ဗြိတိန်က မြောက်အတ္တလန္တိတ်ဒေသကို လေယာဉ်တင်သင်္ဘောအုပ်စုတစ်ခု စေလွှတ်သွားမယ်

94
Pika (NP News) - ဖေဖော်ဝါရီ ၁၆
အာတိတ်ဒေသမှာ ရုရှားရဲ့ခြိမ်းခြောက်မှုတွကို ဆန့်ကျင်တဲ့ အင်အားပြသမှုတစ်ခုအဖြစ် ယခုနှစ်အတွင်း မြောက်အတ္တလန္တိတ်ဒေသကို လေယာဉ်တင်သင်္ဘောအုပ်စုတစ်ခု စေလွှတ်သွားမယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ကီရာစတာမာ က “ယခုနှစ်အတွင်း ကျွန်တော်တို့ရဲ့လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့ တစ်ဖွဲ့ကို မြောက်အတ္တလန္တိတ်ဒေသကို စေလွှတ်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒီစေလွှတ်မှုက ဥရောပ-အတ္တလန္တိတ် လုံခြုံရေးအပေါ် ဗြိတိန်ရဲ့ကတိဝတ်တွေ အားကောင်းနေဆဲဖြစ်တယ်ဆိုတာကို ပြသနေတာမျိုးပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
"Operation Firecrest" လို့ အမည်ပေးထားတဲ့လေယာဉ်တင်သင်္ဘောအုပ်စုမှာ တော်ဝင်ရေတပ်စစ်သင်္ဘောတွေ၊ F-35တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေပါဝင်သွားမှာဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့ပြင် အဲဒီစေလွှတ်မှုက ရုရှားရဲ့ကျူးကျော်မှုကို တားဆီးဖို့နဲ့ အရေးကြီးတဲ့ရေအောက်အခြေခံအဆောက်အဦးတွေ ကို ကာကွယ်ဖို့ အင်အားပြသမှုတစ်ခုဖြစ်လာလိမ့်မယ်လို့လည်း ကီရာစတာမာက ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ၿဗိတိန္က ေျမာက္အတၱလႏၲိတ္ေဒသကို ေလယာဥ္တင္သေဘၤာအုပ္စုတစ္ခု ေစလႊတ္သြားမယ္
Pika (NP News) - ေဖေဖာ္ဝါရီ ၁၆
အာတိတ္ေဒသမွာ ႐ုရွားရဲ႕ၿခိမ္းေျခာက္မႈတြကို ဆန႔္က်င္တဲ့ အင္အားျပသမႈတစ္ခုအျဖစ္ ယခုႏွစ္အတြင္း ေျမာက္အတၱလႏၲိတ္ေဒသကို ေလယာဥ္တင္သေဘၤာအုပ္စုတစ္ခု ေစလႊတ္သြားမယ္လို႔ ၿဗိတိန္အစိုးရက ထုတ္ျပန္ ေၾကညာခဲ့ပါတယ္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ကီရာစတာမာ က “ယခုႏွစ္အတြင္း ကြၽန္ေတာ္တို႔ရဲ႕ေလယာဥ္တင္သေဘၤာ တိုက္ခိုက္ေရးအဖြဲ႕ တစ္ဖြဲ႕ကို ေျမာက္အတၱလႏၲိတ္ေဒသကို ေစလႊတ္သြားဖို႔ ျပင္ဆင္ေနပါတယ္။ ဒီေစလႊတ္မႈက ဥေရာပ-အတၱလႏၲိတ္ လုံၿခဳံေရးအေပၚ ၿဗိတိန္ရဲ႕ကတိဝတ္ေတြ အားေကာင္းေနဆဲျဖစ္တယ္ဆိုတာကို ျပသေနတာမ်ိဳးပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
"Operation Firecrest" လို႔ အမည္ေပးထားတဲ့ေလယာဥ္တင္သေဘၤာအုပ္စုမွာ ေတာ္ဝင္ေရတပ္စစ္သေဘၤာေတြ၊ F-35တိုက္ေလယာဥ္ေတြနဲ႔ ရဟတ္ယာဥ္ေတြပါဝင္သြားမွာျဖစ္တယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီေစလႊတ္မႈက ႐ုရွားရဲ႕က်ဴးေက်ာ္မႈကို တားဆီးဖို႔နဲ႔ အေရးႀကီးတဲ့ေရေအာက္အေျခခံအေဆာက္အဦးေတြ ကို ကာကြယ္ဖို႔ အင္အားျပသမႈတစ္ခုျဖစ္လာလိမ့္မယ္လို႔လည္း ကီရာစတာမာက ေျပာၾကားခဲ့ပါတယ္။