တရုတ်နှင့် လျှို့ဝှက်နျူကလီးယားစမ်းသပ်မှုများ မလုပ်ဆောင်ခဲ့ကြောင်း ရုရှားထုတ်ပြန်ပြောဆို

62

Pika (NP News) - ဖေဖော်ဝါရီ ၂၂
တရုတ်နှင့်ရုရှားနှစ်နိုင်ငံစလုံးက လျှို့ဝှက် နျူကလီးယားစမ်းသပ်မှုများကို လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။ (၂၀၂၀) ပြည့်နှစ်တွင် တရုတ်နိုင်ငံက လျှို့ဝှက်နျူကလီးယား စမ်းသပ်မှု တစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်က စွပ်စွဲပြောဆိုခဲ့ပြီးနောက် ရုရှားအစိုးရ၏ တုံ့ပြန်ပြောဆိုချက်များ ထွက် ပေါ်လာခြင်း ဖြစ်သည်။
ထို့ပြင် လျှို့ဝှက်နျူကလီးယားစမ်းသပ်မှုများလုပ်ဆောင်ခဲ့သည်ဆိုသည့် အမေရိကန်၏စွပ်စွဲပြောဆိုချက် များကို တရုတ်အစိုးရက ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်းသိရသည်။ အဆိုပါစွပ်စွဲပြောဆို ချက်များနှင့်အတူ တရုတ်နှင့် ရုရှားတို့ပါဝင်မည့် ပိုမိုကျယ်ပြန့်သောလက်နက်ထိန်းချုပ်ရေးစာချုပ်အသစ်တစ်ခုကို အမေရိကန်တောင်းဆို ခဲ့ကြောင်း လည်း သိရသည်။ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ် ထရီပက်စကော့ဗ်က ‘လျှို့ဝှက်နျူကလီးယားစမ်း သပ်မှုတွေလုပ် ဆောင်ခဲ့တယ်ဆိုပြီး အမေရိကန်ရဲ့ စွပ်စွဲပြောဆိုချက်တွေကို ကျွန်တော်တို့ကြားသိခဲ့ရပါတယ်။ ရုရှား ဒါမှမဟုတ် တရုတ် နှစ်နိုင်ငံစလုံးက လျှို့ဝှက်နျူကလီးယားစမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တာမျိုးမရှိခဲ့ပါဘူး။ အမေရိကန်ရဲ့ စွပ်စွဲပြော ဆိုချက်တွေကို တရုတ်ဘက်က ငြင်းဆန်ပယ်ချထားတာကိုလည်း ကျွန်တော်တို့သိပါတယ်}ဟုပြောဆိုခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၅)ရက်တွင် သက်တမ်း ကုန်ဆုံးသွားခဲ့သည့် အမေရိကန်-ရုရှား နျူကလီးယား လက်နက်ထိန်း ချုပ်ရေးသဘောတူညီချက် New START အတွက် အစားထိုးသဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်းရာတွင် အမေရိကန်၊ ရုရှားတို့နှင့် အတူပူးပေါင်းရန် တရုတ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖိအားပေးမှုများလုပ်ဆောင် လျက်ရှိ ကြောင်းလည်းသိရသည်။

Zawgyi Version;
တ႐ုတ္ႏွင့္ လွ်ိဳ႕ဝွက္န်ဴကလီးယားစမ္းသပ္မႈမ်ား မလုပ္ေဆာင္ခဲ့ေၾကာင္း ႐ုရွားထုတ္ျပန္ေျပာဆို
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂
တ႐ုတ္ႏွင့္႐ုရွားႏွစ္ႏိုင္ငံစလုံးက လွ်ိဳ႕ဝွက္ န်ဴကလီးယားစမ္းသပ္မႈမ်ားကို လုပ္ေဆာင္ခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့သည္။ (၂၀၂၀) ျပည့္ႏွစ္တြင္ တ႐ုတ္ႏိုင္ငံက လွ်ိဳ႕ဝွက္န်ဴကလီးယား စမ္းသပ္မႈ တစ္ခုကို လုပ္ေဆာင္ခဲ့သည္ဟု အေမရိကန္က စြပ္စြဲေျပာဆိုခဲ့ၿပီးေနာက္ ႐ုရွားအစိုးရ၏ တုံ႔ျပန္ေျပာဆိုခ်က္မ်ား ထြက္ ေပၚလာျခင္း ျဖစ္သည္။
ထို႔ျပင္ လွ်ိဳ႕ဝွက္န်ဴကလီးယားစမ္းသပ္မႈမ်ားလုပ္ေဆာင္ခဲ့သည္ဆိုသည့္ အေမရိကန္၏စြပ္စြဲေျပာဆိုခ်က္ မ်ားကို တ႐ုတ္အစိုးရက ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းလည္းသိရသည္။ အဆိုပါစြပ္စြဲေျပာဆို ခ်က္မ်ားႏွင့္အတူ တ႐ုတ္ႏွင့္ ႐ုရွားတို႔ပါဝင္မည့္ ပိုမိုက်ယ္ျပန႔္ေသာလက္နက္ထိန္းခ်ဳပ္ေရးစာခ်ဳပ္အသစ္တစ္ခုကို အေမရိကန္ေတာင္းဆို ခဲ့ေၾကာင္း လည္း သိရသည္။ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ ထရီပက္စေကာ့ဗ္က ‘လွ်ိဳ႕ဝွက္န်ဴကလီးယားစမ္း သပ္မႈေတြလုပ္ ေဆာင္ခဲ့တယ္ဆိုၿပီး အေမရိကန္ရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြကို ကြၽန္ေတာ္တို႔ၾကားသိခဲ့ရပါတယ္။ ႐ုရွား ဒါမွမဟုတ္ တ႐ုတ္ ႏွစ္ႏိုင္ငံစလုံးက လွ်ိဳ႕ဝွက္န်ဴကလီးယားစမ္းသပ္မႈေတြကို လုပ္ေဆာင္ခဲ့တာမ်ိဳးမရွိခဲ့ပါဘူး။ အေမရိကန္ရဲ႕ စြပ္စြဲေျပာ ဆိုခ်က္ေတြကို တ႐ုတ္ဘက္က ျငင္းဆန္ပယ္ခ်ထားတာကိုလည္း ကြၽန္ေတာ္တို႔သိပါတယ္}ဟုေျပာဆိုခဲ့သည္။ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ(၅)ရက္တြင္ သက္တမ္း ကုန္ဆုံးသြားခဲ့သည့္ အေမရိကန္-႐ုရွား န်ဴကလီးယား လက္နက္ထိန္း ခ်ဳပ္ေရးသေဘာတူညီခ်က္ New START အတြက္ အစားထိုးသေဘာတူညီခ်က္ကို ေဆြးေႏြးညႇိႏႈိင္းရာတြင္ အေမရိကန္၊ ႐ုရွားတို႔ႏွင့္ အတူပူးေပါင္းရန္ တ႐ုတ္ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဖိအားေပးမႈမ်ားလုပ္ေဆာင္ လ်က္ရွိ ေၾကာင္းလည္းသိရသည္။