ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို အသစ်ပြင်ဆင် ပြဋ္ဌာန်းနိုင်ရန်ဆောင်ရွက်လျက်ရှိ

 188

စော(NP News)- ဖေဖော်ဝါရီ ၁၆
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို အသစ်ပြင်ဆင် ပြဋ္ဌာန်းနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မက္ကဆီကိုနိုင်ငံ၊မက္ကဆီကိုမြို့၌ ဖေဖော်ဝါရီ (၉) ရက်မှ (၁၃) ရက်အထိ ကျင်းပသည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ မျက်နှာစုံညီအစည်းအဝေးနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးများ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကျေစေသည့် လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောခဲ့သည်။
ထို့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရေးအစီအမံ (Action Plan)ပါအချက်များကို ပြည်တွင်း လူ့စွမ်းအားအရင်းအမြစ်များဖြင့် ဆောင်ရွက်ခဲ့ရာ ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း အဆင့်သတ်မှတ်ချက် (၁၀) ချက်ထိ တိုးမြှင့်ရရှိလာခဲ့ပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် (၅) ချက်ကို အချိန်ကာလသတ်မှတ်၍ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောခဲ့သည်။
ထို့ပြင်ဥပဒေပိုင်းဆိုင်ရာမူဘောင်များ ပိုမိုခိုင်မာမှုရှိစေရန် အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – APJG) ၏ အကြံပြုချက်များနှင့်အညီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ယုံကြည်အပ်နှံမှုအက်ဥပဒေများကို ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေကိုလည်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့ ကြောင်း ၎င်းကဆိုသည်။
ဆက်လက်၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို အသစ်ပြင်ဆင် ပြဋ္ဌာန်းနိုင်ရန်ဆောင်ရွက်လျက်ရှိ၍ အဆိုပါဥပဒေ ပြဋ္ဌာန်းပြီးပါက ကျန်ရှိသည့် Action Plan (၅) ချက်သည် တိုးတက်မှုရှိလာမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း အပြည့်အဝ အကောင်အထည်ဖော်လိုက်နာဆောင်ရွက်နိုင်ရေးကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ထည့်သွင်းပြောခဲ့သည်။
အဆိုပါ တွေ့လာနိုင်သည့်အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ပြည်ပမှကျွမ်းကျင် ပညာရှင်များ၏ နည်းပညာအကူအညီများ ရယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံကို အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG)က အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ခြင်းကို ၂၀၂၉-၂၀၃၀ တွင် ဆောင်ရွက်မည်ဖြစ်၍ လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိခြင်းကြောင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံအနေဖြင့် FATF နှင့် APG အပါအဝင် အခြားနိုင်ငံအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုမှု အပြည့်အဝရှိကြောင်းနှင့် အားနည်းချက်များကို ပြုပြင်ရန်နိုင်ငံရေးအရ အဆင့်မြင့်အရာရှိကြီးများကိုယ်တိုင် စိတ်အားထက်သန်မှုရှိသည်ကို ပြသခဲ့၍ နည်းပညာအကူအညီပံ့ပိုးမှုများကိုလည်း ဆောင်ရွက်ပေးသင့်သည်ဟု အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering- APG)မှ အမှုဆောင်အတွင်းရေးမှူးက ဆွေးနွေးခဲ့ကြောင်းသိရသည်။

