တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ခေတ်နှင့်အညီနည်းပညာများ အပြည့်အဝအသုံးချနိုင်ရေး ဆောင်ရွက်နေ

 224

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၆

တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ခေတ်နှင့်အညီနည်းပညာများကို အပြည့်အဝအသုံးချနိုင်ရေး ဆောင်ရွက်နေကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့( ဖေဖော်ဝါရီ ၁၅ ရက်) နံနက်ပိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ်အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင် ပြောင်းလဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံ ရေးနှင့်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
တပ်မတော်အနေဖြင့် လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနေရသည်ကို သမိုင်းကြောင်းအထောက်အထားများအရ သိရှိနိုင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ထိန်းသိမ်းဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တာဝန်ဖြစ်သော်လည်း လိုအပ်ချက်အရ တပ်မတော်မှ ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့်တပ်မတော်ဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ စစ်မြေပြင်တွင် အဆင့်မြင့်နည်းပညာများကိုအသုံးချလာကြသဖြင့် မိမိတို့အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့တွင် ခေတ်နှင့်အညီနည်းပညာများကို အပြည့်အဝအသုံးချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့သည် ညီနောင်တပ်ဖွဲ့များအဖြစ် လက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်း၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version;
တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တြင္ ေခတ္ႏွင့္အညီနည္းပညာမ်ား အျပည့္အဝအသုံးခ်ႏိုင္ေရး ေဆာင္႐ြက္ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၆
တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တြင္ ေခတ္ႏွင့္အညီနည္းပညာမ်ားကို အျပည့္အဝအသုံးခ်ႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔( ေဖေဖာ္ဝါရီ ၁၅ ရက္) နံနက္ပိုင္းက အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ ဟုမၼလင္းတပ္နယ္ရွိ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား တပ္နယ္ခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားစဥ္အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္အေနျဖင့္ ႏိုင္ငံေရးအစိုးရမ်ား မည္ကဲ့သို႔ပင္ ေျပာင္းလဲသည္ျဖစ္ေစ ႏိုင္ငံေတာ္လုံၿခဳံ ေရးႏွင့္ကာကြယ္ေရးတာဝန္မ်ားကို ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
တပ္မေတာ္အေနျဖင့္ လြတ္လပ္ေရး ရရွိၿပီးခ်ိန္မွစ၍ ႏိုင္ငံေတာ္တြင္ျဖစ္ေပၚခဲ့သည့္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားကို ေျဖရွင္းေနရသည္ကို သမိုင္းေၾကာင္းအေထာက္အထားမ်ားအရ သိရွိႏိုင္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားကို ထိန္းသိမ္းေဆာင္႐ြက္ရမည္မွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ တာဝန္ျဖစ္ေသာ္လည္း လိုအပ္ခ်က္အရ တပ္မေတာ္မွ ပါဝင္ေဆာင္႐ြက္ေနရျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကိုလည္း စြမ္းရည္ျမႇင့္တင္ေရး ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္မ်ားကို ထမ္းေဆာင္ေနျခင္းျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကဆိုသည္။
စြမ္းရည္ရွိသည့္ တပ္မေတာ္၊ စြမ္းအားရွိသည့္တပ္မေတာ္ျဖစ္ေအာင္ ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
ယေန႔ေခတ္သည္ နည္းပညာေခတ္ျဖစ္သည္ႏွင့္အညီ စစ္ေျမျပင္တြင္ အဆင့္ျမင့္နည္းပညာမ်ားကိုအသုံးခ်လာၾကသျဖင့္ မိမိတို႔အေနျဖင့္ တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔တြင္ ေခတ္ႏွင့္အညီနည္းပညာမ်ားကို အျပည့္အဝအသုံးခ်ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ရဲတပ္ဖြဲ႕ႏွင့္ တပ္မေတာ္တို႔သည္ ညီေနာင္တပ္ဖြဲ႕မ်ားအျဖစ္ လက္တြဲေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္းႏွင့္ ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ ေဒသခံျပည္သူမ်ားပူးေပါင္း၍ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.