ပွင့်လင်းရာသီရောက်လာသော်လည်း ပြည်ပမှ Import အဝင်ကွန်တင်နာအရေအတွက် နည်းပါးနေ

 85

စော (NP News)-ဖေဖော်ဝါရီ ၂၂
ပွင့်လင်းရာသီရောက်လာသော်လည်း ပြည်ပမှ Import အဝင်ကွန်တင်နာအရေအတွက် နည်းပါးနေကြောင်း မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း၊ ပြန်ကြားရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက The Statesman ဂျာနယ်ကိုပြောသည်။
အဆိုပါအသင်းမှ ကွန်တင်နာယာဉ်များအနေဖြင့် (၉၀)ရာခိုင်နှုန်းခန့်သည် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှ တဆင့် ရန်ကုန်မြို့ရှိ စက်မှုဇုန်၊ ဂိုဒေါင်များသို့ အများဆုံးပြေးဆွဲနေပြီး ကျန်ရာခိုင်နှုန်းများကို Highway လမ်းမတွင် ပြေးဆွဲနေကြောင်း သိရသည်။
“မြို့တွင်းကတော့ အခက်အခဲမရှိပါဘူး။ အဝေးပြေးသွားရင်တော့ လမ်းမှာ ကုန်ကျစရိတ်တွေ ဟိုးအရင်ကထက်တော့ ပိုများတာပေါ့။ ဂိတ်ကြေးကတော့ ပုံမှန်ပါပဲ။ တက်ခြင်း၊ ကျခြင်းမရှိပါဘူး။ အခြားကုန်ကျငွေကို ဆိုလိုတာပါ”ဟု ၎င်ကပြောသည်။
အဆိုပါကုန်သေတ္တာတင်မော်တော်ယာဉ်များသည် ယခုအချိန်တွင် နယ်စပ်များသို့ ပြေးဆွဲခြင်းမရှိတော့ဘဲ နယ်မြေတည်ငြိမ်သည့်နေရာများကိုသာ ပြေးဆွဲနေကြောင်း ၎င်းကဆိုသည်။
“ဒီလိုပါ Export ကတော့ ပုံမှန်ပါပဲ။ အခုရာသီက ပွင့်လင်းရာသီပေါ့။ ကျွန်တော်တို့လောကရဲ့ ပွင့်လင်းရာသီဆိုရင် Export တွေက တက်လာပါတယ်။ ဟိုးအရင်တုန်းကဆိုရင် Export Volume တက်လာတာနဲ့အမျှ Import Volume လည်းများလာတယ်။ အဲဒီလိုကျတော့ ဒီလိုရာသီ (၁၁)လ ပိုင်း၊ (၁၂)လ ပိုင်းလောက်ကနေ (၄) လပိုင်း ၊ (၅)လပိုင်း မိုးမဝင်ခင်အထိက ကွန်တင်နာကားတွေက အလုပ်ကောင်းတဲ့ရာသီပေါ့။ သာမန်အခြေအနေမှာဆိုရင် အခုကတော့ Exportကတော့အရင်လိုပဲ များပါတယ်။ ဒါပေမဲ့ Importကတော့ အကန့်အသတ်လေးတွေရှိနေတော့ ပမာဏလေးကတော့ နည်းသွားပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းတွင် အသင်းဝင်ကားစီးရေ (၂၁၀၀) ဝန်းကျင်ရှိ ပြီး အသင်းဝင်လူဦးရေ (၄၅၀)ခန့်ရှိကြောင်း သိရသည်။
လက်ရှိတွင် ခရီးစဉ်အကွာအဝေးပေါ်မူတည်၍ ကုန်သေတ္တာတင်မော်တော်ယာဉ် ငှားရမ်းခနှုန်းများကို ပြီးခဲ့သည့် (၂၀၂၅)ခုနှစ်၊ ဇူလိုင်လ (၁) ရက်မှစတင်ကာ ငွေကျပ် (၄၀၀၀၀) မှ ငွေကျပ် (၁၀၀၀၀၀) ကျော်အထိ တိုးမြှင့်ကောက်ခံနေကြောင်း သိရသည်။

