ယူကရိန်းစစ်ပွဲမပြီးခင်မှာပင် ရုရှားက နောက်ထပ်စစ်ပွဲသစ်တစ်ခု ဖန်တီးလာနိုင်ဖွယ်ရှိနေဟုဆို

4107

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၂
ယူကရိန်းနိုင်ငံနှင့် စစ်ပွဲကြီး ဆက်လက်ဖြစ်ပွားနေဆဲအချိန်မှာပင် ရုရှားနိုင်ငံသည် လာမည့် (၁၂)လ (တစ်နှစ်) အတွင်း နောက်ထပ် စစ်ရေး ပဋိပက္ခအသစ်တစ်ခုကို စတင်နိုင်ဖွယ်ရှိနေကြောင်း ဆွီဒင်စစ်ဘက်ဆိုင်ရာ ထောက်လှမ်း ရေးနှင့်လုံခြုံရေး အေဂျင်စီ MUST ကသတိပေးလိုက်သည်။ MUST အစီရင်ခံစာအရ ရုရှား၏ခြိမ်းခြောက်မှုသည် လျော့ ကျသွားခြင်းမရှိဘဲ အနောက်အုပ်စုကို ရင်ဆိုင်ရန် ပိုမိုကျယ်ပြန့်သောရည်မှန်းချက်များဆီသို့ဦးတည်နေ ကြောင်းသိရ သည်။ ရုရှားသည် လက်နက်ခဲယမ်းများနှင့် စစ်ရေးစနစ်များထုတ်လုပ်မှုကို သိသိသာသာတိုး မြှင့်ထားပြီး ကွပ်ကဲမှု စနစ်များကို ပြင်ဆင်ဖွဲ့စည်းကာ တပ်ဖွဲ့များကို အင်အားဖြည့်တင်းနေကြောင်းသိရသည်။ ရုရှား၏ သမားရိုးကျ စစ်အင် အားအများစုကို ယူကရိန်းစစ်မြေပြင်တွင် အသုံးပြုနေရသော်လည်း၊ ယခု အသစ်ပြန်လည်ဖြည့်တင်းနေသော စွမ်းရည် များကြောင့် အခြားနိုင်ငံများကို တစ်နှစ်ခန့်အတွင်းတိုက် ရိုက်ခြိမ်းခြောက်လာနိုင်ကြောင်း MUST အစီရင်ခံစာ ကဖော်ပြ ထားသည်။ ဆွီဒင်လေ့လာဆန်းစစ်သူများက ရုရှားအနေဖြင့် ဒေသတွင်း ကန့်သတ်စစ်ဆင်ရေးများ ပြုလုပ်ရန်အတွက် စစ်တပ်တစ်ခုလုံး ရာနှုန်းပြည့် အပြည့်အဝ အသင့်ဖြစ်နေရန်မလိုအပ်သလို ကာကွယ်ရေးအင်အား အားနည်းသည်ဟု ယူဆရသော နိုင်ငံများကို ရုတ်တရက် ပစ်မှတ်ထား တိုက်ခိုက်နိုင် ဖွယ်ရှိနေကြောင်းသိရသည်။
ရုရှား၏ စစ်ရေးအင်အား တည်ဆောက်မှုနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်း တိုးချဲ့မှုများသည် အရှိန်လျော့ မသွားဘဲ၊ ပိုမိုကျယ်ပြန့်သော သို့မဟုတ် ရေရှည်ပဋိပက္ခတစ်ခုအတွက် ပြင်ဆင်နေခြင်းဖြစ် သည်။ ဥရောပတစ်ဝန်းတွင် ရုရှား၏ စစ်ရေးလှုပ်ရှား