တရုတ်သမ္မတရှီကျင့်ဖျင့်ကို ဖမ်းဆီးရန်ကြိုးပမ်းမှု မအောင်မြင်ဟု သတင်းများထွက်ပေါ်

2084

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃ဝ
တရုတ်စစ်ဘက်ထိပ်တန်းအရာရှိကြီးများသည် တရုတ်သမ္မတရှီကျင့်ဖျင့်ကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း Defence Mirror သတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်သမ္မတရှီကျင့်ဖျင့်သည် ပြီးခဲ့သောရက်ပိုင်းတွင် တရုတ်စစ်တပ်၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့စည်းဖြစ်သော တရုတ် ဗဟိုစစ်ကော်မရှင်၏ ဒုတိယအကြီးအကဲဖြစ်သူကျန်းယိုရှားကို ပြီးခဲ့သောရက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းကာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အဆိုပါသတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
တရုတ်အစိုးရက ကျန်းယိုရှားသည်တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်စီမံကိန်းဆိုင်ရာလျှို့ဝှက်ချက်တွေကို အမေရိကန်ထံ ပေးပို့ခဲ့သည်ဟု အစောပိုင်းတွင် စွပ်စွဲပြောဆိုခဲ့ကြောင်း သိရသည်။သို့သော်လည်း လက်ရှိအချိန်တွင် တရုတ်ထိပ်တန်းဗိုလ်ချုပ်ကြီး ကျန်းယိုရှား နှင့် တရုတ်စစ်ဦးစီးချုပ် လီကျန်းလီတို့သည် ဇန်နဝါရီ ၁၈ ရက်က တရုတ်သမ္မတရှီကျင့်ဖျင့်ကို ဖမ်းဆီးရန်ကြိုးပမ်းခဲ့သော်လည်း သမ္မတရှီကျင့်ဖျင့်က ဗိုလ်ချုပ်ကြီး ကျန်းယိုရှားတို့၏အကြံအစည်ကို သိရှိသွားရာမှ လက်တုံ့ပြန်ခဲ့မှုကြောင့် အာဏာသိမ်းရန် ကြိုးပမ်းမှု မအောင်မြင်ရခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။
သမ္မတ ရှီကျင့်ဖျင့်သည် ဗိုလ်ချုပ်ကြီးကျန်းယိုရှားတို့ ပါဝင်သော အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တာဝန်ရှိသူများ နှင့် အစည်းအဝေးလုပ်ရန် ဟိုတည်ကိုရောက်ရှိခဲ့သော်လည်း ဟိုတည်တွင် ဗိုလ်ချုပ်ကြီး ကျန်းယိုရှားကို မတွေ့သည့်အပြင် ကျန်းယိုရှားတို့အစီအစဉ်ကို ကြိုတင်သိရှိသွားခဲ့သည့်အတွက် ဟိုတည်သို့ ချက်ချင်းပြန်သွားခဲ့ကြောင်း သိရသည်။ ရှီကျင့်ဖျင့်သည် ဟိုတည်မှ ပြန်သွားပြီးနောက် ၎င်းကို ဖမ်းဆီးလုပ်ကြံမည့်သူများကို ချေမှုန်းရန် တိုက်ခိုက်ရေးအဖွဲ့များကို စေလွှတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ လက်ရှိအချိန်တွင် တရုတ်သမ္မတရှီကျင့်ဖျင့်သည် ဗိုလ်ချုပ်ကြီးများ ဖြစ်သော ကျန်းယိုရှားနှင့် လီကျန်းလီတို့အပြင် ၎င်းတို့မိသားစုများပါ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးရန် အမိန့်ပေးထားကြောင်း သိရသည်။
တရုတ်အစိုးရက ဗိုလ်ချုပ်ကြီး ကျန်းယိုရှားနှင့် လီကျန်းလီတို့သည် ဆိုးရွားသောစည်းကမ်းဖောက်ဖျက်မှုများကျူးလွန်ခဲ့သည်ဟုအတွက် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံနေရကြောင်းသတင်းထုတ်ပြန်ထားသည်။ တရုတ်စစ်တပ်၏အာဘော်သတင်းစာဖြစ်သော PLA သတင်းစာက ထိပ်တန်းဗိုလ်ချုပ်ကြီးနှစ်ဦးသည် တရုတ်ဗဟိုစစ်ကော်မရှင်၏ ဥက္ကဌဖြစ်သလို တရုတ်သမ္မတဖြစ်သည့် ရှီကျင့်ဖျင့်ကို ထိခိုက်နစ်နာစေရန်နှင့် နင်းချေရန် ကြိုးပမ်းခြင်းလုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားသည်။

