အီရန်အတွက် သဘောတူညီချက်လုပ်ဖို့ နောက်ဆုံးရက်ကို ဒေါ်နယ်ထရမ့် သတ်မှတ်

 662

Pika (NP News) - ဖေဖော်ဝါရီ ၂၁

နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်ပြီး သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ အီရန်မှာ အချိန်(၁၅)ရက်ရှိတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါတယ်။
အဲဒီအချိန်အတွင်းမှာ အီရန်က သဘောတူညီချက်တစ်ခုမလုပ်ခဲ့ဘူးဆိုရင် အမေရိကန်က တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “သဘောတူညီချက်တစ်ခုရအောင် ယူမှာလား ဒါမှမဟုတ် မယူဘူး ဆိုရင်တော့ အဲဒါက အီရန်အတွက် ကံဆိုးမှုတစ်ခုဖြစ်လာပါလိမ့်မယ်။ အချိန်(၁၅)ရက်က လုံလောက်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
အီရန်ရဲ့ခေါင်းဆောင်က သဘောတူညီချက်တစ်ခုပြုလုပ်ဖို့အတွက် အချိန်(၁၀)ရက်ရမယ်လို့ ဒေါ်နယ်ထရမ့်က အစောပိုင်းမှာ အကြံပြုပြောဆိုခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ အချိန်ကို(၁၅)ရက်လို့ ပြောင်းလိုက်တာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “နှစ်ပေါင်းများစွာကြာတာတောင် အီရန်နဲ့သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ မလွယ်ဘူးဆိုတာက သိသာထင်ရှားပါတယ်။ အကယ်၍ သဘောတူညီချက်မရဘူးဆိုရင်တော့ မကောင်းတဲ့အရာတွေဖြစ်လာနိုင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
အီရန္အတြက္ သေဘာတူညီခ်က္လုပ္ဖို႔ ေနာက္ဆုံးရက္ကို ေဒၚနယ္ထရမ့္ သတ္မွတ္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၁
န်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ အီရန္မွာ အခ်ိန္(၁၅)ရက္ရွိတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါတယ္။
အဲဒီအခ်ိန္အတြင္းမွာ အီရန္က သေဘာတူညီခ်က္တစ္ခုမလုပ္ခဲ့ဘူးဆိုရင္ အေမရိကန္က တိုက္ခိုက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “သေဘာတူညီခ်က္တစ္ခုရေအာင္ ယူမွာလား ဒါမွမဟုတ္ မယူဘူး ဆိုရင္ေတာ့ အဲဒါက အီရန္အတြက္ ကံဆိုးမႈတစ္ခုျဖစ္လာပါလိမ့္မယ္။ အခ်ိန္(၁၅)ရက္က လုံေလာက္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အီရန္ရဲ႕ေခါင္းေဆာင္က သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔အတြက္ အခ်ိန္(၁၀)ရက္ရမယ္လို႔ ေဒၚနယ္ထရမ့္က အေစာပိုင္းမွာ အႀကံျပဳေျပာဆိုခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ အခ်ိန္ကို(၁၅)ရက္လို႔ ေျပာင္းလိုက္တာလည္းျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “ႏွစ္ေပါင္းမ်ားစြာၾကာတာေတာင္ အီရန္နဲ႔သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ မလြယ္ဘူးဆိုတာက သိသာထင္ရွားပါတယ္။ အကယ္၍ သေဘာတူညီခ်က္မရဘူးဆိုရင္ေတာ့ မေကာင္းတဲ့အရာေတြျဖစ္လာႏိုင္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.