အင်ဒိုနီးရှားနှင့် အမေရိကန် ကုမ္ပဏီတို့ကြား ဒေါ်လာ (၄၀) ဘီလျံနီးပါးတန်ဖိုးရှိ ကုန်သွယ်ရေးစာချုပ်များချုပ်ဆို

 65

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၂

အင်ဒိုနီးရှားနိုင်ငံနှင့် အမေရိကန်ကုမ္ပဏီတို့သည် အမေရိကန်ဒေါ်လာ (၃၈ ဒသမ ၄) ဘီလျံ တန်ဖိုးရှိ စာချုပ်များကို လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝီသည် ကုန်သွယ်ရေး စာချုပ် ချုပ်ဆိုရန် အမေရိကန် သမ္မတနှင့်တွေ့ဆုံဆွေးနွေးမှုမတိုင်ခင် အင်ဒိုနီးရှား အစိုးရနှင့် အမေရိကန်ကုမ္ပဏီများ စာချုပ်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားအစိုးရသည် စွမ်းအင်၊ သတ္တုတွင်း၊ ပရိဘောဂ နှင့်နည်းပညာလုပ်ငန်းများအပါအဝင် စာချုပ်ပေါင်း (၁၁) ခုကို အမေရိကန်ကုမ္မဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားသမ္မတက “ခေတ်မီဖွံ့ဖြိုးတိုးတက် ရေးအပြင် စက်မှုလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအတွက် အင်ဒိုနီးရှားအစိုးရရဲ့ လက်ရှိကြိုးပမ်းမှုများထဲမှာ ပူးပေါင်းဖို့ အသင့်ရှိနေတဲ့ မိတ်ဖက်များကို ရှာဖွေတွေ့ရှိဖို့ မျှော်လင့်ထားပါတယ်”ဟု ပြောသည်။
ပရာဘိုဝီက အင်ဒိုနီးရှားနှင့် အမေရိကန် နိုင်ငံကြား ရရှိထားသည့် ကုန်သွယ်ရေး သဘောတူညီ မှုများကို အကောင်ထည်ဖော်ရေးစာချုပ်များလည်း ပါဝင်ကြောင်း ပြောသည်။ အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံကြား ချုပ်ဆိုခဲ့ သည့် စာချုပ်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၄၀) ဘီလျံနီးပါးရှိနေကြောင်း သိရသည်။
အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံကြား ချုပ်ဆိုခဲ့သည့်စာချုပ်များထဲတွင် အင်ဒိုနီးရှားနိုင်ငံ သည် အမေရိကန် နိုင်ငံထံမှ ပဲပိစပ် တန်ချိန် မက်ထရစ် (၁) သန်း အပြင် ဝါဂွမ်း တန်ချိန် (၉၃၀ဝ) တန် တို့ပါဝင်ကြောင်းသိရသည်။ အင်ဒိုနီးရှားသမ္မတက “အင်ဒိုနီးရှားနဲ့အမေရိကန်နိုင်ငံကြား ဆက်ဆံရေး အနာဂတ်နဲ့ပတ်သက်ပြီး ပိုမိုကောင်းမွန်မှုများ ဖြစ်လာ နိုင်တယ်” ဟုပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် (၂၀၁၅) ခုနှစ်မှ (၂၀၂၄) ခုနှစ်အထိ အမေရိကန်နိုင်ငံထံမှ ပဲပိစပ် မက်ထရစ်တန်ချိန် (၂ ဒသမ ၃) သန်းတန်၊ ပြောင်း တန်ချိန် (၁) သန်း၊ ဂျုံတန်ချိန် (၈၀ဝဝဝ) နှင့် ဝါဂွမ်း တန်ချိန် (၁၈၀ဝဝဝ) တင်သွင်းဖူး ကြောင်း သိရသည်။ အင်ဒိုနီးရှားနှင့် အမေရိကန်ကုမ္ပဏီများချုပ်ဆိုခဲ့သည့်စာချုပ်များထဲတွင် semiconductor စာချုပ် (၂) ခုလည်း ပါဝင်ခဲ့ပြီး အင်ဒိုနီးရှားအစိုးရနှင့် အမေရိကန်ကုမ္ပဏီတို့ စာချုပ်လက်မှတ်ရေးထိုးခဲ့ကာ စာချုပ်တန်ဖိုးက အမေရိကန်ဒေါ်လာ ဘီလျံချီတန်ကြေး ရှိကြောင်းသိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်နိုင်ငံ ဦးဆောင်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့သို့လည်း အမေရိ ကန်ဒေါ်လာ (၁) ဘီလျံ ဝင်ကြေး ပေးသွင်းပြီးအဖွဲ့ဝင်နိုင်ငံအဖြစ်ပူးပေါင်းပါဝင်ရန် စီစဉ်နေပြီး အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးပိုမို ကောင်းမွန်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

