စစ်ဘက်ဆိုင်ရာနေရာများသို့ တရုတ်ထုတ်ယာဉ်များ ဝင်ရောက်ခွင့်ကို ပိုလန်စစ်တပ် တားမြစ်ပိတ်ပင်

272

Pika (NP News) - ဖေဖော်ဝါရီ ၂၁
အရေးကြီးသောဒေတာအချက်အလက် များလုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများကြောင့် တရုတ်ထုတ်ယာဉ်များကို စစ်ဘက်ဆိုင်ရာအဆောက်အအုံများအတွင်းသို့ဝင်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်ထားကြောင်း ပိုလန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့သည်။
တရုတ်ထုတ်ယာဉ်များက ပိုလန်၏စစ် ဘက်ဆိုင်ရာ အရေးကြီးသောဒေတာများကိုစုဆောင်း ရန်အတွက် ၎င်းတို့တွင်ပါရှိသည့်အာရုံခံကိရိယာများကို အသုံးပြုသွားနိုင်သည်ဆိုသည့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့မှုနှင့်အတူ ယခုကဲ့သို့ တားမြစ်ပိတ်ပင် မှုများကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သို့သော်လည်း သတ်မှတ်ထားသောလုပ် ဆောင်ချက်များကိုပိတ်ထားခြင်းနှင့် အဆောက်အအုံတစ်ခုချင်းစီ ၏ လုံခြုံရေးစည်းမျဉ်းအရ လိုအပ်သော အခြားကာ ကွယ်မှုများလုပ်ဆောင်ထားသည့်ယာဉ်များကို စစ်ဘက်ဆိုင်ရာ အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခွင့်ပြု ထားဆဲဖြစ်ကြောင်း ပိုလန်စစ်တပ်က ပြောကြားခဲ့သည်။
ထို့ပြင် လျှို့ဝှက်ဒေတာအချက်အလက်များ ဖော်ထုတ်ခံရခြင်းအန္တရာယ်လျော့ကျစေရန်အတွက် တရုတ်နိုင်ငံ တွင်ထုတ်လုပ်သည့်ယာဉ်များရှိစနစ်များနှင့် ကုမ္ပဏီဖုန်းများချိတ်ဆက်ထားခြင်းကိုလည်း ပိုလန်စစ်တပ်က တားမြစ်ပိတ် ပင်ထားကြောင်းသိရသည်။ အဆိုပါတားမြစ်ပိတ်ပင်မှုများသည် ဆေးရုံများ၊ ဆေးခန်းများ၊ စာကြည့်တိုက်များ၊ ရှေ့နေ ရုံးများ ကဲ့သို့သော အများပြည်သူဝင်ရောက်နိုင်သည့်နေရာများနှင့် သက်ဆိုင်ခြင်းမျိုးမရှိကြောင်း ပိုလန်စစ်တပ် က ထုတ် ပြန်ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါတား မြစ်ပိတ်ပင်မှုများသည် ကြိုတင်ကာကွယ်မှုများဖြစ်ပြီး ကာကွယ်ရေးဆိုင် ရာအခြေခံအဆောက်အအုံအတွက် မြင့်မားသောကာကွယ်မှုစံနှုန်းများကို သေချာစေရန် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် အခြားမိတ်ဖက်နိုင်ငံများကအသုံးပြုသောလုပ်ဆောင်ချက်များနှင့်ကိုက်ညီကြောင်း ပိုလန်စစ်တပ်က ထပ်မံပြောကြားခဲ့သည်။

