MMDAA ထိန်းချုပ်ရာ သိန္နီတွင် ဟော်နန်းဆိုင်းဘုတ်မှအစ တရုတ်စာဖြင့် ပြောင်းလဲဖော်ပြ ခံနေရ

 232

Pearl(NP News) ဖေဖော်ဝါရီ ၁၆
MMDAA ထိန်းချုပ်ထားပြီး ဘာသာရေး ပါစိုးမိုးခံနေရသည့် သိန္နီတွင် ဟော်နန်းဆိုင်းဘုတ်မှ အစ တရုတ်စာဖြင့် ပြောင်းလဲဖော်ပြခံနေရကြောင်း ဒေသခံများထံ NP News မှ ဆက်သွယ်မေးမြန်းထား ချက်များအရ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့တွင် မော်တော်ယာဉ်များကို တရုတ်လိုင်စင်များဖြင့်သာ သွား လာခွင့်ပြုသည့်အပြင် လုပ်ငန်းဆိုင်းဘုတ်များ၊ သိန္နီဟော်နန်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံ များကိုလည်း MNDAA က မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ဖော်ပြခိုင်းနေကြောင်း သိရသည်။
“မြို့ပေါ်မှာဆိုရင် ထင်ရှားတဲ့ သိန္နီဟော် နန်းကအစ တရုတ်စာတွေနဲ့ဖြစ်ကုန်တာပေါ့လေ။ မော် တော်ယာဉ်လိုင်စင်နံပါတ်ပြားတွေ ဒေသလိုင်စင်ခေါ်တာပေါ့နော်။ သူတို့လိုင်စင်ရှိမှ စီးနင်းသွားလာခွင့်ရ မယ်ဆိုတဲ့အခြေအနေတွေ။ ဒါတွေလည်းဖြစ်လာတယ်။ အကုန်လုံး တရုတ်လိုင်စင်၊ တရုတ်နံပါတ်ပြား တွေနဲ့ပဲ သွားလာခွင့်ရတယ်။ သူတို့ကို အခွန်ဆောင် ပြီးလိုင်စင်လုပ်ရတယ်။ ဖုန်းတာဝါတိုင်ကအစ တရုတ်လိုင်းတွေရနေပြီ။ ဆိုင်တွေဆိုရင်လည်း တရုတ်မူဝါဒ မှာ ဘာပဲဖွင့်ဖွင့် တရုတ်စာရတယ်။ ဘုရား တောင်မှ တရုတ်စာပါရတယ်။ ဘာသာရေးဆိုလည်း တရုတ်စာ ပါမှခွင့်ပြုတယ်။ ဘာသာရေးနဲ့ ဆိုင်တဲ့ အဆောက်အ အုံတွေကအစ ဆိုင်ခန်းလေးတွေ ဘာပဲဖြစ်ဖြစ် တရုတ်စာတွေနဲ့မှ ရတာ။ အားလုံးက တရုတ်စာပါမှ။ လမ်းòန်ဆိုင်းဘုတ်တွေကအစ” ဟု ဒေသခံတစ်ဦးက NP News သို့ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံသားလုပ်ငန်းရှင်များ က လောင်းကစားလုပ်ငန်းများအပြင် ဒေသခံစီးပွား ရေးလုပ်ငန်းများကိုပါ လက်ဝါးကြီးအုပ်လာသည့်အ တွက် ဒေသခံများအနေဖြင့် ရပ်တည်ရှာဖွေစား သောက်ရန်ခက်ခဲကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံများအနေဖြင့် လားရှိုး အပါအဝင် အစိုးရအုပ်ချုပ်ရေးယန္တရားရှိရာဒေသများ သို့ ‌ပြောင်းရွှေ့နေထိုင်နေရကြောင်းလည်းသိရသည်။ “ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနေရာမှာ တရုတ်လုပ်ငန်းရှင်တွေက ကြီးစိုးသွားတယ်။ ဒေသခံအများစုကတော့ လားရှိုးနဲ့ တခြားဒေသကို ပြောင်း ‌ရွှေ့သွားတာမျိုးတွေများတယ်။ ရပ်တည်ရှာဖွေစားသောက်ဖို့က ခက်ခဲသွားတယ်။ MNDAA ထိန်းချုပ် နေသရွေ့ကတော့ အဆင်မပြေဘူး။ စီးပွားရေးအကုန်ကလည်း တရုတ်က ကြီးစိုးထားတယ်။ ဒေသခံတွေ လုပ်ကိုင်ခွင့်မရှိဘူး။ ဖိနှိပ်မှုတွေရှိတယ်။ ဒါကြောင့်မို့လည်း ဒေသခံတွေက မြို့ကို စွန့်ခွာကြတဲ့အနေအ ထားမျိုးတွေဖြစ်ကုန်တာပေါ့။ MNDAA တွေကတော့ အာဏာရှင်ဆန်ဆန်လုပ်နေတာ”ဟု ၎င်းက ပြော သည်။

