ICJ တွင်သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်ကြောင်း နိုင်ငံရေးပါတီနှင့်အဖွဲ့အစည်းအချို့ ထုတ်ပြန်ကြေညာ

 803

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၁

ICJ တွင် သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်တစ်သားတည်းရပ်တည်ကြောင်း နိုင်ငံရေးပါတီနှင့်အဖွဲ့အစည်းအချို့က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ယခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ)တွင် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များအား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက် ဖြေရှင်းကြောင် သိရသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့၏ လုပ်ဆောင်ချက်မျာသည့် မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကျားဖြူပါတီ၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) စသည်ဖြင့် အဖွဲ့အစည်း၊ ပါတီအချို့က သဘောထားထုတ်ပြန်ထားကြောင်း သိရသည်။
ဂမ်ဘီယာနိုင်ငံငယ်မှ စွဲဆိုထားသော ICJ အမှုအခင်းသည် မြန်မာနိုင်ငံအတွက်ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်အောင် နိုင်ငံတကာအထင်အမြင် လွဲမှားအောင် ကြံစည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ICJ တြင္သြားေရာက္ေျဖရွင္းေနေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ႏွင့္ တစ္သားတည္းရပ္တည္ေၾကာင္း ႏိုင္ငံေရးပါတီႏွင့္အဖြဲ႕အစည္းအခ်ိဳ႕ ထုတ္ျပန္ေၾကညာ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၁

ICJ တြင္ သြားေရာက္ေျဖရွင္းေနေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ႏွင့္တစ္သားတည္းရပ္တည္ေၾကာင္း ႏိုင္ငံေရးပါတီႏွင့္အဖြဲ႕အစည္းအခ်ိဳ႕က ထုတ္ျပန္ေၾကညာထားေၾကာင္း သိရသည္။
ယခုႏွစ္၊ ဇန္နဝါရီ ၁၂ ရက္မွ ဇန္နဝါရီ ၂၉ ရက္အထိ နယ္သာလန္ႏိုင္ငံ၊ သည္ဟိတ္ဂ္ၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာတရား႐ုံး (International Court of Justice – ICJ)တြင္ ဂမ္ဘီယာႏိုင္ငံ၏ စြပ္စြဲခ်က္မ်ားအား ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ ဥပေဒေရးရာဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးတို႔ ဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕က သြားေရာက္ ေျဖရွင္းေၾကာင္ သိရသည္။
အဆိုပါ ကိုယ္စားလွယ္အဖြဲ႕၏ လုပ္ေဆာင္ခ်က္မ်ာသည့္ ျမန္မာႏိုင္ငံ၏ အမွန္တရားႏွင့္တရားမွ်တမႈအတြက္ ရင္ဆိုင္ေျဖရွင္းေနျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၊ က်ားျဖဴပါတီ၊ ညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ ျမန္မာ ႏိုင္ငံ သတင္းမီဒီယာေကာင္စီ၊ ျမန္မာ့ပုံရိပ္ေဖာ္ၫႊန္းေရးအဖြဲ႕ (Myanmar Narrative Think Tank) ႏွင့္ ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို) စသည္ျဖင့္ အဖြဲ႕အစည္း၊ ပါတီအခ်ိဳ႕က သေဘာထားထုတ္ျပန္ထားေၾကာင္း သိရသည္။
ဂမ္ဘီယာႏိုင္ငံငယ္မွ စြဲဆိုထားေသာ ICJ အမႈအခင္းသည္ ျမန္မာႏိုင္ငံအတြက္ဂုဏ္သိကၡာ၊ အခ်ဳပ္အျခာအာဏာႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားကို ထိခိုက္ေအာင္ ႏိုင္ငံတကာအထင္အျမင္ လြဲမွားေအာင္ ႀကံစည္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.