Zawgyi Versiion:
ပြင့္လင္းရာသီေရာက္လာေသာ္လည္း ျပည္ပမွ Import အဝင္ကြန္တင္နာအေရအတြက္ နည္းပါးေန
ေစာ (NP News)-ေဖေဖာ္ဝါရီ ၂၂
ပြင့္လင္းရာသီေရာက္လာေသာ္လည္း ျပည္ပမွ Import အဝင္ကြန္တင္နာအေရအတြက္ နည္းပါးေနေၾကာင္း ျမန္မာႏိုင္ငံကုန္ေသတၱာတင္ေမာ္ေတာ္ယာဥ္မ်ားအသင္း၊ ျပန္ၾကားေရးေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက The Statesman ဂ်ာနယ္ကိုေျပာသည္။
အဆိုပါအသင္းမွ ကြန္တင္နာယာဥ္မ်ားအေနျဖင့္ (၉၀)ရာခိုင္ႏႈန္းခန႔္သည္ ရန္ကုန္ၿမိဳ႕ရွိ ဆိပ္ကမ္းမ်ားမွ တဆင့္ ရန္ကုန္ၿမိဳ႕ရွိ စက္မႈဇုန္၊ ဂိုေဒါင္မ်ားသို႔ အမ်ားဆုံးေျပးဆြဲေနၿပီး က်န္ရာခိုင္ႏႈန္းမ်ားကို Highway လမ္းမတြင္ ေျပးဆြဲေနေၾကာင္း သိရသည္။
“ၿမိဳ႕တြင္းကေတာ့ အခက္အခဲမရွိပါဘူး။ အေဝးေျပးသြားရင္ေတာ့ လမ္းမွာ ကုန္က်စရိတ္ေတြ ဟိုးအရင္ကထက္ေတာ့ ပိုမ်ားတာေပါ့။ ဂိတ္ေၾကးကေတာ့ ပုံမွန္ပါပဲ။ တက္ျခင္း၊ က်ျခင္းမရွိပါဘူး။ အျခားကုန္က်ေငြကို ဆိုလိုတာပါ”ဟု ၎င္ကေျပာသည္။
အဆိုပါကုန္ေသတၱာတင္ေမာ္ေတာ္ယာဥ္မ်ားသည္ ယခုအခ်ိန္တြင္ နယ္စပ္မ်ားသို႔ ေျပးဆြဲျခင္းမရွိေတာ့ဘဲ နယ္ေျမတည္ၿငိမ္သည့္ေနရာမ်ားကိုသာ ေျပးဆြဲေနေၾကာင္း ၎ကဆိုသည္။
“ဒီလိုပါ Export ကေတာ့ ပုံမွန္ပါပဲ။ အခုရာသီက ပြင့္လင္းရာသီေပါ့။ ကြၽန္ေတာ္တို႔ေလာကရဲ႕ ပြင့္လင္းရာသီဆိုရင္ Export ေတြက တက္လာပါတယ္။ ဟိုးအရင္တုန္းကဆိုရင္ Export Volume တက္လာတာနဲ႔အမွ် Import Volume လည္းမ်ားလာတယ္။ အဲဒီလိုက်ေတာ့ ဒီလိုရာသီ (၁၁)လ ပိုင္း၊ (၁၂)လ ပိုင္းေလာက္ကေန (၄) လပိုင္း ၊ (၅)လပိုင္း မိုးမဝင္ခင္အထိက ကြန္တင္နာကားေတြက အလုပ္ေကာင္းတဲ့ရာသီေပါ့။ သာမန္အေျခအေနမွာဆိုရင္ အခုကေတာ့ Exportကေတာ့အရင္လိုပဲ မ်ားပါတယ္။ ဒါေပမဲ့ Importကေတာ့ အကန႔္အသတ္ေလးေတြရွိေနေတာ့ ပမာဏေလးကေတာ့ နည္းသြားပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။
ျမန္မာႏိုင္ငံကုန္ေသတၱာတင္ေမာ္ေတာ္ယာဥ္မ်ားအသင္းတြင္ အသင္းဝင္ကားစီးေရ (၂၁၀၀) ဝန္းက်င္ရွိ ၿပီး အသင္းဝင္လူဦးေရ (၄၅၀)ခန႔္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ခရီးစဥ္အကြာအေဝးေပၚမူတည္၍ ကုန္ေသတၱာတင္ေမာ္ေတာ္ယာဥ္ ငွားရမ္းခႏႈန္းမ်ားကို ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္၊ ဇူလိုင္လ (၁) ရက္မွစတင္ကာ ေငြက်ပ္ (၄၀၀၀၀) မွ ေငြက်ပ္ (၁၀၀၀၀၀) ေက်ာ္အထိ တိုးျမႇင့္ေကာက္ခံေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.