Zawgyi Version:
MMDAA ထိန္းခ်ဳပ္ရာ သိႏၷီတြင္ ေဟာ္နန္းဆိုင္းဘုတ္မွအစ တ႐ုတ္စာျဖင့္ ေျပာင္းလဲေဖာ္ျပ ခံေနရ
Pearl(NP News) ေဖေဖာ္ဝါရီ ၁၆
MMDAA ထိန္းခ်ဳပ္ထားၿပီး ဘာသာေရး ပါစိုးမိုးခံေနရသည့္ သိႏၷီတြင္ ေဟာ္နန္းဆိုင္းဘုတ္မွ အစ တ႐ုတ္စာျဖင့္ ေျပာင္းလဲေဖာ္ျပခံေနရေၾကာင္း ေဒသခံမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထား ခ်က္မ်ားအရ သိရသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕တြင္ ေမာ္ေတာ္ယာဥ္မ်ားကို တ႐ုတ္လိုင္စင္မ်ားျဖင့္သာ သြား လာခြင့္ျပဳသည့္အျပင္ လုပ္ငန္းဆိုင္းဘုတ္မ်ား၊ သိႏၷီေဟာ္နန္းႏွင့္ ဘာသာေရးဆိုင္ရာအေဆာက္အအုံ မ်ားကိုလည္း MNDAA က ျမန္မာ၊ တ႐ုတ္ ႏွစ္ဘာသာျဖင့္ ေဖာ္ျပခိုင္းေနေၾကာင္း သိရသည္။
“ၿမိဳ႕ေပၚမွာဆိုရင္ ထင္ရွားတဲ့ သိႏၷီေဟာ္ နန္းကအစ တ႐ုတ္စာေတြနဲ႔ျဖစ္ကုန္တာေပါ့ေလ။ ေမာ္ ေတာ္ယာဥ္လိုင္စင္နံပါတ္ျပားေတြ ေဒသလိုင္စင္ေခၚတာေပါ့ေနာ္။ သူတို႔လိုင္စင္ရွိမွ စီးနင္းသြားလာခြင့္ရ မယ္ဆိုတဲ့အေျခအေနေတြ။ ဒါေတြလည္းျဖစ္လာတယ္။ အကုန္လုံး တ႐ုတ္လိုင္စင္၊ တ႐ုတ္နံပါတ္ျပား ေတြနဲ႔ပဲ သြားလာခြင့္ရတယ္။ သူတို႔ကို အခြန္ေဆာင္ ၿပီးလိုင္စင္လုပ္ရတယ္။ ဖုန္းတာဝါတိုင္ကအစ တ႐ုတ္လိုင္းေတြရေနၿပီ။ ဆိုင္ေတြဆိုရင္လည္း တ႐ုတ္မူဝါဒ မွာ ဘာပဲဖြင့္ဖြင့္ တ႐ုတ္စာရတယ္။ ဘုရား ေတာင္မွ တ႐ုတ္စာပါရတယ္။ ဘာသာေရးဆိုလည္း တ႐ုတ္စာ ပါမွခြင့္ျပဳတယ္။ ဘာသာေရးနဲ႔ ဆိုင္တဲ့ အေဆာက္အ အုံေတြကအစ ဆိုင္ခန္းေလးေတြ ဘာပဲျဖစ္ျဖစ္ တ႐ုတ္စာေတြနဲ႔မွ ရတာ။ အားလုံးက တ႐ုတ္စာပါမွ။ လမ္းòန္ဆိုင္းဘုတ္ေတြကအစ” ဟု ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
ထို႔ျပင္ တ႐ုတ္ႏိုင္ငံသားလုပ္ငန္းရွင္မ်ား က ေလာင္းကစားလုပ္ငန္းမ်ားအျပင္ ေဒသခံစီးပြား ေရးလုပ္ငန္းမ်ားကိုပါ လက္ဝါးႀကီးအုပ္လာသည့္အ တြက္ ေဒသခံမ်ားအေနျဖင့္ ရပ္တည္ရွာေဖြစား ေသာက္ရန္ခက္ခဲေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေဒသခံမ်ားအေနျဖင့္ လားရႈိး အပါအဝင္ အစိုးရအုပ္ခ်ဳပ္ေရးယႏၲရားရွိရာေဒသမ်ား သို႔ ‌ေျပာင္းေ႐ႊ႕ေနထိုင္ေနရေၾကာင္းလည္းသိရသည္။ “ေဒသခံစီးပြားေရးလုပ္ငန္းရွင္ေတြေနရာမွာ တ႐ုတ္လုပ္ငန္းရွင္ေတြက ႀကီးစိုးသြားတယ္။ ေဒသခံအမ်ားစုကေတာ့ လားရႈိးနဲ႔ တျခားေဒသကို ေျပာင္း ‌ေ႐ႊ႕သြားတာမ်ိဳးေတြမ်ားတယ္။ ရပ္တည္ရွာေဖြစားေသာက္ဖို႔က ခက္ခဲသြားတယ္။ MNDAA ထိန္းခ်ဳပ္ ေနသေ႐ြ႕ကေတာ့ အဆင္မေျပဘူး။ စီးပြားေရးအကုန္ကလည္း တ႐ုတ္က ႀကီးစိုးထားတယ္။ ေဒသခံေတြ လုပ္ကိုင္ခြင့္မရွိဘူး။ ဖိႏွိပ္မႈေတြရွိတယ္။ ဒါေၾကာင့္မို႔လည္း ေဒသခံေတြက ၿမိဳ႕ကို စြန႔္ခြာၾကတဲ့အေနအ ထားမ်ိဳးေတြျဖစ္ကုန္တာေပါ့။ MNDAA ေတြကေတာ့ အာဏာရွင္ဆန္ဆန္လုပ္ေနတာ”ဟု ၎က ေျပာ သည္။

Related news

© 2021. All rights reserved.