Zawgyi Version;
တ႐ုတ္သမၼတရွီက်င့္ဖ်င့္ကို ဖမ္းဆီးရန္ႀကိဳးပမ္းမႈ မေအာင္ျမင္ဟု သတင္းမ်ားထြက္ေပၚ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃ဝ
တ႐ုတ္စစ္ဘက္ထိပ္တန္းအရာရွိႀကီးမ်ားသည္ တ႐ုတ္သမၼတရွီက်င့္ဖ်င့္ကို ဖမ္းဆီးရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္မႈမရခဲ့ေၾကာင္း Defence Mirror သတင္းဌာနက ေဖာ္ျပခဲ့သည္။
တ႐ုတ္သမၼတရွီက်င့္ဖ်င့္သည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ တ႐ုတ္စစ္တပ္၏ အျမင့္ဆုံးအာဏာပိုင္အဖြဲ႕စည္းျဖစ္ေသာ တ႐ုတ္ ဗဟိုစစ္ေကာ္မရွင္၏ ဒုတိယအႀကီးအကဲျဖစ္သူက်န္းယိုရွားကို ၿပီးခဲ့ေသာရက္ပိုင္းတြင္ ဖမ္းဆီးထိန္းသိမ္းကာ စုံစမ္းစစ္ေဆးခဲ့ၿပီးေနာက္ အဆိုပါသတင္းမ်ား ထြက္ေပၚခဲ့ျခင္းျဖစ္သည္။
တ႐ုတ္အစိုးရက က်န္းယိုရွားသည္တ႐ုတ္ႏိုင္ငံ၏ န်ဴကလီးယားလက္နက္စီမံကိန္းဆိုင္ရာလွ်ိဳ႕ဝွက္ခ်က္ေတြကို အေမရိကန္ထံ ေပးပို႔ခဲ့သည္ဟု အေစာပိုင္းတြင္ စြပ္စြဲေျပာဆိုခဲ့ေၾကာင္း သိရသည္။သို႔ေသာ္လည္း လက္ရွိအခ်ိန္တြင္ တ႐ုတ္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီး က်န္းယိုရွား ႏွင့္ တ႐ုတ္စစ္ဦးစီးခ်ဳပ္ လီက်န္းလီတို႔သည္ ဇန္နဝါရီ ၁၈ ရက္က တ႐ုတ္သမၼတရွီက်င့္ဖ်င့္ကို ဖမ္းဆီးရန္ႀကိဳးပမ္းခဲ့ေသာ္လည္း သမၼတရွီက်င့္ဖ်င့္က ဗိုလ္ခ်ဳပ္ႀကီး က်န္းယိုရွားတို႔၏အႀကံအစည္ကို သိရွိသြားရာမွ လက္တုံ႔ျပန္ခဲ့မႈေၾကာင့္ အာဏာသိမ္းရန္ ႀကိဳးပမ္းမႈ မေအာင္ျမင္ရျခင္းျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။
သမၼတ ရွီက်င့္ဖ်င့္သည္ ဗိုလ္ခ်ဳပ္ႀကီးက်န္းယိုရွားတို႔ ပါဝင္ေသာ အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားႏွင့္တာဝန္ရွိသူမ်ား ႏွင့္ အစည္းအေဝးလုပ္ရန္ ဟိုတည္ကိုေရာက္ရွိခဲ့ေသာ္လည္း ဟိုတည္တြင္ ဗိုလ္ခ်ဳပ္ႀကီး က်န္းယိုရွားကို မေတြ႕သည့္အျပင္ က်န္းယိုရွားတို႔အစီအစဥ္ကို ႀကိဳတင္သိရွိသြားခဲ့သည့္အတြက္ ဟိုတည္သို႔ ခ်က္ခ်င္းျပန္သြားခဲ့ေၾကာင္း သိရသည္။ ရွီက်င့္ဖ်င့္သည္ ဟိုတည္မွ ျပန္သြားၿပီးေနာက္ ၎ကို ဖမ္းဆီးလုပ္ႀကံမည့္သူမ်ားကို ေခ်မႈန္းရန္ တိုက္ခိုက္ေရးအဖြဲ႕မ်ားကို ေစလႊတ္ခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့သည္။ လက္ရွိအခ်ိန္တြင္ တ႐ုတ္သမၼတရွီက်င့္ဖ်င့္သည္ ဗိုလ္ခ်ဳပ္ႀကီးမ်ား ျဖစ္ေသာ က်န္းယိုရွားႏွင့္ လီက်န္းလီတို႔အျပင္ ၎တို႔မိသားစုမ်ားပါ ဖမ္းဆီးထိန္းသိမ္း စစ္ေဆးရန္ အမိန႔္ေပးထားေၾကာင္း သိရသည္။
တ႐ုတ္အစိုးရက ဗိုလ္ခ်ဳပ္ႀကီး က်န္းယိုရွားႏွင့္ လီက်န္းလီတို႔သည္ ဆိုး႐ြားေသာစည္းကမ္းေဖာက္ဖ်က္မႈမ်ားက်ဴးလြန္ခဲ့သည္ဟုအတြက္ ဖမ္းဆီးထိန္းသိမ္းစစ္ေဆးခံေနရေၾကာင္းသတင္းထုတ္ျပန္ထားသည္။ တ႐ုတ္စစ္တပ္၏အာေဘာ္သတင္းစာျဖစ္ေသာ PLA သတင္းစာက ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးႏွစ္ဦးသည္ တ႐ုတ္ဗဟိုစစ္ေကာ္မရွင္၏ ဥကၠဌျဖစ္သလို တ႐ုတ္သမၼတျဖစ္သည့္ ရွီက်င့္ဖ်င့္ကို ထိခိုက္နစ္နာေစရန္ႏွင့္ နင္းေခ်ရန္ ႀကိဳးပမ္းျခင္းလုပ္ေဆာင္ခဲ့သည္ဟု စြပ္စြဲထားသည္။