ယူကရိန်းကို လက်နက်ပေးပို့မယ့် အစီအစဉ်ထဲမှာမပါဝင်ဖို့ တောင်ကိုရီးယားကို ရုရှား သတိပေး

389

Pika (NP News) - ဖေဖော်ဝါရီ ၂၃
ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းဝယ်ယူရာမှာ ရန်ပုံငွေထောက်ပံ့ပေးဖို့ နေတိုးအဖွဲ့ရဲ့ အစီအစဉ်မှာ တောင်ကိုရီးယား ရဲ့အလားအလာရှိတဲ့ပါဝင်နိုင်ခြေက ရုရှားနဲ့ဆက်ဆံရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင် တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ်က သတိပေးပြောဆိုခဲ့ပါတယ်။
နေတိုးအဖွဲ့ရဲ့အစီအစဉ်မှာပါဝင်ဖို့ တောင်ကိုရီးယားအစိုးရက စဉ်းစားနေတယ်လို့ မီဒီယာတွေက ရေးသားဖော်ပြခဲ့ ပြီးနောက် မာရီယာဇာခါရိုဗာက ယခုလိုသတိပေးပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
Prioritized Ukraine Requirements List (PURL) လို့ လူသိများတဲ့အစီအစဉ်ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ စတင်ခဲ့တာဖြစ်ပြီး နေတိုးအဖွဲ့ဝင်ဥရောပနိုင်ငံတွေက ယူကရိန်းအတွက် အမေရိကန်ထုတ်လက်နက်တွေကို ဝယ်ယူပေးဖို့ အစီအစဉ်ပါဝင်တယ်လို့လည်း သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက “ယူကရိန်းကို ထောက်ပံ့မှုတွေလုပ်ဆောင်မယ့် နည်းလမ်းတွေနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့နဲ့ဆွေးနွေးမှု တွေကို တောင်ကိုရီးယားက ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။
မာရီယာဇာခါရိုဗာက “တောင်ကိုရီးယားရဲ့ဒီလိုမျိုးအစီရင်ခံစာတွေကိုတွေ့ရလို့ တကယ်ကို အံ့ဩမိပါတယ်။ နေတိုးအဖွဲ့ရဲ့အစီအစဉ်မှာ တောင်ကိုရီးယားရဲ့အလားအလာရှိတဲ့ပါဝင်မှုက ရုရှားနဲ့ဆက်ဆံရေးတွေကို ပြင်းပြင်း ထန်ထန် ထိခိုက်စေပါလိမ့်မယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းကို လက္နက္ေပးပို႔မယ့္ အစီအစဥ္ထဲမွာမပါဝင္ဖို႔ ေတာင္ကိုရီးယားကို ႐ုရွား သတိေပး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၃
ယူကရိန္းအတြက္ စစ္လက္နက္ပစၥည္းဝယ္ယူရာမွာ ရန္ပုံေငြေထာက္ပံ့ေပးဖို႔ ေနတိုးအဖြဲ႕ရဲ႕ အစီအစဥ္မွာ ေတာင္ကိုရီးယား ရဲ႕အလားအလာရွိတဲ့ပါဝင္ႏိုင္ေျခက ႐ုရွားနဲ႔ဆက္ဆံေရးကို ျပင္းျပင္းထန္ထန္ ထိခိုက္ေစႏိုင္ တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာ္က သတိေပးေျပာဆိုခဲ့ပါတယ္။
ေနတိုးအဖြဲ႕ရဲ႕အစီအစဥ္မွာပါဝင္ဖို႔ ေတာင္ကိုရီးယားအစိုးရက စဥ္းစားေနတယ္လို႔ မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ ၿပီးေနာက္ မာရီယာဇာခါ႐ိုဗာက ယခုလိုသတိေပးေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။
Prioritized Ukraine Requirements List (PURL) လို႔ လူသိမ်ားတဲ့အစီအစဥ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဩဂုတ္လမွာ စတင္ခဲ့တာျဖစ္ၿပီး ေနတိုးအဖြဲ႕ဝင္ဥေရာပႏိုင္ငံေတြက ယူကရိန္းအတြက္ အေမရိကန္ထုတ္လက္နက္ေတြကို ဝယ္ယူေပးဖို႔ အစီအစဥ္ပါဝင္တယ္လို႔လည္း သိရပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာန အရာရွိ တစ္ဦးက “ယူကရိန္းကို ေထာက္ပံ့မႈေတြလုပ္ေဆာင္မယ့္ နည္းလမ္းေတြနဲ႔ပတ္သက္ၿပီး ေနတိုးအဖြဲ႕နဲ႔ေဆြးေႏြးမႈ ေတြကို ေတာင္ကိုရီးယားက ဆက္လက္လုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
မာရီယာဇာခါ႐ိုဗာက “ေတာင္ကိုရီးယားရဲ႕ဒီလိုမ်ိဳးအစီရင္ခံစာေတြကိုေတြ႕ရလို႔ တကယ္ကို အံ့ဩမိပါတယ္။ ေနတိုးအဖြဲ႕ရဲ႕အစီအစဥ္မွာ ေတာင္ကိုရီးယားရဲ႕အလားအလာရွိတဲ့ပါဝင္မႈက ႐ုရွားနဲ႔ဆက္ဆံေရးေတြကို ျပင္းျပင္း ထန္ထန္ ထိခိုက္ေစပါလိမ့္မယ္” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။