစ္မ်ားေနာက္ပိုင္းတည္းကတည္ ေဆာက္ခဲ့ ေသာ Baroque ဗိသုကာလက္ရာနန္းေတာ္ တစ္ခုလည္းျဖစ္သည္။ အဆိုပါနန္းေတာ္သည္ (၁၈၂၀) ျပည့္ ႏွစ္မ်ားမွစတင္ကာ ၿဗိတိသွ်ေခတ္အတြင္း ေျမထဲပင္လယ္ေရတပ္၏ စစ္ဦးစီးခ်ဳပ္၏ တရားဝင္ ေနထိုင္ ရာေနရာတစ္ခုျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။ ေနာက္ပိုင္းတြင္ (၁၉၇၄)ခုႏွစ္မွ (၂၀၁၆)ခု ႏွစ္အထိ Admiralty House နန္းေတာ္သည္ အမ်ိဳးသားအႏုပညာျပတိုက္၏ေနရာျဖစ္ခဲ့ေၾကာင္း လည္းသိရသည္။ Manoel ျပဇာတ္႐ုံကို (၁၇၃၁)ခုႏွစ္တြင္ မင္းသား António Manoel de Vilhena ၏အမိန႔္အရ (၁၀)လအ
တြင္းတည္ေဆာက္ခဲ့ၿပီး ဥေရာပတြင္ ေရွးအက်ဆုံး လည္ပတ္လ်က္ရွိသည့္ျပဇာတ္႐ုံမ်ားထဲမွ တစ္ခု လည္းျဖစ္သည္။ ခံတပ္မ်ား၊ တစ္ဝက္တစ္ပ်က္ခံတပ္မ်ားႏွင့္ ျမင္းစီးသူရဲေကာင္းမ်ားပါဝင္ေသာဆိပ္ ကမ္းခံတပ္မ်ားအျဖစ္ ျမင္းစီးသူရဲေကာင္းမ်ားက တည္ေဆာက္ခဲ့ေသာခံတပ္မ်ားသည္ ခန႔္မွန္းေျခအား ျဖင့္ အျမင့္ (၁၀ဝ)မီတာခန႔္ရွိကာ ဗယ္လက္တာၿမိဳ႕၏ ထူးျခားေသာဗိသုကာအရည္အေသြးကို ပံ့ပိုးေပး ေၾကာင္းသိရသည္။

စီးပြားေရး

(၂၀၁၅)ခုႏွစ္တြင္ ဗယ္လက္တာၿမိဳ႕ျပဧရိယာအတြက္ အလုပ္သမားအင္အားမွာ လူေပါင္း (၉၁၀ဝဝ) ခန႔္ရွိႏိုင္ေၾကာင္း Eurostat အဖြဲ႕အစည္းက ခန႔္မွန္းေျပာဆိုခဲ့သည္။ အဆိုပါပမာဏသည္ ေမာ္လ္တာႏိုင္ငံ၏လူဦးေရ(၅၀)ရာခိုင္ႏႈန္းေအာက္ႏွင့္ ကိုက္ညီေၾကာင္းလည္းသိရသည္။ ေမာ္လ္တာ ႏိုင္ငံကဲ့သို႔ပင္ ခရီးသြားလုပ္ငန္းသည္ ဗယ္လက္တာ ၿမိဳ႕အတြက္ အေရးႀကီးေသာ စီးပြားေရးက႑တစ္ခု ျဖစ္သည္။ ထို႔ျပင္ ဗယ္လက္တာၿမိဳ႕အတြက္ အေရးအႀကီးဆုံးခရီးသြားဇုန္မွာ Grand Harbour ဆိပ္ကမ္း ကိုဝန္းရံထားေသာေနရာျဖစ္ၿပီး အေပ်ာ္စီးသေဘၤာလုပ္ငန္းအတြက္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ စီမံ ကိန္းေရးဆြဲၿပီးေနာက္ (၂၀ဝ၂)ခုႏွစ္တြင္ Grand Harbour ဆိပ္ကမ္းတြင္ အေပ်ာ္စီးသေဘၤာဆိပ္ကမ္း တစ္ခုျဖစ္သည့္ Valletta Waterfront ပေရာဂ်က္ကိုတည္ေဆာက္ရန္ လုပ္ငန္းစတင္ခဲ့သည္။ ဗယ္လက္ တာတြင္ မီဒီယာကုမၸဏီတစ္ခုျဖစ္သည့္ Allied Newspapers အတြက္ ထုတ္ေဝေရးေနရာတစ္ခုလည္း ရွိၿပီး အဆိုပါကုမၸဏီမွာ ေဈးကြက္ဦးေဆာင္သတင္းစာႏွစ္ခုျဖစ္သည့္ Times of Malta ႏွင့္ The Sun­day Times of Malta တို႔ကို ထုတ္ေဝေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.