Zawgyi Version:
ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒကို အသစ္ျပင္ဆင္ ျပ႒ာန္းႏိုင္ရန္ေဆာင္႐ြက္လ်က္ရွိ
ေစာ(NP News)- ေဖေဖာ္ဝါရီ ၁၆
ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒကို အသစ္ျပင္ဆင္ ျပ႒ာန္းႏိုင္ရန္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြက မကၠဆီကိုႏိုင္ငံ၊မကၠဆီကိုၿမိဳ႕၌ ေဖေဖာ္ဝါရီ (၉) ရက္မွ (၁၃) ရက္အထိ က်င္းပသည့္ ေငြေၾကးဆိုင္ရာအေရးယူေဆာင္႐ြက္ေရးအဖြဲ႕ မ်က္ႏွာစုံညီအစည္းအေဝးႏွင့္ အျပည္ျပည္ ဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈ ေလ့လာသုံးသပ္ေရးလုပ္ငန္းအဖြဲ႕ အစည္းအေဝးမ်ား၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါအစည္းအေဝးတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ေငြေၾကးခဝါခ်မႈ၊ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈႏွင့္ လူအမ်ားအျပားေသေက်ေစသည့္ လက္နက္မ်ား ျပန႔္ပြားေရးကို ေငြေၾကးေထာက္ပံ့မႈ တိုက္ဖ်က္ေရးလုပ္ငန္းမ်ားအား စဥ္ဆက္မျပတ္ အျပည့္အဝအေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗဟိုဘဏ္ဥကၠ႒က ေျပာခဲ့သည္။
ထို႔သို႔ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရးအစီအမံ (Action Plan)ပါအခ်က္မ်ားကို ျပည္တြင္း လူ႔စြမ္းအားအရင္းအျမစ္မ်ားျဖင့္ ေဆာင္႐ြက္ခဲ့ရာ ႀကီးမားစြာလိုက္နာေဆာင္႐ြက္ျခင္း အဆင့္သတ္မွတ္ခ်က္ (၁၀) ခ်က္ထိ တိုးျမႇင့္ရရွိလာခဲ့ၿပီး ေဆာင္႐ြက္ရန္က်န္ရွိသည့္ (၅) ခ်က္ကို အခ်ိန္ကာလသတ္မွတ္၍ ၿပီးစီးႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထည့္သြင္းေျပာခဲ့သည္။
ထို႔ျပင္ဥပေဒပိုင္းဆိုင္ရာမူေဘာင္မ်ား ပိုမိုခိုင္မာမႈရွိေစရန္ အာရွပစိဖိတ္ပူးတြဲအဖြဲ႕ (Asia Pacific Joint Group – APJG) ၏ အႀကံျပဳခ်က္မ်ားႏွင့္အညီ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒႏွင့္ ယုံၾကည္အပ္ႏွံမႈအက္ဥပေဒမ်ားကို ျပင္ဆင္ထုတ္ျပန္ခဲ့ၿပီး သက္ေသခံပစၥည္းမ်ား စီမံထိန္းသိမ္းေရးႏွင့္ စီမံခန႔္ခြဲေရးဥပေဒကိုလည္း ျပ႒ာန္းထုတ္ျပန္ခဲ့ ေၾကာင္း ၎ကဆိုသည္။
ဆက္လက္၍ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒကို အသစ္ျပင္ဆင္ ျပ႒ာန္းႏိုင္ရန္ေဆာင္႐ြက္လ်က္ရွိ၍ အဆိုပါဥပေဒ ျပ႒ာန္းၿပီးပါက က်န္ရွိသည့္ Action Plan (၅) ခ်က္သည္ တိုးတက္မႈရွိလာမည္ျဖစ္ၿပီး ၂၀၂၆ ခုႏွစ္အတြင္း အျပည့္အဝ အေကာင္အထည္ေဖာ္လိုက္နာေဆာင္႐ြက္ႏိုင္ေရးႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္ဥကၠ႒က ထည့္သြင္းေျပာခဲ့သည္။
အဆိုပါ ေတြ႕လာႏိုင္သည့္အခက္အခဲမ်ားကို ရင္ဆိုင္ေက်ာ္လႊားႏိုင္ရန္ ျပည္ပမွကြၽမ္းက်င္ ပညာရွင္မ်ား၏ နည္းပညာအကူအညီမ်ား ရယူႏိုင္ေရး ခ်ိတ္ဆက္ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ ျမန္မာႏိုင္ငံကို အာရွပစိဖိတ္ေဒသ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးအဖြဲ႕ (APG)က အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္း အျပန္အလွန္အကဲျဖတ္ျခင္းကို ၂၀၂၉-၂၀၃၀ တြင္ ေဆာင္႐ြက္မည္ျဖစ္၍ လိုအပ္သည္မ်ားကို ႀကိဳတင္ျပင္ဆင္ ေဆာင္႐ြက္လ်က္ရွိျခင္းေၾကာင့္ နည္းပညာပိုင္းဆိုင္ရာ အေထာက္အပံ့မ်ား ပံ့ပိုးေပးေစလိုေၾကာင္း ေဆြးေႏြးေျပာၾကားခဲ့သည္။
ထို႔ေနာက္ ျမန္မာႏိုင္ငံအေနျဖင့္ FATF ႏွင့္ APG အပါအဝင္ အျခားႏိုင္ငံအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္လိုမႈ အျပည့္အဝရွိေၾကာင္းႏွင့္ အားနည္းခ်က္မ်ားကို ျပဳျပင္ရန္ႏိုင္ငံေရးအရ အဆင့္ျမင့္အရာရွိႀကီးမ်ားကိုယ္တိုင္ စိတ္အားထက္သန္မႈရွိသည္ကို ျပသခဲ့၍ နည္းပညာအကူအညီပံ့ပိုးမႈမ်ားကိုလည္း ေဆာင္႐ြက္ေပးသင့္သည္ဟု အာရွပစိဖိတ္ေဒသ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးအဖြဲ႕ (Asia Pacific Group on Money Laundering- APG)မွ အမႈေဆာင္အတြင္းေရးမႉးက ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.