အီရန်ရဲ့ကျည်အစစ်နဲ့လုပ်မယ့်စစ်ရေးလေ့ကျင့်ခန်းအပေါ် အမေရိကန်သတိပေးချက် ထုတ်ပြန်

 336

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃၁

ကမ္ဘာ့ရေနံနဲ့ ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ ဟော်မုဇ်ရေလက်ကြားမှာ အီရန်စစ်တပ်က နှစ်ရက်ကြာ ကျည်စစ်ပစ်ခတ်မှု အပါအဝင် ရေတပ်စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်မှုကို အမေရိကန်အစိုးရက သတိပေးလိုက်ပါ တယ်။ အဲဒီစစ်ရေးလေ့ကျင့်ခန်းကို ဖေဖော်ဝါရီလ ၁ ရက် (တနင်္ဂနွေနေ့) မှာ စတင်မှာဖြစ်ပြီး အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ပြင်းထန်တဲ့ သတိပေးချက်တစ်ခုကို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။
ဟောမုဇ့်ရေလက်ကြားမှာနေ့စဉ် ကုန်တင်သင်္ဘောအစီးရေ ၁၀၀ နီးပါးဖြတ်သန်းနေရာ အဲဒီရေလက်ကြားဟာ ကမ္ဘာ့စီးပွားရေးအတွက် အသက်သွေးကြောတစ်ခုဖြစ်နေပါတယ်။
CENTCOM ရဲ့ထုတ်ပြန်ချက်မှာ အီရန်အနေနဲ့ စစ်ရေးလေ့ကျင့်ရာမှာ နိုင်ငံတကာ ရေကြောင်းသွားလာမှုကို အနှောင့်အယှက်မဖြစ်စေဖို့နဲ့ "ပရော်ဖက်ရှင်နယ်" ပီပီသသ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ အမေရိကန်ဟာ လက်ရှိမှာ အရှေ့အလယ်ပိုင်းဒေသတွင်းမှာ USS Abraham Lincoln လေယာဉ်တင်သင်္ဘောအုပ်စု အပါအဝင် အမေရိကန်ရဲ့အင်အားကြီး စစ်ဘက်ဆိုင်ရာတပ်ဖြန့်မှုတွေ ရှိနေပါတယ်။ "ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ ရဲ့ဘေးကင်းရေးအတွက် လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားမယ်၊ မဆင်မခြင်လုပ်ရပ်တွေကို သည်းခံမှာ မဟုတ်ဘူး" လို့ CENTCOM က ပြတ်ပြတ်သားသားပြောထားပါတယ်။
အီရန်ဘက်ကတော့ အဆိုပါစစ်ရေးလေ့ကျင့်ခန်းဟာ သူတို့ရဲ့ပိုင်နက်ရေပြင် ကာကွယ်ရေးအတွက် ပုံမှန် လုပ်ဆောင်မှုသာဖြစ်တယ်လို့ ဆိုထားပေမယ့်အခုလို ကျည်စစ်သုံးလေ့ကျင့်မှုဟာ မတော်တဆ ထိခိုက်မှုတွေကနေ တစ်ဆင့် ဒေသတွင်း စစ်မီးပွားဖြစ်လာနိုင်ခြေရှိတာကြောင့် နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။ ဟော်မုဇ် ရေလက်ကြားဟာ အကျယ် ၁၂ မိုင်လောက်ပဲရှိတဲ့နေရာတွေရှိတာကြောင့် စစ်သင်္ဘောချင်း နီးကပ်မှုဟာ အချိန်မရွေးပြဿနာဖြစ်လာဖွယ်ရှိနေပါတယ်။ အမေရိကန်နဲ့အီရန်ကြားတင်းမာမှု အရှိန်မြင့်တက်နေချိန်မှာ အမေရိကန်စစ်တပ်က သတိပေးခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version;
