အစိုးရသစ်လက်ထက်တွင် ရခိုင်-မကွေးအစပ်ဒေသများ ပြန်လည်အေးချမ်းစေရန် ဒေသခံများမျှော်လင့်နေ

222

သန့်ဇင် (NP News) - ဖေဖော်ဝါရီလ ၂ဝ
လာမည့် အစိုးရသစ်လက်ထက်တွင် ရခိုင် ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး အစပ်ဒေသများ ပြန်လည်အေးချမ်းစေရန် ဒေသခံများ မျှော်လင့်နေကြကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
လက်ရှိတွင် AA အဖွဲ့သည် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့နယ်ရှိ တပ်မတော်စခန်းများကို အင်အားသုံးတိုက်ခိုက်နေပြီး ရခိုင်-မကွေးအစပ်ဒေသများတွင်လည်း တိုက်ပွဲများ ဖော်ဆောင်နေကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံများစွာ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရပြီး စစ်ရှိန်ကြောင့် ဒုက္ခ ရောက်နေကြရသည့် မကွေးတိုင်း (၅) မြို့နယ် အတွင်းမှ ဒေသခံများမှာ AA အဖွဲ့ကင်းစင်ရန် နှင့် အစိုးရသစ်လက်ထက် အေးချမ်းမှုပြန်လည်ရရှိရန် မျှော်နေကြကြောင်း ၎င်းက ဆိုသည်။
" စိုးရိမ်မှုတွေကတော့ အစိုးရအသစ်ကို မျှော်လင့်ကြတာ အားလုံးပါပဲ။ ကင်းစင်သွားအောင် ပေါ့။ အကုန်လုံး အပြတ်ချစေချင်တာ အခုကတော့။ ရခိုင်ရိုးမက အမ်းမြို့နယ်ကတစ်ဝက် ဒီမကွေးတိုင်းက တစ်ဝက်လိုလို အဲဒီလိုပါတာပေါ့။ အဲဒီလိုဆိုတော့ ရခိုင် အမ်းမြို့အဆက် မကွေးတိုင်း အနောက်ခြမ်း ကတို့ စေတုတ္တရာမြို့နယ်၊ ငဖဲမြို့နယ်၊ ပဒါန်း၊ ခုနကပြောတဲ့ မင်းလှမြို့နယ် မင်းတုံးမြို့နယ်တို့လည်းပါတာပေါ့" ဟု ၎င်းက ပြောသည်။
ထို့ပြင် AA အဖွဲ့က ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ဆက်စပ်နေသော ဧရာဝတီ၊ စစ်ကိုင်း ဒေသများကိုလည်း တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။
သို့သော် ယခင်က တိုက်ပွဲပြင်းထန်ခဲ့သော မကွေးတိုင်းအတွင်းရှိ ပဒါန်းမြို့နယ်တွင် လက် ရှိအခြေအနေ၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ယင်းဒေသ အပါအဝင် ကျန်ဒေသများအတွင်းသို့ AA ၊ PDF ပူးပေါင်းအဖွဲ့က စိမ့်ဝင်လှုပ်ရှားမှုများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။
"ရိုးမဘက်ကလည်း ခုအတိုင်းကတော့ သိပ် ပြီးတော့ ထူးထူးထွေထွေတော့ မကြားတော့ပါဘူး။တို့ ပဒါန်းကိုတော့ စိမ့်မဝင်ဘူး။ ပဒါန်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူဘက်တော့ နည်းနည်းလေး။ နောက် မင်းလှ ဘက်တော့ နည်းနည်းလေးစိမ့်ဝင်တယ်လို့တော့ ကြားတယ်။ AA နဲ့ PDF ပါပဲ။ ဒီလောက်ကြီးလည်း မဟုတ်ပါဘူး။ သူတို့ကတော့ ခုနပြောသလို ပစ်ပြီးတော့ပြေး။ စစ်တပ်က လာတယ်။ ဘာမှလည်းယှဉ် မတိုက်ရဲဘူး။ ရွာထဲကို ဝင်ပြီးတော့။ ရွာထဲကို အဝင်ပြ။ ပြပြီးပြေး ဒါပဲရှိတာ" ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

