လောကသရဖူစေတီတော်မြတ်ကြီးအား ငလျင်ဘေးအန္တရာယ် ခံနိုင်ရည်စံနှုန်းရှိစေရေး တွက်ချက်တည်ဆောက်ရန် တိုက်တွန်း

 181

Pearl (NP News) - ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း တည်ထားကိုးကွယ်မည့် လောကသရဖူစေတီတော်မြတ်ကြီးအား ငလျင်ဘေးအန္တရာယ် ခံနိုင်ရည်စံနှုန်းရှိစေရေး တွက်ချက်တည်ဆောက်ရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်ရှိ သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီး၊ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးတို့နှင့် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီးနောက် လောကသရဖူစေတီတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းသို့ရောက်ရှိကြပြီး မြေကြီးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ပင်မစေတီတော်တည် ဆောက်ခြင်း၊ ရင်ပြင်ကြမ်းခင်းခြင်း၊ အရံစေတီများတည်ဆောက်ခြင်း၊ ပစ္စယံများ ကျောက်စီခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစေတီတော်ကြီးတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဝစီပိတ်ဆရာတော်ကြီး၏ မိန့်ကြားမှုများအပေါ် လိုအပ်သည်များ တင်ပြလျှောက်ထားကာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှု တင်ပြချက်များအပေါ် ရေယိုစိမ့်ခြင်း၊ ရေတိုက်စားခြင်းများမဖြစ်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကတည်းကပင် ရေဝင်၊ ရေထွက်နှင့် ရေထုတ်စနစ်များ စနစ်တကျဖြစ်စေရေး တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ရာသီဥတုဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေး၊ ငလျင်ဘေးအန္တရာယ်များအတိုင်း အတာတစ်ခုအထိ ခံနိုင်ရည်စံနှုန်းရှိစေရေးအတွက်လည်း တွက်ချက်တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတိုက်တွန်းပြောကြားခဲ့သည်။
အလားတူ တည်ဆောက်ရေးလုပ်ငန်းဧရိယာ တောင်စောင်းများပေါ်၌ သစ်ပင်များကိုလည်း စနစ်တကျဖြင့် ပြန်လည်စိုက်ပျိုးရန်လိုကြောင်း၊ ရင်ပြင်တော်ပေါ်၌ နေပူခံကျောက်ပြားများ ခင်းကျင်းရာ၌လည်း ဒီဇိုင်းရေးဆွဲပြီးမှသာ စနစ်တကျဖြင့် ခင်းကျင်းသွားရန်လိုကြောင်း နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေလာကသရဖူေစတီေတာ္ျမတ္ႀကီးအား ငလ်င္ေဘးအႏၲရာယ္ ခံႏိုင္ရည္စံႏႈန္းရွိေစေရး တြက္ခ်က္တည္ေဆာက္ရန္ တိုက္တြန္း
Pearl (NP News) - ဇန္နဝါရီ ၁၉

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ ဗုဒၶဥယ်ာဥ္ပရိဝုဏ္ေတာ္အတြင္း တည္ထားကိုးကြယ္မည့္ ေလာကသရဖူေစတီေတာ္ျမတ္ႀကီးအား ငလ်င္ေဘးအႏၲရာယ္ ခံႏိုင္ရည္စံႏႈန္းရွိေစေရး တြက္ခ်က္တည္ေဆာက္ရန္ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့သည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဗုဒၶဥယ်ာဥ္ဝတၳဳကံေတာ္ရွိ သတၱသတၱာဟမဟာေဗာဓိေစတီေတာ္ျမတ္ႀကီး၊ အဘယရာဇမုနိ႐ုပ္ပြားေတာ္ျမတ္ႀကီးတို႔ႏွင့္ က်ိဳင္းတုံၿမိဳ႕ က်က္သေရေဆာင္ မဟာျမတ္မုနိဘုရားႀကီးတို႔သို႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳၿပီးေနာက္ ေလာကသရဖူေစတီေတာ္ျမတ္ႀကီး တည္ေဆာက္ေရးလုပ္ငန္းသို႔ေရာက္ရွိၾကၿပီး ေျမႀကီးလုပ္ငန္းမ်ားေဆာင္႐ြက္ထားရွိမႈ၊ ပင္မေစတီေတာ္တည္ ေဆာက္ျခင္း၊ ရင္ျပင္ၾကမ္းခင္းျခင္း၊ အရံေစတီမ်ားတည္ေဆာက္ျခင္း၊ ပစၥယံမ်ား ေက်ာက္စီျခင္း လုပ္ငန္းေဆာင္႐ြက္ၿပီးစီးမႈအေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
အဆိုပါေစတီေတာ္ႀကီးတည္ေဆာက္ေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ဝစီပိတ္ဆရာေတာ္ႀကီး၏ မိန႔္ၾကားမႈမ်ားအေပၚ လိုအပ္သည္မ်ား တင္ျပေလွ်ာက္ထားကာ တာဝန္ရွိသူမ်ား၏ လုပ္ငန္းေဆာင္႐ြက္ေနမႈ တင္ျပခ်က္မ်ားအေပၚ ေရယိုစိမ့္ျခင္း၊ ေရတိုက္စားျခင္းမ်ားမျဖစ္ေစေရးအတြက္ တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္စဥ္ကတည္းကပင္ ေရဝင္၊ ေရထြက္ႏွင့္ ေရထုတ္စနစ္မ်ား စနစ္တက်ျဖစ္ေစေရး တြက္ခ်က္ေဆာင္႐ြက္ရန္လိုေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ရာသီဥတုဒဏ္ခံႏိုင္ေရးႏွင့္ သဘာဝေဘး၊ ငလ်င္ေဘးအႏၲရာယ္မ်ားအတိုင္း အတာတစ္ခုအထိ ခံႏိုင္ရည္စံႏႈန္းရွိေစေရးအတြက္လည္း တြက္ခ်က္တည္ေဆာက္ရမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကတိုက္တြန္းေျပာၾကားခဲ့သည္။
အလားတူ တည္ေဆာက္ေရးလုပ္ငန္းဧရိယာ ေတာင္ေစာင္းမ်ားေပၚ၌ သစ္ပင္မ်ားကိုလည္း စနစ္တက်ျဖင့္ ျပန္လည္စိုက္ပ်ိဳးရန္လိုေၾကာင္း၊ ရင္ျပင္ေတာ္ေပၚ၌ ေနပူခံေက်ာက္ျပားမ်ား ခင္းက်င္းရာ၌လည္း ဒီဇိုင္းေရးဆြဲၿပီးမွသာ စနစ္တက်ျဖင့္ ခင္းက်င္းသြားရန္လိုေၾကာင္း ႏွင့္ အျခားလိုအပ္သည္မ်ားကို လမ္းၫႊန္မွာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.