ပိုကီမွန်၏ ကမ္ဘာလုံးဆိုင်ရာကမ်ပိန်းအတွက် သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသည့် BLACKPINK အဖွဲ့ဝင် ဂျီဆိုး

 251

Pika (NP News) - ဖေဖော်ဝါရီ ၁၄

တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီး အဆိုတော်အဖွဲ့ BLACKPINK ၏အဖွဲ့ဝင်တစ်ဦး ဖြစ်သူဂျီဆိုးသည် စိတ်ကူးယဉ်ဇာတ်လမ်းတွဲ ပိုကီမွန်၏ နှစ် (၃၀) ပြည့် ကမ္ဘာလုံးဆိုင်ရာကမ်ပိန်းအတွက် အဓိကသံတမန်အဖြစ် ခန့်အပ်ခံ ခဲ့ရကြောင်းသိရသည်။

ထို့ပြင် ပိုကီမွန်ဇာတ်ကောင်အရုပ်တစ်ခုနှင့် တွဲရိုက်ထားသည့် ဓာတ်ပုံတစ်ခုကို ဂျီဆိုးက ဆိုရှယ်မီဒီယာတွင် တင်ခဲ့ကြောင်းလည်းသိရသည်။

ဂျီဆိုးက ‘ကျွန်မရဲ့အကြိုက်ဆုံး ပိုကီမွန်ကတော့ Eevee ဆိုတဲ့ပိုကီမွန်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကော ဘယ်ပိုကီမွန်လေးကို အကြိုက်ဆုံးလဲ’ဟု ရေးထားသည့် ပို့စ်တစ်ခုကို တင်ခဲ့သည်။ ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသည့်ဓာတ်ပုံများတွင် ဂျီဆိုးက Eevee ပိုကီမွန်အရုပ်များကို ကိုင်ဆောင်ထားပြီး ပိုကီမွန် ခေါင်းဆောင်းတစ်ခုကို ဆောင်းထားကြောင်းလည်း သိရသည်။

ဂျီဆိုးသည် ပိုကီမွန်ဇာတ်လမ်း၏ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ကြီးမားသည့်ကမ္ဘာလုံးဆိုင်ရာအခမ်းအနား What’s Your Favorite အတွက် သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရ ခြင်းလည်းဖြစ်သည်။

ထို့ပြင် What’s Your Favorite ကမ် ပိန်းအတွက် Eevee ပိုကီမွန်အရုပ်များနှင့် ပို့စ်အမျိုး မျိုးပေးကာ ရိုက်ထား သော ဓာတ်ပုံများကို ဂျီဆိုးက မျှဝေခဲ့ကြောင်းလည်းသိရသည်။

လက်ရှိအချိန်တွင် BLACKPINK အဖွဲ့ဝင်အားလုံးသည် အဖွဲ့လိုက် ပူးပေါင်းဖျော်ဖြေမှုများကို ဆက်လက်လုပ်ဆောင်ခြင်း မျိုးမရှိတော့ဘဲ တစ်ကိုယ်တော်ခရီးများကို အသီးသီး လျှောက်လှမ်းနေကြပြီဖြစ်ကာ နယ်ပယ်အသီးသီးတွင် အောင်မြင်မှုအမျိုးမျိုးကို ရယူထားကြကြောင်းလည်း သိရသည်။

Zawgyi Version:

ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသမီး အဆိုေတာ္အဖြဲ႕ BLACKPINK ၏အဖြဲ႕ဝင္တစ္ဦး ျဖစ္သူဂ်ီဆိုးသည္ စိတ္ကူးယဥ္ဇာတ္လမ္းတြဲ ပိုကီမြန္၏ ႏွစ္ (၃၀) ျပည့္ ကမာၻလုံးဆိုင္ရာကမ္ပိန္းအတြက္ အဓိကသံတမန္အျဖစ္ ခန႔္အပ္ခံ ခဲ့ရေၾကာင္းသိရသည္။
ထို႔ျပင္ ပိုကီမြန္ဇာတ္ေကာင္အ႐ုပ္တစ္ခုႏွင့္ တြဲ႐ိုက္ထားသည့္ ဓာတ္ပုံတစ္ခုကို ဂ်ီဆိုးက ဆိုရွယ္မီဒီယာတြင္ တင္ခဲ့ေၾကာင္းလည္းသိရသည္။ ဂ်ီဆိုးက ‘ကြၽန္မရဲ႕အႀကိဳက္ဆုံး ပိုကီမြန္ကေတာ့ Eevee ဆိုတဲ့ပိုကီမြန္ေလးပဲ ျဖစ္ပါ တယ္။ ပရိသတ္ေတြေကာ ဘယ္ပိုကီမြန္ေလးကို အႀကိဳက္ဆုံးလဲ’ဟု ေရးထားသည့္ ပို႔စ္တစ္ခုကို တင္ခဲ့သည္။ ဆိုရွယ္မီဒီယာေပၚတြင္ တင္ထားသည့္ဓာတ္ပုံမ်ားတြင္ ဂ်ီဆိုးက Eevee ပိုကီမြန္အ႐ုပ္မ်ားကို ကိုင္ေဆာင္ထားၿပီး ပိုကီမြန္ ေခါင္းေဆာင္းတစ္ခုကို ေဆာင္းထားေၾကာင္းလည္း သိရသည္။ ဂ်ီဆိုးသည္ ပိုကီမြန္ဇာတ္လမ္း၏ ႏွစ္ (၃၀) ျပည့္ အထိမ္းအမွတ္အျဖစ္ ႀကီးမားသည့္ကမာၻလုံးဆိုင္ရာအခမ္းအနား What’s Your Favorite အတြက္ သံတမန္အျဖစ္ ခန႔္အပ္ခံခဲ့ရ ျခင္းလည္းျဖစ္သည္။
ထို႔ျပင္ What’s Your Favorite ကမ္ ပိန္းအတြက္ Eevee ပိုကီမြန္အ႐ုပ္မ်ားႏွင့္ ပို႔စ္အမ်ိဳး မ်ိဳးေပးကာ ႐ိုက္ထား ေသာ ဓာတ္ပုံမ်ားကို ဂ်ီဆိုးက မွ်ေဝခဲ့ေၾကာင္းလည္းသိရသည္။ လက္ရွိအခ်ိန္တြင္ BLACKPINK အဖြဲ႕ဝင္အားလုံးသည္ အဖြဲ႕လိုက္ ပူးေပါင္းေဖ်ာ္ေျဖမႈမ်ားကို ဆက္လက္လုပ္ေဆာင္ျခင္း မ်ိဳးမရွိေတာ့ဘဲ တစ္ကိုယ္ေတာ္ခရီးမ်ားကို အသီးသီး ေလွ်ာက္လွမ္းေနၾကၿပီျဖစ္ကာ နယ္ပယ္အသီးသီးတြင္ ေအာင္ျမင္မႈအမ်ိဳးမ်ိဳးကို ရယူထားၾကေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.