ဂရင်းလန်းကျွန်းကိုသိမ်းယူဖို့ ဒေါ်နယ်ထရမ့်က အလေးအနက်ထားနေဆဲဖြစ်တယ်လို့ ဒိန်းမတ်အစိုးရသတိပေး

108

Pika (NP News) - ဖေဖော်ဝါရီ ၁၆
အရင်းအမြစ်ကြွယ်ဝတဲ့ဂရင်းလန်းကျွန်းကိုသိမ်းပိုက်ဖို့နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အလေးအနက်ထားနေဆဲဖြစ်တယ်လို့ ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက်ဒဲရစ်ဆန်က သတိပေးပြောဆိုခဲ့ပါတယ်။
အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကို ကိုးကားပြီး အမေရိကန်က ဂရင်းလန်းကျွန်းကို သိမ်းယူဖို့ လိုအပ်တယ်လို့ ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ်ထုတ်ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် အမေရိကန်ကသာ ဂရင်းလန်းကျွန်းကို မသိမ်းယူဘူးဆိုရင် ရုရှားနဲ့တရုတ်တို့က သိမ်းယူသွားလိမ့်မယ်လို့ လည်း ဒေါ်နယ်ထရမ့် သတိပေးပြောဆိုခဲ့ပါတယ်။
အမေရိကန်က ဂရင်းလန်းကျွန်းကို တစ်နည်းနည်းနဲ့ရအောင်သိမ်းပိုက်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောဆိုခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ မက်တီဖရက်ဒဲရစ်ဆန်ရဲ့ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဒါ့ပြင် ဂရင်းလန်းကျွန်းအပေါ် ဖိအားပေးတာတွေက လက်ခံနိုင်စရာမရှိတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့လည်း မက်တီဖရက်ဒဲရစ်ဆန်က ပြောကြားခဲ့ပါတယ်။
၎င်းက “ဂရင်းလန်းကျွန်းကို သိမ်းပိုက်ဖို့နဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က အလေးအနက်ထားနေဆဲဖြစ်တယ် ဆိုတာ လုံးဝသိသာပါတယ်။ ဂရင်းလန်းပြည်သူတွေကို ဒီလိုမျိုးခြိမ်းခြောက်တာမျိုးတွေ အရင်တုန်းက ဘယ်သူက မှ မလုပ်ခဲ့ဖူးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်လုပ်နေတဲ့အဖွဲ့တစ်ခုလည်းရှိပါတယ်။ ဖြေရှင်းချက်တစ်ခုကို ရှာတွေ့နိုင်မလားဆိုတာ ကျွန်မတို့ကြိုးစားကြည့်သွားမှာပါ။ ဒါပေမယ့် ဖြတ်ကျော်လို့မရတဲ့အနီရောင်မျဉ်းတွေ ကတော့ ရှိနေဆဲပဲဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ဂရင္းလန္းကြၽန္းကိုသိမ္းယူဖို႔ ေဒၚနယ္ထရမ့္က အေလးအနက္ထားေနဆဲျဖစ္တယ္လို႔ ဒိန္းမတ္အစိုးရသတိေပး
Pika (NP News) - ေဖေဖာ္ဝါရီ ၁၆
အရင္းအျမစ္ႂကြယ္ဝတဲ့ဂရင္းလန္းကြၽန္းကိုသိမ္းပိုက္ဖို႔နဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတေဒၚနယ္ထရမ့္က အေလးအနက္ထားေနဆဲျဖစ္တယ္လို႔ ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ မက္တီဖရက္ဒဲရစ္ဆန္က သတိေပးေျပာဆိုခဲ့ပါတယ္။
အေမရိကန္ရဲ႕အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာစိုးရိမ္မႈေတြကို ကိုးကားၿပီး အေမရိကန္က ဂရင္းလန္းကြၽန္းကို သိမ္းယူဖို႔ လိုအပ္တယ္လို႔ ေဒၚနယ္ထရမ့္က အႀကိမ္ႀကိမ္ထုတ္ျပန္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ အေမရိကန္ကသာ ဂရင္းလန္းကြၽန္းကို မသိမ္းယူဘူးဆိုရင္ ႐ုရွားနဲ႔တ႐ုတ္တို႔က သိမ္းယူသြားလိမ့္မယ္လို႔ လည္း ေဒၚနယ္ထရမ့္ သတိေပးေျပာဆိုခဲ့ပါတယ္။
အေမရိကန္က ဂရင္းလန္းကြၽန္းကို တစ္နည္းနည္းနဲ႔ရေအာင္သိမ္းပိုက္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ ေျပာဆိုခဲ့ၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ မက္တီဖရက္ဒဲရစ္ဆန္ရဲ႕ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ ဂရင္းလန္းကြၽန္းအေပၚ ဖိအားေပးတာေတြက လက္ခံႏိုင္စရာမရွိတဲ့ကိစၥတစ္ခုျဖစ္တယ္လို႔လည္း မက္တီဖရက္ဒဲရစ္ဆန္က ေျပာၾကားခဲ့ပါတယ္။
၎က “ဂရင္းလန္းကြၽန္းကို သိမ္းပိုက္ဖို႔နဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္က အေလးအနက္ထားေနဆဲျဖစ္တယ္ ဆိုတာ လုံးဝသိသာပါတယ္။ ဂရင္းလန္းျပည္သူေတြကို ဒီလိုမ်ိဳးၿခိမ္းေျခာက္တာမ်ိဳးေတြ အရင္တုန္းက ဘယ္သူက မွ မလုပ္ခဲ့ဖူးပါဘူး။ ဒီကိစၥနဲ႔ပတ္သက္ၿပီး အလုပ္လုပ္ေနတဲ့အဖြဲ႕တစ္ခုလည္းရွိပါတယ္။ ေျဖရွင္းခ်က္တစ္ခုကို ရွာေတြ႕ႏိုင္မလားဆိုတာ ကြၽန္မတို႔ႀကိဳးစားၾကည့္သြားမွာပါ။ ဒါေပမယ့္ ျဖတ္ေက်ာ္လို႔မရတဲ့အနီေရာင္မ်ဥ္းေတြ ကေတာ့ ရွိေနဆဲပဲျဖစ္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။