တောင်ကိုရီးယားမှ မြန်မာနိုင်ငံသို့ ဆန်တန်ချိန် (၁၆၀၀) ကျော် လှူဒါန်း

 2764

စိမ့်စမ်းရေ (NP News) - ဖေဖော်ဝါရီ ၂၃

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာအစီအစဉ် (APTERR) အစီအစဉ်-၃ (၂၀၂၅) အရ တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဆန်တန်ချိန် (၁၆၂၀) ကို လူသားချင်းစာနာထောက်ထားမှုအဖြစ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန်များလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၂ရက်)က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ APTERR အဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန်တန်ချိန် (၁၆၂၀) ကို စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်ပြီး APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ငလျင်ဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ လှူဒါန်းထားသော ဆန်များကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်အသီးသီးသို့ စနစ်တကျ ခွဲဝေဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi version:

အာဆီယံအေပါင္းသုံး အေရးေပၚဆန္ရိကၡာအစီအစဥ္ (APTERR) အစီအစဥ္-၃ (၂၀၂၅) အရ ေတာင္ကိုရီးယားႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ဆန္တန္ခ်ိန္ (၁၆၂၀) ကို လူသားခ်င္းစာနာေထာက္ထားမႈအျဖစ္ လႉဒါန္းေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဆန္မ်ားလႊဲေျပာင္းေပးအပ္ပြဲအခမ္းအနားကို ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၂ရက္)က မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ တိုင္းေဒသႀကီး စိုက္ပ်ိဳးေရးဦးစီးဌာန၌ က်င္းပခဲ့ၿပီး အခမ္းအနားသို႔ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ား၊ APTERR အဖြဲ႕အစည္းမွ ကိုယ္စားလွယ္မ်ားႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ကိုရီးယားသမၼတႏိုင္ငံသံ႐ုံးမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဆန္တန္ခ်ိန္ (၁၆၂၀) ကို စိုက္ပ်ိဳးေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္က တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ထံ ေပးအပ္ၿပီး APTERR အတြင္းေရးမႉးခ်ဳပ္႐ုံး အေထြေထြမန္ေနဂ်ာႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ကိုရီးယားသမၼတႏိုင္ငံသံ႐ုံးမွ တာဝန္ရွိသူမ်ားက ငလ်င္ေဘးသင့္ျပည္သူမ်ားထံ ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါ လႉဒါန္းထားေသာ ဆန္မ်ားကို မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္အသီးသီးသို႔ စနစ္တက် ခြဲေဝျဖန႔္ခ်ိေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.