Zawgyi Version;
အစိုးရသစ္လက္ထက္တြင္ ရခိုင္-မေကြးအစပ္ေဒသမ်ား ျပန္လည္ေအးခ်မ္းေစရန္ ေဒသခံမ်ားေမွ်ာ္လင့္ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီလ ၂ဝ
လာမည့္ အစိုးရသစ္လက္ထက္တြင္ ရခိုင္ ျပည္နယ္ႏွင့္ မေကြးတိုင္းေဒသႀကီး အစပ္ေဒသမ်ား ျပန္လည္ေအးခ်မ္းေစရန္ ေဒသခံမ်ား ေမွ်ာ္လင့္ေနၾကေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိတြင္ AA အဖြဲ႕သည္ ရခိုင္ျပည္နယ္ရွိ ေက်ာက္ျဖဴၿမိဳ႕နယ္ႏွင့္ စစ္ေတြၿမိဳ႕နယ္ရွိ တပ္မေတာ္စခန္းမ်ားကို အင္အားသုံးတိုက္ခိုက္ေနၿပီး ရခိုင္-မေကြးအစပ္ေဒသမ်ားတြင္လည္း တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေဒသခံမ်ားစြာ ေနရပ္စြန႔္ခြာ စစ္ေဘးတိမ္းေရွာင္ေနၾကရၿပီး စစ္ရွိန္ေၾကာင့္ ဒုကၡ ေရာက္ေနၾကရသည့္ မေကြးတိုင္း (၅) ၿမိဳ႕နယ္ အတြင္းမွ ေဒသခံမ်ားမွာ AA အဖြဲ႕ကင္းစင္ရန္ ႏွင့္ အစိုးရသစ္လက္ထက္ ေအးခ်မ္းမႈျပန္လည္ရရွိရန္ ေမွ်ာ္ေနၾကေၾကာင္း ၎က ဆိုသည္။
" စိုးရိမ္မႈေတြကေတာ့ အစိုးရအသစ္ကို ေမွ်ာ္လင့္ၾကတာ အားလုံးပါပဲ။ ကင္းစင္သြားေအာင္ ေပါ့။ အကုန္လုံး အျပတ္ခ်ေစခ်င္တာ အခုကေတာ့။ ရခိုင္႐ိုးမက အမ္းၿမိဳ႕နယ္ကတစ္ဝက္ ဒီမေကြးတိုင္းက တစ္ဝက္လိုလို အဲဒီလိုပါတာေပါ့။ အဲဒီလိုဆိုေတာ့ ရခိုင္ အမ္းၿမိဳ႕အဆက္ မေကြးတိုင္း အေနာက္ျခမ္း ကတို႔ ေစတုတၱရာၿမိဳ႕နယ္၊ ငဖဲၿမိဳ႕နယ္၊ ပဒါန္း၊ ခုနကေျပာတဲ့ မင္းလွၿမိဳ႕နယ္ မင္းတုံးၿမိဳ႕နယ္တို႔လည္းပါတာေပါ့" ဟု ၎က ေျပာသည္။
ထို႔ျပင္ AA အဖြဲ႕က ရခိုင္ျပည္နယ္ႏွင့္ နယ္နိမိတ္ဆက္စပ္ေနေသာ ဧရာဝတီ၊ စစ္ကိုင္း ေဒသမ်ားကိုလည္း တိုက္ခိုက္ေနလ်က္ရွိေၾကာင္း သိရသည္။
သို႔ေသာ္ ယခင္က တိုက္ပြဲျပင္းထန္ခဲ့ေသာ မေကြးတိုင္းအတြင္းရွိ ပဒါန္းၿမိဳ႕နယ္တြင္ လက္ ရွိအေျခအေန၌ တိုက္ပြဲျဖစ္ပြားျခင္း မရွိေသာ္လည္း ယင္းေဒသ အပါအဝင္ က်န္ေဒသမ်ားအတြင္းသို႔ AA ၊ PDF ပူးေပါင္းအဖြဲ႕က စိမ့္ဝင္လႈပ္ရွားမႈမ်ား လုပ္ေဆာင္ေလ့ရွိေၾကာင္း သိရသည္။
"႐ိုးမဘက္ကလည္း ခုအတိုင္းကေတာ့ သိပ္ ၿပီးေတာ့ ထူးထူးေထြေထြေတာ့ မၾကားေတာ့ပါဘူး။တို႔ ပဒါန္းကိုေတာ့ စိမ့္မဝင္ဘူး။ ပဒါန္း၊ ဆင္ျဖဴကြၽန္း၊ ပြင့္ျဖဴဘက္ေတာ့ နည္းနည္းေလး။ ေနာက္ မင္းလွ ဘက္ေတာ့ နည္းနည္းေလးစိမ့္ဝင္တယ္လို႔ေတာ့ ၾကားတယ္။ AA နဲ႔ PDF ပါပဲ။ ဒီေလာက္ႀကီးလည္း မဟုတ္ပါဘူး။ သူတို႔ကေတာ့ ခုနေျပာသလို ပစ္ၿပီးေတာ့ေျပး။ စစ္တပ္က လာတယ္။ ဘာမွလည္းယွဥ္ မတိုက္ရဲဘူး။ ႐ြာထဲကို ဝင္ၿပီးေတာ့။ ႐ြာထဲကို အဝင္ျပ။ ျပၿပီးေျပး ဒါပဲရွိတာ" ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။