အရေးမပါသည့်အရာများကို ရုရှားသမ္မတနှင့် ဆွေးနွေးမည်မဟုတ်ကြောင်း ယူကရိန်းသမ္မတပြော

122

Pika (NP News) - ဖေဖော်ဝါရီ ၂၁
အလားအလာရှိသည့် ရုရှားသမ္မတ ပူတင်နှင့် တစ်ဦးချင်းတွေ့ဆုံမှုအတွင်း လက်ရှိဖြစ်ပွားနေသည့် ယူကရိန်း ပဋိပက္ခကိုအခြေခံသော သမိုင်းဝင်ကိစ္စရပ်များကို ဆွေးနွေးသွားမည်မဟုတ်ကြောင်း ယူကရိန်းသမ္မတဇယ်လန်စကီးက ထုတ်ပြန်ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားနှင့်ယူကရိန်းတို့ကြား ဆယ်စုနှစ်များစွာကြာအောင်မျှဝေခဲ့ကြသောသမိုင်းကြောင်းကိုလည်း ပူတင် က မီးမောင်းထိုးပြခဲ့ပြီး ယူကရိန်းတွင်ရှိသည့် ရုရှားစကားပြောသောလူနည်းစုကိုကာကွယ်ရန် ရုရှားတွင် တာဝန်ရှိ ကြောင်း ပြောဆိုခဲ့သည်။
အနာဂတ်ငြိမ်းချမ်းရေး သဘောတူညီချက်သည် ရုရှားစကားပြောသူများကို နှိပ်စက်ခြင်းနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံ အဖြစ်ပါဝင်ရန် ယူကရိန်း၏အစီအစဉ်များအပါအဝင် လက်ရှိပဋိပက္ခဖြစ်ပွားရသည့်အကြောင်းအရင်းများကိုလည်း ဖြေရှင်းရမည်ဖြစ်ကြောင်း ပူတင်က အလေးပေးပြောကြားခဲ့သည်။ သို့သော်လည်း ပူတင်၏ အကြောင်းပြချက်များကို ကြားလိုခြင်းမျိုးမရှိကြောင်း ဇယ်လန်စကီးက ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။ ဇယ်လန်စကီးက ‘သမိုင်းနဲ့ ပတ်သက် ပြီးတော့ ဒီပြဿနာတွေအတွက် အချိန်မဖြုန်းချင်ပါဘူး။ ပူတင်က ဒီစစ်ပွဲကို ဘာကြောင့်စတင်ခဲ့လဲ ဆိုတာကတောင် ကျွန်တော့်အတွက် စိတ်ဝင်စားစရာကိစ္စတစ်ခုမဟုတ်ပါဘူး။ အချိန်တွေ အများကြီးမရှိတာမို့လို့ အဲဒီအကြောင်းတွေကို ကျွန်တော်လုံး ဝမပြောချင်ပါဘူး’ဟုပြောဆိုခဲ့သည်။ ထို့ပြင် စစ်ပွဲစတင်ခဲ့ရသည့် ပူတင်၏အကြောင်းပြချက်များ၊ သမိုင်းဝင်ကိစ္စရပ်များစသည့် အရေးမပါသောအရာများအတွက် အချိန်ဖြုန်းသွား မည်မဟုတ်ကြောင်းလည်း ဇယ်လန်စကီးက ထပ်မံပြောဆိုခဲ့သည်။

Zawgyi Version;
အေရးမပါသည့္အရာမ်ားကို ႐ုရွားသမၼတႏွင့္ ေဆြးေႏြးမည္မဟုတ္ေၾကာင္း ယူကရိန္းသမၼတေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၁
အလားအလာရွိသည့္ ႐ုရွားသမၼတ ပူတင္ႏွင့္ တစ္ဦးခ်င္းေတြ႕ဆုံမႈအတြင္း လက္ရွိျဖစ္ပြားေနသည့္ ယူကရိန္း ပဋိပကၡကိုအေျခခံေသာ သမိုင္းဝင္ကိစၥရပ္မ်ားကို ေဆြးေႏြးသြားမည္မဟုတ္ေၾကာင္း ယူကရိန္းသမၼတဇယ္လန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ထို႔ျပင္ ႐ုရွားႏွင့္ယူကရိန္းတို႔ၾကား ဆယ္စုႏွစ္မ်ားစြာၾကာေအာင္မွ်ေဝခဲ့ၾကေသာသမိုင္းေၾကာင္းကိုလည္း ပူတင္ က မီးေမာင္းထိုးျပခဲ့ၿပီး ယူကရိန္းတြင္ရွိသည့္ ႐ုရွားစကားေျပာေသာလူနည္းစုကိုကာကြယ္ရန္ ႐ုရွားတြင္ တာဝန္ရွိ ေၾကာင္း ေျပာဆိုခဲ့သည္။
အနာဂတ္ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္သည္ ႐ုရွားစကားေျပာသူမ်ားကို ႏွိပ္စက္ျခင္းႏွင့္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ အျဖစ္ပါဝင္ရန္ ယူကရိန္း၏အစီအစဥ္မ်ားအပါအဝင္ လက္ရွိပဋိပကၡျဖစ္ပြားရသည့္အေၾကာင္းအရင္းမ်ားကိုလည္း ေျဖရွင္းရမည္ျဖစ္ေၾကာင္း ပူတင္က အေလးေပးေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း ပူတင္၏ အေၾကာင္းျပခ်က္မ်ားကို ၾကားလိုျခင္းမ်ိဳးမရွိေၾကာင္း ဇယ္လန္စကီးက ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့သည္။ ဇယ္လန္စကီးက ‘သမိုင္းနဲ႔ ပတ္သက္ ၿပီးေတာ့ ဒီျပႆနာေတြအတြက္ အခ်ိန္မျဖဳန္းခ်င္ပါဘူး။ ပူတင္က ဒီစစ္ပြဲကို ဘာေၾကာင့္စတင္ခဲ့လဲ ဆိုတာကေတာင္ ကြၽန္ေတာ့္အတြက္ စိတ္ဝင္စားစရာကိစၥတစ္ခုမဟုတ္ပါဘူး။ အခ်ိန္ေတြ အမ်ားႀကီးမရွိတာမို႔လို႔ အဲဒီအေၾကာင္းေတြကို ကြၽန္ေတာ္လုံး ဝမေျပာခ်င္ပါဘူး’ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ စစ္ပြဲစတင္ခဲ့ရသည့္ ပူတင္၏အေၾကာင္းျပခ်က္မ်ား၊ သမိုင္းဝင္ကိစၥရပ္မ်ားစသည့္ အေရးမပါေသာအရာမ်ားအတြက္ အခ်ိန္ျဖဳန္းသြား မည္မဟုတ္ေၾကာင္းလည္း ဇယ္လန္စကီးက ထပ္မံေျပာဆိုခဲ့သည္။