Zawgyi Version;
အင္ဒိုနီးရွားႏွင့္ အေမရိကန္ ကုမၸဏီတို႔ၾကား ေဒၚလာ (၄၀) ဘီလ်ံနီးပါးတန္ဖိုးရွိ ကုန္သြယ္ေရးစာခ်ဳပ္မ်ားခ်ဳပ္ဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၂
အင္ဒိုနီးရွားႏိုင္ငံႏွင့္ အေမရိကန္ကုမၸဏီတို႔သည္ အေမရိကန္ေဒၚလာ (၃၈ ဒသမ ၄) ဘီလ်ံ တန္ဖိုးရွိ စာခ်ဳပ္မ်ားကို လက္မွတ္ေရးထိုးလိုက္ေၾကာင္း သိရသည္။ အင္ဒိုနီးရွားသမၼတ ပရာဘိုဝီသည္ ကုန္သြယ္ေရး စာခ်ဳပ္ ခ်ဳပ္ဆိုရန္ အေမရိကန္ သမၼတႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမတိုင္ခင္ အင္ဒိုနီးရွား အစိုးရႏွင့္ အေမရိကန္ကုမၸဏီမ်ား စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။
အင္ဒိုနီးရွားအစိုးရသည္ စြမ္းအင္၊ သတၱဳတြင္း၊ ပရိေဘာဂ ႏွင့္နည္းပညာလုပ္ငန္းမ်ားအပါအဝင္ စာခ်ဳပ္ေပါင္း (၁၁) ခုကို အေမရိကန္ကုမၼဏီမ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္သည္။ အင္ဒိုနီးရွားသမၼတက “ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ ေရးအျပင္ စက္မႈလုပ္ငန္းဖြံ႕ ၿဖိဳးတိုးတက္ေရးအတြက္ အင္ဒိုနီးရွားအစိုးရရဲ႕ လက္ရွိႀကိဳးပမ္းမႈမ်ားထဲမွာ ပူးေပါင္းဖို႔ အသင့္ရွိေနတဲ့ မိတ္ဖက္မ်ားကို ရွာေဖြေတြ႕ရွိဖို႔ ေမွ်ာ္လင့္ထားပါတယ္”ဟု ေျပာသည္။
ပရာဘိုဝီက အင္ဒိုနီးရွားႏွင့္ အေမရိကန္ ႏိုင္ငံၾကား ရရွိထားသည့္ ကုန္သြယ္ေရး သေဘာတူညီ မႈမ်ားကို အေကာင္ထည္ေဖာ္ေရးစာခ်ဳပ္မ်ားလည္း ပါဝင္ေၾကာင္း ေျပာသည္။ အေမရိကန္ႏွင့္ အင္ဒိုနီးရွားႏိုင္ငံၾကား ခ်ဳပ္ဆိုခဲ့ သည့္ စာခ်ဳပ္တန္ဖိုးသည္ အေမရိကန္ေဒၚလာ (၄၀) ဘီလ်ံနီးပါးရွိေနေၾကာင္း သိရသည္။
အေမရိကန္ႏွင့္ အင္ဒိုနီးရွားႏိုင္ငံၾကား ခ်ဳပ္ဆိုခဲ့သည့္စာခ်ဳပ္မ်ားထဲတြင္ အင္ဒိုနီးရွားႏိုင္ငံ သည္ အေမရိကန္ ႏိုင္ငံထံမွ ပဲပိစပ္ တန္ခ်ိန္ မက္ထရစ္ (၁) သန္း အျပင္ ဝါဂြမ္း တန္ခ်ိန္ (၉၃၀ဝ) တန္ တို႔ပါဝင္ေၾကာင္းသိရသည္။ အင္ဒိုနီးရွားသမၼတက “အင္ဒိုနီးရွားနဲ႔အေမရိကန္ႏိုင္ငံၾကား ဆက္ဆံေရး အနာဂတ္နဲ႔ပတ္သက္ၿပီး ပိုမိုေကာင္းမြန္မႈမ်ား ျဖစ္လာ ႏိုင္တယ္” ဟုေျပာသည္။
အင္ဒိုနီးရွားႏိုင္ငံသည္ (၂၀၁၅) ခုႏွစ္မွ (၂၀၂၄) ခုႏွစ္အထိ အေမရိကန္ႏိုင္ငံထံမွ ပဲပိစပ္ မက္ထရစ္တန္ခ်ိန္ (၂ ဒသမ ၃) သန္းတန္၊ ေျပာင္း တန္ခ်ိန္ (၁) သန္း၊ ဂ်ဳံတန္ခ်ိန္ (၈၀ဝဝဝ) ႏွင့္ ဝါဂြမ္း တန္ခ်ိန္ (၁၈၀ဝဝဝ) တင္သြင္းဖူး ေၾကာင္း သိရသည္။ အင္ဒိုနီးရွားႏွင့္ အေမရိကန္ကုမၸဏီမ်ားခ်ဳပ္ဆိုခဲ့သည့္စာခ်ဳပ္မ်ားထဲတြင္ semiconductor စာခ်ဳပ္ (၂) ခုလည္း ပါဝင္ခဲ့ၿပီး အင္ဒိုနီးရွားအစိုးရႏွင့္ အေမရိကန္ကုမၸဏီတို႔ စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ကာ စာခ်ဳပ္တန္ဖိုးက အေမရိကန္ေဒၚလာ ဘီလ်ံခ်ီတန္ေၾကး ရွိေၾကာင္းသိရသည္။
အင္ဒိုနီးရွားႏိုင္ငံသည္ အေမရိကန္ႏိုင္ငံ ဦးေဆာင္ဖြဲ႕စည္းထားသည့္ ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕သို႔လည္း အေမရိ ကန္ေဒၚလာ (၁) ဘီလ်ံ ဝင္ေၾကး ေပးသြင္းၿပီးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ပူးေပါင္းပါဝင္ရန္ စီစဥ္ေနၿပီး အေမရိကန္ႏိုင္ငံႏွင့္ ဆက္ဆံေရးပိုမို ေကာင္းမြန္ရန္ ႀကိဳးပမ္းေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.