အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ဖို့ အစ္စရေးပြင်ဆင်နေ

138

Pika (NP News) - ဖေဖော်ဝါရီ ၂၂
အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်းမှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေအပေါ် ကြီးမား တဲ့ ကြိုတင်တိုက်ခိုက်မှုတွေ စတင်ဖို့ အစ္စရေးစစ်တပ်က ပြင်ဆင်နေတယ်လို့ ဆော်ဒီနေ့စဉ်သတင်းစာ Asharq Al-Awsat က ရေးသားဖော်ပြခဲ့ပါတယ်။
အလားအလာရှိတဲ့ ဒေသတွင်းပဋိပက္ခတွေမှာ အီရန်ကို ထောက်ခံတာမျိုးတွေ မလုပ်ပေးနိုင်စေဖို့အတွက် အစ္စရေးက ဒီလိုမျိုးတိုက်ခိုက်မှုတွေကိုလုပ်ဆောင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့လည်း Asharq Al-Awsat သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
လက်ဘနွန်က ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့၊ ယီမင်က ဟူသီလက်နက်ကိုင်အဖွဲ့နဲ့ အီရတ်မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့အစ္စရေးကိုဆန့်ကျင်တဲ့တိုက်ခိုက်မှုမှန်သမျှက ကြီးမားတဲ့လက်တုံ့ပြန်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်ဆို တာကို သတိပေးဖို့ ကြားဝင်စေ့စပ်ပေးသူတွေကို အစ္စရေးက ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အီရန်ဟာ အစ္စရေးနဲ့ဒေသတွင်းမှာရှိတဲ့ ပစ်မှတ်တွေအပေါ် တိုက်ခိုက်နိုင်စွမ်းတွေကို မြှင့်တင်ဖို့အတွက် (၂၀၂၅)ခုနှစ်မှာ အမေရိကန်ဒေါ်လာ(၁)ဘီလျံအပါအဝင် သိသာထင်ရှားတဲ့အရင်းအမြစ်တွေကို ခွဲဝေချထားပေးခဲ့ တယ်လို့လည်း အစ္စရေးသတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ အလားအလာရှိတဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ လက်ဘနွန်က ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့နဲ့ ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့တို့က ပါဝင်ဖို့ အလားအလာ များနေတယ်လို့လည်း အစ္စရေးသတင်းရင်းမြစ်တွေက အကြံပြုပြောဆိုခဲ့ပါတယ်။

Zawgyi Version;
အီရန္ေက်ာေထာက္ေနာက္ခံျပဳ လက္နက္ကိုင္အဖြဲ႕ေတြကို တိုက္ခိုက္ဖို႔ အစၥေရးျပင္ဆင္ေန
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂
အေရွ႕အလယ္ပိုင္းေဒသတစ္ဝွမ္းမွာရွိတဲ့ အီရန္ေက်ာေထာက္ေနာက္ခံျပဳ လက္နက္ကိုင္အဖြဲ႕ေတြအေပၚ ႀကီးမား တဲ့ ႀကိဳတင္တိုက္ခိုက္မႈေတြ စတင္ဖို႔ အစၥေရးစစ္တပ္က ျပင္ဆင္ေနတယ္လို႔ ေဆာ္ဒီေန႔စဥ္သတင္းစာ Asharq Al-Awsat က ေရးသားေဖာ္ျပခဲ့ပါတယ္။
အလားအလာရွိတဲ့ ေဒသတြင္းပဋိပကၡေတြမွာ အီရန္ကို ေထာက္ခံတာမ်ိဳးေတြ မလုပ္ေပးႏိုင္ေစဖို႔အတြက္ အစၥေရးက ဒီလိုမ်ိဳးတိုက္ခိုက္မႈေတြကိုလုပ္ေဆာင္ဖို႔ ျပင္ဆင္ေနတာျဖစ္တယ္လို႔လည္း Asharq Al-Awsat သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။
လက္ဘႏြန္က ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕၊ ယီမင္က ဟူသီလက္နက္ကိုင္အဖြဲ႕နဲ႔ အီရတ္မွာရွိတဲ့ လက္နက္ကိုင္ အဖြဲ႕ေတြရဲ႕အစၥေရးကိုဆန႔္က်င္တဲ့တိုက္ခိုက္မႈမွန္သမွ်က ႀကီးမားတဲ့လက္တုံ႔ျပန္မႈေတြကို ရင္ဆိုင္ရလိမ့္မယ္ဆို တာကို သတိေပးဖို႔ ၾကားဝင္ေစ့စပ္ေပးသူေတြကို အစၥေရးက ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အီရန္ဟာ အစၥေရးနဲ႔ေဒသတြင္းမွာရွိတဲ့ ပစ္မွတ္ေတြအေပၚ တိုက္ခိုက္ႏိုင္စြမ္းေတြကို ျမႇင့္တင္ဖို႔အတြက္ (၂၀၂၅)ခုႏွစ္မွာ အေမရိကန္ေဒၚလာ(၁)ဘီလ်ံအပါအဝင္ သိသာထင္ရွားတဲ့အရင္းအျမစ္ေတြကို ခြဲေဝခ်ထားေပးခဲ့ တယ္လို႔လည္း အစၥေရးသတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။ အလားအလာရွိတဲ့ထိပ္တိုက္ရင္ဆိုင္မႈေတြမွာ လက္ဘႏြန္က ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕နဲ႔ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕တို႔က ပါဝင္ဖို႔ အလားအလာ မ်ားေနတယ္လို႔လည္း အစၥေရးသတင္းရင္းျမစ္ေတြက အႀကံျပဳေျပာဆိုခဲ့ပါတယ္။