နိုင်ဂျီးရီးယားမှာ သေနတ်သမားတွေက လူ(၅ဝ)လောက်ကို သတ်ပစ်ပြီး အမျိုးသမီးနဲ့ကလေးတွေကို ပြန်ပေးဆွဲသွား

 188

Pika (NP News) - ဖေဖော်ဝါရီ ၂၃

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ်မှာရှိတဲ့ ရွာတစ်ရွာကို သေနတ်သမားတွေက ဝင်ရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံးလူ(၅ဝ)ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အဲဒီဖြစ်ရပ်အတွင်း သေနတ်သမားတွေက အမျိုးသမီးတွေနဲ့ ကလေးငယ်များစွာကို ပြန်ပေးဆွဲသွားခဲ့တယ် လို့လည်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။သေနတ်သမားတွေဟာ Tungan Dutse ရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးခဲ့ကာ ထွက်ပြေးဖို့ကြိုးစားတဲ့ ဒေသခံတွေ ကို သေနတ်နဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေက “သေနတ်သမားတွေက ရွာတွေတစ်ရွာပြီးတစ်ရွာကို စီးနင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေ တာပါ။ ဒီတိုက်ခိုက်မှုအတွင်းမှာ အနည်းဆုံးလူ(၅ဝ)ဦးလောက် သေဆုံးခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် သေနတ်သမားတွေ ပြန်ပေးဆွဲခဲ့တဲ့ လူအရေအတွက်အတိအကျကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို Zamfara ပြည်နယ် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
ႏိုင္ဂ်ီးရီးယားမွာ ေသနတ္သမားေတြက လူ(၅ဝ)ေလာက္ကို သတ္ပစ္ၿပီး အမ်ိဳးသမီးနဲ႔ကေလးေတြကို ျပန္ေပးဆြဲ သြား
Pika (NP News) - ေဖေဖာ္ဝါရီ ၂၃
ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္း Zamfara ျပည္နယ္မွာရွိတဲ့ ႐ြာတစ္႐ြာကို ေသနတ္သမားေတြက ဝင္ေရာက္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာေၾကာင့္ အနည္းဆုံးလူ(၅ဝ)ဦးေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီျဖစ္ရပ္အတြင္း ေသနတ္သမားေတြက အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္မ်ားစြာကို ျပန္ေပးဆြဲသြားခဲ့တယ္ လို႔လည္း တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ေသနတ္သမားေတြဟာ Tungan Dutse ႐ြာကို ဝင္ေရာက္စီးနင္း တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီး အေဆာက္အဦးေတြကို မီးရႈိ႕ဖ်က္ဆီးခဲ့ကာ ထြက္ေျပးဖို႔ႀကိဳးစားတဲ့ ေဒသခံေတြ ကို ေသနတ္နဲ႔ပစ္ခတ္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
အာဏာပိုင္ေတြက “ေသနတ္သမားေတြက ႐ြာေတြတစ္႐ြာၿပီးတစ္႐ြာကို စီးနင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ေန တာပါ။ ဒီတိုက္ခိုက္မႈအတြင္းမွာ အနည္းဆုံးလူ(၅ဝ)ဦးေလာက္ ေသဆုံးခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ေသနတ္သမားေတြ ျပန္ေပးဆြဲခဲ့တဲ့ လူအေရအတြက္အတိအက်ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို Zamfara ျပည္နယ္ ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.