အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အာဖဂန်နစ္စတန်သံအမတ်ကြီးကို ပါကစ္စတန် ဆင့်ခေါ်

86

Pika (NP News) - ဖေဖော်ဝါရီ ၂၁
အာဖဂန်နစ္စတန်နယ်စပ်အနီးမှာဖြစ်ပွားခဲ့တဲ့ ပါကစ္စတန်စစ်သား(၁၁)ဦးနဲ့မိန်းကလေးငယ်တစ်ဦးသေဆုံးစေခဲ့တဲ့ အသေခံဗုံးခွဲမှုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အာဖဂန်နစ္စတန်အကြီးတန်းသံအမတ်ကြီးကို ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် အဲဒီအသေခံဗုံးခွဲတိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ခဲ့တယ်လို့လည်း သိရပါတယ်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက “အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အာဖဂန်နစ္စတန်အကြီးတန်းသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီလိုမျိုး တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်တယ်ဆိုတာကိုလည်း သူတို့သိအောင် ကျွန်တော်တို့ ပြောခဲ့ပါတယ်။
ပါကစ္စတန်စစ်သားတွေ၊ အရပ်သားတွေနဲ့ နယ်စပ်တွေကို ကာကွယ်ဖို့အတွက် ဒီလိုမျိုးတိုက်ခိုက်မှုတွေ နောက်ကွယ်မှာရှိတဲ့ကြိုးကိုင်သူတွေကို ဖယ်ရှားပစ်ဖို့ ပါကစ္စတန်မှာ အခွင့်အရေးရှိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အာဖဂန်နစ္စတန်အစိုးရဘက်က ချက်ချင်းပြန်လည်မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့ လည်း သိရပါတယ်။

Zawgyi Version;
အေသခံဗုံးခြဲတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး အာဖဂန္နစၥတန္သံအမတ္ႀကီးကို ပါကစၥတန္ ဆင့္ေခၚ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၁
အာဖဂန္နစၥတန္နယ္စပ္အနီးမွာျဖစ္ပြားခဲ့တဲ့ ပါကစၥတန္စစ္သား(၁၁)ဦးနဲ႔မိန္းကေလးငယ္တစ္ဦးေသဆုံးေစခဲ့တဲ့ အေသခံဗုံးခြဲမႈတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး အာဖဂန္နစၥတန္အႀကီးတန္းသံအမတ္ႀကီးကို ပါကစၥတန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ဆင့္ေခၚခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ အဲဒီအေသခံဗုံးခြဲတိုက္ခိုက္မႈကို ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပင္းျပင္းထန္ထန္ ဆန႔္က်င္ ကန႔္ကြက္ခဲ့တယ္လို႔လည္း သိရပါတယ္။ ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက “အေသခံဗုံးခြဲတိုက္ခိုက္ခဲ့တဲ့ ျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အာဖဂန္နစၥတန္အႀကီးတန္းသံအမတ္ႀကီးကို ဆင့္ေခၚခဲ့ပါတယ္။ ၿပီးေတာ့ အဲဒီလိုမ်ိဳး တိုက္ခိုက္မႈေတြကို ျပင္းျပင္းထန္ထန္ဆန႔္က်င္ကန႔္ကြက္တယ္ဆိုတာကိုလည္း သူတို႔သိေအာင္ ကြၽန္ေတာ္တို႔ ေျပာခဲ့ပါတယ္။
ပါကစၥတန္စစ္သားေတြ၊ အရပ္သားေတြနဲ႔ နယ္စပ္ေတြကို ကာကြယ္ဖို႔အတြက္ ဒီလိုမ်ိဳးတိုက္ခိုက္မႈေတြ ေနာက္ကြယ္မွာရွိတဲ့ႀကိဳးကိုင္သူေတြကို ဖယ္ရွားပစ္ဖို႔ ပါကစၥတန္မွာ အခြင့္အေရးရွိပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အာဖဂန္နစၥတန္အစိုးရဘက္က ခ်က္ခ်င္းျပန္လည္မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔ လည္း သိရပါတယ္။