အီရန်အစိုးရအပြောင်းအလဲက ဖြစ်လာနိုင်မယ့်အကောင်းဆုံးအရာတစ်ခုဖြစ်လိမ့်မယ်လို့ ဒေါ်နယ်ထရမ့်ပြော

 173

Pika (NP News) ဖေဖေါ်ဝါရီ -၁၅
အီရန်မှာ အစိုးရအပြောင်းအလဲက ဖြစ်လာနိုင်မယ့်အကောင်းဆုံးအရာတစ်ခုဖြစ်လိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အရှေ့အလယ်ပိုင်းဒေသကို ဒုတိယမြောက်လေယာဉ်တင်သင်္ဘောတစ်စီး စေလွှတ်ဖို့ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့မှုနဲ့အတူ ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်က"အီရန်အစိုးရအပြောင်းအလဲက ဖြစ်ပေါ်လာနိုင်တဲ့ အကောင်းဆုံးအရာတစ်ခုဖြစ်လိမ့်မယ်လို့ ထင်ရပါတယ်”လို့ပြောဆိုခဲ့ပါတယ်။အီရန်မှာ အစိုးရအပြောင်းအလဲကို လိုချင်လားဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က ယခုလိုတုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ယူရေနီယမ်သန့်စင်မှုသုညကို လက်ခံသွားမှာလားဆိုတဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်က”ယူရေနီယမ်သန့်စင်မှုသုညကို ကျွန်တော်တို့လက်ခံပါတယ်။ဘယ်လိုသန့်စင်မှုမျိုးကိုမှ ကျွန်တော်တို့လက်ခံမှာမဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။အီရန်ကို သတိပေးတဲ့အနေနဲ့ အမေရိကန်ရဲ့ ဒုတိယမြောက်လေယာဉ်တင်သင်္ဘောအုပ်စုက မကြာခင်အချိန်အတွင်း အရှေ့အလယ်ပိုင်းဒေသကို ဦးတည်သွားလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေဖြစ်ပွားလာတာပဲဖြစ်ပါတယ်။

Zawgyi Version:
အီရန္အစိုးရအေျပာင္းအလဲက ျဖစ္လာႏိုင္မယ့္အေကာင္းဆုံးအရာတစ္ခုျဖစ္လိမ့္မယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) ေဖေဖၚဝါရီ -၁၅
အီရန္မွာ အစိုးရအေျပာင္းအလဲက ျဖစ္လာႏိုင္မယ့္အေကာင္းဆုံးအရာတစ္ခုျဖစ္လိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။အေရွ႕အလယ္ပိုင္းေဒသကို ဒုတိယေျမာက္ေလယာဥ္တင္သေဘၤာတစ္စီး ေစလႊတ္ဖို႔ ေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့မႈနဲ႔အတူ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ေဒၚနယ္ထရမ့္က”အီရန္အစိုးရအေျပာင္းအလဲက ျဖစ္ေပၚလာႏိုင္တဲ့ အေကာင္းဆုံးအရာတစ္ခုျဖစ္လိမ့္မယ္လို႔ ထင္ရပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။အီရန္မွာ အစိုးရအေျပာင္းအလဲကို လိုခ်င္လားဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က ယခုလိုတုံ႔ျပန္ေျဖၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ယူေရနီယမ္သန႔္စင္မႈသုညကို လက္ခံသြားမွာလားဆိုတဲ့ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ေဒၚနယ္ထရမ့္က”ယူေရနီယမ္သန႔္စင္မႈသုညကို ကြၽန္ေတာ္တို႔လက္ခံပါတယ္။ဘယ္လိုသန႔္စင္မႈမ်ိဳးကိုမွ ကြၽန္ေတာ္တို႔လက္ခံမွာမဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။အီရန္ကို သတိေပးတဲ့အေနနဲ႔ အေမရိကန္ရဲ႕ ဒုတိယေျမာက္ေလယာဥ္တင္သေဘၤာအုပ္စုက မၾကာခင္အခ်ိန္အတြင္း အေရွ႕အလယ္ပိုင္းေဒသကို ဦးတည္သြားလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြျဖစ္ပြားလာတာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.