အီရန္ရဲ႕က်ည္အစစ္နဲ႔လုပ္မယ့္စစ္ေရးေလ့က်င့္ခန္းအေပၚ အေမရိကန္သတိေပးခ်က္ ထုတ္ျပန္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃၁
ကမာၻ႔ေရနံနဲ႔ ကုန္သြယ္ေရးအတြက္ အခ်က္အခ်ာက်တဲ့ ေဟာ္မုဇ္ေရလက္ၾကားမွာ အီရန္စစ္တပ္က ႏွစ္ရက္ၾကာ က်ည္စစ္ပစ္ခတ္မႈ အပါအဝင္ ေရတပ္စစ္ေရးေလ့က်င့္မႈေတြျပဳလုပ္မႈကို အေမရိကန္အစိုးရက သတိေပးလိုက္ပါ တယ္။ အဲဒီစစ္ေရးေလ့က်င့္ခန္းကို ေဖေဖာ္ဝါရီလ ၁ ရက္ (တနဂၤေႏြေန႔) မွာ စတင္မွာျဖစ္ၿပီး အေမရိကန္ ဗဟိုစစ္ဌာနခ်ဳပ္ (CENTCOM) က ျပင္းထန္တဲ့ သတိေပးခ်က္တစ္ခုကို ထုတ္ျပန္လိုက္တာလည္းျဖစ္ပါတယ္။
ေဟာမုဇ့္ေရလက္ၾကားမွာေန႔စဥ္ ကုန္တင္သေဘၤာအစီးေရ ၁၀၀ နီးပါးျဖတ္သန္းေနရာ အဲဒီေရလက္ၾကားဟာ ကမာၻ႔စီးပြားေရးအတြက္ အသက္ေသြးေၾကာတစ္ခုျဖစ္ေနပါတယ္။
CENTCOM ရဲ႕ထုတ္ျပန္ခ်က္မွာ အီရန္အေနနဲ႔ စစ္ေရးေလ့က်င့္ရာမွာ ႏိုင္ငံတကာ ေရေၾကာင္းသြားလာမႈကို အေႏွာင့္အယွက္မျဖစ္ေစဖို႔နဲ႔ "ပေရာ္ဖက္ရွင္နယ္" ပီပီသသ လုပ္ေဆာင္ဖို႔ တိုက္တြန္းထားပါတယ္။ အေမရိကန္ဟာ လက္ရွိမွာ အေရွ႕အလယ္ပိုင္းေဒသတြင္းမွာ USS Abraham Lincoln ေလယာဥ္တင္သေဘၤာအုပ္စု အပါအဝင္ အေမရိကန္ရဲ႕အင္အားႀကီး စစ္ဘက္ဆိုင္ရာတပ္ျဖန႔္မႈေတြ ရွိေနပါတယ္။ "ကြၽန္ေတာ္တို႔တပ္ဖြဲ႕ဝင္ေတြ ရဲ႕ေဘးကင္းေရးအတြက္ လိုအပ္တာမွန္သမွ် လုပ္ေဆာင္သြားမယ္၊ မဆင္မျခင္လုပ္ရပ္ေတြကို သည္းခံမွာ မဟုတ္ဘူး" လို႔ CENTCOM က ျပတ္ျပတ္သားသားေျပာထားပါတယ္။
အီရန္ဘက္ကေတာ့ အဆိုပါစစ္ေရးေလ့က်င့္ခန္းဟာ သူတို႔ရဲ႕ပိုင္နက္ေရျပင္ ကာကြယ္ေရးအတြက္ ပုံမွန္ လုပ္ေဆာင္မႈသာျဖစ္တယ္လို႔ ဆိုထားေပမယ့္အခုလို က်ည္စစ္သုံးေလ့က်င့္မႈဟာ မေတာ္တဆ ထိခိုက္မႈေတြကေန တစ္ဆင့္ ေဒသတြင္း စစ္မီးပြားျဖစ္လာႏိုင္ေျခရွိတာေၾကာင့္ ႏိုင္ငံတကာက ေစာင့္ၾကည့္ေနၾကပါတယ္။ ေဟာ္မုဇ္ ေရလက္ၾကားဟာ အက်ယ္ ၁၂ မိုင္ေလာက္ပဲရွိတဲ့ေနရာေတြရွိတာေၾကာင့္ စစ္သေဘၤာခ်င္း နီးကပ္မႈဟာ အခ်ိန္မေ႐ြးျပႆနာျဖစ္လာဖြယ္ရွိေနပါတယ္။ အေမရိကန္နဲ႔အီရန္ၾကားတင္းမာမႈ အရွိန္ျမင့္တက္ေနခ်ိန္မွာ အေမရိကန္စစ္တပ္က သတိေပးခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.