မှုများနှင့် စပ်ကူးမတ်ကူးစစ်ဆင်ရေးများ (Hybrid warfare) အပေါ် စိုးရိမ်မှုများ အထွတ် အထိပ်ရောက် နေချိန်တွင် အဆိုပါ ဆွီဒင်ထောက်လှမ်းရေးအဖွဲ့၏ သတိပေးချက်ထွက်လာခြင်းဖြစ်သည်။ လက်ရှိအချိန် တွင် ယူကရိန်းစစ်ပွဲဆက်ဖြစ်နေသော်လည်း NATO အဖွဲ့၏ အရှေ့ဘက်ခြမ်းရှိ နိုင်ငံအများအပြားသည် ရုရှား၏ ရေရှည်ခြိမ်းခြောက်နိုင်စွမ်းကို စိုးရိမ်တကြီး စောင့်ကြည့်နေရကြောင်းသိရသည်။ MUST ၏ အစီ ရင်ခံစာသည် ရုရှား၏ “စွမ်းဆောင်နိုင်ရည် (Capability)’’ ကိုသုံးသပ်ထားခြင်းဖြစ်ပြီး “မဖြစ်မနေတိုက် ခိုက်မည် (Imminent Attack)”ဟု အတည်ပြုထား ခြင်းမျိုးမဟုတ်ကြောင်းသိရသည်။ အက်စတိုးနီးယား နှင့်ဆွီဒင်ကဲ့သို့ နိုင်ငံများ၏ ထောက်လှမ်း ရေးများက ရုရှားသည် နေတိုးနှင့်အနောက်အုပ်စုကို သွေးတိုးစမ်း မည့် ကန့်သတ်စစ်ဆင်ရေးအသေးစားများကို စွန့်စား လုပ်ဆောင်လာနိုင်ခြေကို လျှော့တွက်၍မရကြောင်း သတိပေးထားကြောင်းသိရသည်။

Zawgyi Version;
ယူကရိန္းစစ္ပြဲမၿပီးခင္မွာပင္ ႐ုရွားက ေနာက္ထပ္စစ္ပြဲသစ္တစ္ခု ဖန္တီးလာႏိုင္ဖြယ္ရွိေနဟုဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၂
ယူကရိန္းႏိုင္ငံႏွင့္ စစ္ပြဲႀကီး ဆက္လက္ျဖစ္ပြားေနဆဲအခ်ိန္မွာပင္ ႐ုရွားႏိုင္ငံသည္ လာမည့္ (၁၂)လ (တစ္ႏွစ္) အတြင္း ေနာက္ထပ္ စစ္ေရး ပဋိပကၡအသစ္တစ္ခုကို စတင္ႏိုင္ဖြယ္ရွိေနေၾကာင္း ဆြီဒင္စစ္ဘက္ဆိုင္ရာ ေထာက္လွမ္း ေရးႏွင့္လုံၿခဳံေရး ေအဂ်င္စီ MUST ကသတိေပးလိုက္သည္။ MUST အစီရင္ခံစာအရ ႐ုရွား၏ၿခိမ္းေျခာက္မႈသည္ ေလ်ာ့ က်သြားျခင္းမရွိဘဲ အေနာက္အုပ္စုကို ရင္ဆိုင္ရန္ ပိုမိုက်ယ္ျပန႔္ေသာရည္မွန္းခ်က္မ်ားဆီသို႔ဦးတည္ေန ေၾကာင္းသိရ သည္။ ႐ုရွားသည္ လက္နက္ခဲယမ္းမ်ားႏွင့္ စစ္ေရးစနစ္မ်ားထုတ္လုပ္မႈကို သိသိသာသာတိုး ျမႇင့္ထားၿပီး ကြပ္ကဲမႈ စနစ္မ်ားကို ျပင္ဆင္ဖြဲ႕စည္းကာ တပ္ဖြဲ႕မ်ားကို အင္အားျဖည့္တင္းေနေၾကာင္းသိရသည္။ ႐ုရွား၏ သမား႐ိုးက် စစ္အင္ အားအမ်ားစုကို ယူကရိန္းစစ္ေျမျပင္တြင္ အသုံးျပဳေနရေသာ္လည္း၊ ယခု အသစ္ျပန္လည္ျဖည့္တင္းေနေသာ စြမ္းရည္ မ်ားေၾကာင့္ အျခားႏိုင္ငံမ်ားကို တစ္ႏွစ္ခန႔္အတြင္းတိုက္ ႐ိုက္ၿခိမ္းေျခာက္လာႏိုင္ေၾကာင္း MUST အစီရင္ခံစာ ကေဖာ္ျပ ထားသည္။ ဆြီဒင္ေလ့လာဆန္းစစ္သူမ်ားက ႐ုရွားအေနျဖင့္ ေဒသတြင္း ကန႔္သတ္စစ္ဆင္ေရးမ်ား ျပဳလုပ္ရန္အတြက္ စစ္တပ္တစ္ခုလုံး ရာႏႈန္းျပည့္ အျပည့္အဝ အသင့္ျဖစ္ေနရန္မလိုအပ္သလို ကာကြယ္ေရးအင္အား အားနည္းသည္ဟု ယူဆရေသာ ႏိုင္ငံမ်ားကို ႐ုတ္တရက္ ပစ္မွတ္ထား တိုက္ခိုက္ႏိုင္ ဖြယ္ရွိေနေၾကာင္းသိရသည္။
႐ုရွား၏ စစ္ေရးအင္အား တည္ေဆာက္မႈႏွင့္ ကာကြယ္ေရးစက္မႈလုပ္ငန္း တိုးခ်ဲ႕မႈမ်ားသည္ အရွိန္ေလ်ာ့ မသြားဘဲ၊ ပိုမိုက်ယ္ျပန႔္ေသာ သို႔မဟုတ္ ေရရွည္ပဋိပကၡတစ္ခုအတြက္ ျပင္ဆင္ေနျခင္းျဖစ္ သည္။ ဥေရာပတစ္ဝန္းတြင္ ႐ုရွား၏ စစ္ေရးလႈပ္ရွား မႈမ်ားႏွင့္ စပ္ကူးမတ္ကူးစစ္ဆင္ေရးမ်ား (Hybrid warfare) အေပၚ စိုးရိမ္မႈမ်ား အထြတ္ အထိပ္ေရာက္ ေနခ်ိန္တြင္ အဆိုပါ ဆြီဒင္ေထာက္လွမ္းေရးအဖြဲ႕၏ သတိေပးခ်က္ထြက္လာျခင္းျဖစ္သည္။ လက္ရွိအခ်ိန္ တြင္ ယူကရိန္းစစ္ပြဲဆက္ျဖစ္ေနေသာ္လည္း NATO အဖြဲ႕၏ အေရွ႕ဘက္ျခမ္းရွိ ႏိုင္ငံအမ်ားအျပားသည္ ႐ုရွား၏ ေရရွည္ၿခိမ္းေျခာက္ႏိုင္စြမ္းကို စိုးရိမ္တႀကီး ေစာင့္ၾကည့္ေနရေၾကာင္းသိရသည္။ MUST ၏ အစီ ရင္ခံစာသည္ ႐ုရွား၏ “စြမ္းေဆာင္ႏိုင္ရည္ (Capability)’’ ကိုသုံးသပ္ထားျခင္းျဖစ္ၿပီး “မျဖစ္မေနတိုက္ ခိုက္မည္ (Imminent Attack)”ဟု အတည္ျပဳထား ျခင္းမ်ိဳးမဟုတ္ေၾကာင္းသိရသည္။ အက္စတိုးနီးယား ႏွင့္ဆြီဒင္ကဲ့သို႔ ႏိုင္ငံမ်ား၏ ေထာက္လွမ္း ေရးမ်ားက ႐ုရွားသည္ ေနတိုးႏွင့္အေနာက္အုပ္စုကို ေသြးတိုးစမ္း မည့္ ကန႔္သတ္စစ္ဆင္ေရးအေသးစားမ်ားကို စြန႔္စား လုပ္ေဆာင္လာႏိုင္ေျခကို ေလွ်ာ့တြက္၍မရေၾကာင္း သတိေပးထားေၾကာင္းသိရသည္။