ပစိဖိတ်ပင်လယ်အတွင်းက သင်္ဘောပေါ်မှာပါလာတဲ့ ကိုကင်း(၂ ဒသမ ၄) တန်ကို ပြင်သစ်ရေတပ် သိမ်းဆည်းရမိ

 97

Pika (NP News) - ဖေဖော်ဝါရီ ၁၇

အမေရိကန်နဲ့ ပူးပေါင်းစစ်ဆင်ရေးတစ်ခုအတွင်း ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ သွားလာနေတဲ့ သင်္ဘောတစ်စီး ပေါ်ကနေ ကိုကင်း(၂ ဒသမ ၄) တန်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
ပြင်သစ် နဲ့ အမေရိကန်တို့က ပိုလီနီးရှားရေပြင်မှာ ကြားဖြတ်ဟန့်တားမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာပဲ ယခုလိုသတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ကိုကင်းတွေကို သိမ်းဆည်းရမိပြီးနောက် သင်္ဘောကို လိုရာခရီး ကို ဆက်လက်ထွက်ခွာဖို့ အမေရိကန်နဲ့ပြင်သစ်တပ်ဖွဲ့တို့က ခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း သင်္ဘောက ဘယ်ကို ဦးတည်ထွက်ခွာသွားတယ်ဆိုတဲ့အချက်ကိုတော့ အမေရိကန် နဲ့ ပြင်သစ် အရာရှိတွေက ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ပြင်သစ်အာဏာပိုင်တွေက “နိုင်ငံတကာဥပဒေအရသက်ဆိုင်တဲ့လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကိုကင်းတွေ ဖမ်းဆီးရမိခဲ့တဲ့သင်္ဘောနဲ့ သင်္ဘောသားတွေအားလုံးကို လိုရာခရီးကို ဆက်လက်ထွက်ခွာဖို့ ကျွန်တော်တို့ခွင့်ပြုပေးခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို အမေရိကန်အစိုးရအေဂျင်စီတွေရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ပစိဖိတ္ပင္လယ္အတြင္းက သေဘၤာေပၚမွာပါလာတဲ့ ကိုကင္း(၂ ဒသမ ၄) တန္ကို ျပင္သစ္ေရတပ္ သိမ္းဆည္းရမိ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၇
အေမရိကန္နဲ႔ ပူးေပါင္းစစ္ဆင္ေရးတစ္ခုအတြင္း ပစိဖိတ္သမုဒၵရာအတြင္းမွာ သြားလာေနတဲ့ သေဘၤာတစ္စီး ေပၚကေန ကိုကင္း(၂ ဒသမ ၄) တန္ကို သိမ္းဆည္းရမိခဲ့တယ္လို႔ ျပင္သစ္အာဏာပိုင္ေတြက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
ျပင္သစ္ နဲ႔ အေမရိကန္တို႔က ပိုလီနီးရွားေရျပင္မွာ ၾကားျဖတ္ဟန႔္တားမႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနခ်ိန္မွာပဲ ယခုလိုသတင္းေတြထြက္ေပၚလာတာျဖစ္ပါတယ္။ ကိုကင္းေတြကို သိမ္းဆည္းရမိၿပီးေနာက္ သေဘၤာကို လိုရာခရီး ကို ဆက္လက္ထြက္ခြာဖို႔ အေမရိကန္နဲ႔ျပင္သစ္တပ္ဖြဲ႕တို႔က ခြင့္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း သေဘၤာက ဘယ္ကို ဦးတည္ထြက္ခြာသြားတယ္ဆိုတဲ့အခ်က္ကိုေတာ့ အေမရိကန္ နဲ႔ ျပင္သစ္ အရာရွိေတြက ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ျပင္သစ္အာဏာပိုင္ေတြက “ႏိုင္ငံတကာဥပေဒအရသက္ဆိုင္တဲ့လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ ကိုကင္းေတြ ဖမ္းဆီးရမိခဲ့တဲ့သေဘၤာနဲ႔ သေဘၤာသားေတြအားလုံးကို လိုရာခရီးကို ဆက္လက္ထြက္ခြာဖို႔ ကြၽန္ေတာ္တို႔ခြင့္ျပဳေပးခဲ့ပါတယ္။ ဒီစစ္ဆင္ေရးကို အေမရိကန္အစိုးရေအဂ်င္စီေတြရဲ႕ပူးေပါင္းေဆာင္႐ြက္မႈနဲ႔အတူ လုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.