Zawgyi Version;
စစ္ဘက္ဆိုင္ရာေနရာမ်ားသို႔ တ႐ုတ္ထုတ္ယာဥ္မ်ား ဝင္ေရာက္ခြင့္ကို ပိုလန္စစ္တပ္ တားျမစ္ပိတ္ပင္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၁
အေရးႀကီးေသာေဒတာအခ်က္အလက္ မ်ားလုံၿခဳံေရးဆိုင္ရာစိုးရိမ္ပူပန္မႈမ်ားေၾကာင့္ တ႐ုတ္ထုတ္ယာဥ္မ်ားကို စစ္ဘက္ဆိုင္ရာအေဆာက္အအုံမ်ားအတြင္းသို႔ဝင္ေရာက္ခြင့္ကို တားျမစ္ပိတ္ပင္ထားေၾကာင္း ပိုလန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။
တ႐ုတ္ထုတ္ယာဥ္မ်ားက ပိုလန္၏စစ္ ဘက္ဆိုင္ရာ အေရးႀကီးေသာေဒတာမ်ားကိုစုေဆာင္း ရန္အတြက္ ၎တို႔တြင္ပါရွိသည့္အာ႐ုံခံကိရိယာမ်ားကို အသုံးျပဳသြားႏိုင္သည္ဆိုသည့္ စိုးရိမ္ပူပန္မႈမ်ား ျမင့္တက္လာခဲ့မႈႏွင့္အတူ ယခုကဲ့သို႔ တားျမစ္ပိတ္ပင္ မႈမ်ားကိုလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ သို႔ေသာ္လည္း သတ္မွတ္ထားေသာလုပ္ ေဆာင္ခ်က္မ်ားကိုပိတ္ထားျခင္းႏွင့္ အေဆာက္အအုံတစ္ခုခ်င္းစီ ၏ လုံၿခဳံေရးစည္းမ်ဥ္းအရ လိုအပ္ေသာ အျခားကာ ကြယ္မႈမ်ားလုပ္ေဆာင္ထားသည့္ယာဥ္မ်ားကို စစ္ဘက္ဆိုင္ရာ အေဆာက္အအုံမ်ားအတြင္းသို႔ ဝင္ေရာက္ခြင့္ျပဳ ထားဆဲျဖစ္ေၾကာင္း ပိုလန္စစ္တပ္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ လွ်ိဳ႕ဝွက္ေဒတာအခ်က္အလက္မ်ား ေဖာ္ထုတ္ခံရျခင္းအႏၲရာယ္ေလ်ာ့က်ေစရန္အတြက္ တ႐ုတ္ႏိုင္ငံ တြင္ထုတ္လုပ္သည့္ယာဥ္မ်ားရွိစနစ္မ်ားႏွင့္ ကုမၸဏီဖုန္းမ်ားခ်ိတ္ဆက္ထားျခင္းကိုလည္း ပိုလန္စစ္တပ္က တားျမစ္ပိတ္ ပင္ထားေၾကာင္းသိရသည္။ အဆိုပါတားျမစ္ပိတ္ပင္မႈမ်ားသည္ ေဆး႐ုံမ်ား၊ ေဆးခန္းမ်ား၊ စာၾကည့္တိုက္မ်ား၊ ေရွ႕ေန ႐ုံးမ်ား ကဲ့သို႔ေသာ အမ်ားျပည္သူဝင္ေရာက္ႏိုင္သည့္ေနရာမ်ားႏွင့္ သက္ဆိုင္ျခင္းမ်ိဳးမရွိေၾကာင္း ပိုလန္စစ္တပ္ က ထုတ္ ျပန္ေျပာၾကားခဲ့သည္။ ထို႔ျပင္ အဆိုပါတား ျမစ္ပိတ္ပင္မႈမ်ားသည္ ႀကိဳတင္ကာကြယ္မႈမ်ားျဖစ္ၿပီး ကာကြယ္ေရးဆိုင္ ရာအေျခခံအေဆာက္အအုံအတြက္ ျမင့္မားေသာကာကြယ္မႈစံႏႈန္းမ်ားကို ေသခ်ာေစရန္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ အျခားမိတ္ဖက္ႏိုင္ငံမ်ားကအသုံးျပဳေသာလုပ္ေဆာင္ခ်က္မ်ားႏွင့္ကိုက္ညီေၾကာင္း ပိုလန္စစ္တပ္က ထပ္မံေျပာၾကားခဲ့သည္။