ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အသစ်ဖြစ်လာတဲ့ “တာရစ်ရာမန်” အကြောင်း တစေ့တစောင်း

233

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖေဖော်ဝါရီ (၁၂) ရက်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ဘင်္ဂလား ဒေ့ရှ်အမျိုးသားပါတီ BNP ပါတီကအနိုင်ရခဲ့ရာ BNP ပါတီခေါင်းဆောင် တာရစ်ရာမန်ဟာ ဘင်္ဂလား ဒေ့ရှ်အစိုးရအဖွဲ့အသစ်ရဲ့ ဝန်ကြီးချုပ်အသစ်ဖြစ်လာ ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ (၂၀၂၄)ခုနှစ်က တက္ကသိုလ်ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာဦးဆောင်တဲ့အ စိုးရအဖွဲ့ပြုတ်ကျပြီးနောက် (၂)နှစ်ခန့်အကြာမှာ ရွေးကောက်ပွဲကို ပထမဆုံး ပြန်လည်ကျင်းပခဲ့တာ ဖြစ် ပါတယ်။ ရွေးကောက်ပွဲမှာ BNP ပါတီအနိုင်ရပြီးနောက် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည် ပြေးအဖြစ် နှစ်ပေါင်းများစွာကြာနေထိုင်ဖူးတဲ့ ရာမန်ကိုဝန် ကြီးချုပ်အသစ်ရွေးချယ်ဖို့ ဆုံးဖြတ်ထားပြီး လည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ်ရာထူးကို အမျိုးသမီးတွေက လွှမ်းမိုးချုပ်ကိုင်ခဲ့ရာ နှစ်ပေါင်း (၃၆)နှစ်အကြာမှာ အမျိုးသားဝန်ကြီးချုပ်ကို ပထမဆုံးရွေးချယ်တာဝန်ယူစေခဲ့တာလည်း ဖြစ် ပါတယ်။
တာရစ်ရာမန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူသိများထင်ရှားတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ဆင်း သက်လာသူဖြစ်ပြီး မိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းနဲ့ သမ္မတ ဟောင်းတွေဖြစ်ပါတယ်။ အသက် (၆၀)အရွယ်ရှိရာ မန်ရဲ့ဖခင်ဖြစ်သူ Ziaur Raman ဟာ ဘင်္ဂလား ဒေ့ရှ် နိုင်ငံရဲ့ စစ်တပ်ခေါင်းဆောင်ဖြစ်ခဲ့သလို သမ္မတ ဟောင်းတစ်ဦးလည်းဖြစ်ခဲ့ကာ (၁၉၈၁)ခုနှစ်မှာ လုပ် ကြံခံခဲ့ရသူဖြစ်ပါတယ်။ ဖခင်ဖြစ်သူလုပ်ကြံခံရချိန်မှာ ရာမန်ဟာ ဆယ်ကျော်သက်အရွယ်သာရှိပါသေး တယ်။
ရာမန်ရဲ့ဖခင်ဖြစ်သူဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အဓိကအရေး ပါတဲ့ စစ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။ မိခင်ဖြစ်သူကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမိုင်း တစ်လျှောက်မှာ ဝန်ကြီးချုပ်ရာထူးကို အချိန်အကြာဆုံးရယူနိုင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ ရဲ့ ခါးသီးတဲ့ပြိုင်ဘက်ဖြစ်သူ ခါလီဒါဇီယာဖြစ်ပါတယ်။ ခါလီဒါဇီယာဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ် (၁၉၉၁) ခုနှစ်ကနေ (၁၉၉၆)ခုနှစ်အထိ တစ်ကြိမ်၊ (၂၀ဝ၁)ခုနှစ်ကနေ (၂၀ဝ၆)ခုနှစ်အထိ တစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ (၁၉၈၄)ခုနှစ်ကနေ (၂၀၂၅)ခုနှစ်အထိ BNP ပါတီခေါင်းဆောင် အဖြစ်တာဝန်ယူခဲ့တဲ့ ခါလီဒါဇီယာဟာ အတိုက်အခံနိုင်ငံရေးသမားအဖြစ်ရပ်တည်ချိန်အတွင်း ဝန်ကြီး ချုပ်အဖြစ်တာဝန်ယူနေတဲ့ ရှိတ်ဟာစီနာရဲ့ ဖိနှိပ်မှုအမျိုးမျိုးရင်ဆိုင်ခဲ့ရသလို စွဲချက်အမျိုးမျိုးတင် ကာ ထောင်တွင်းအကျဉ်းကျခံခဲ့ရဖူးတဲ့ အမျိုးသမီး နိုင်ငံရေးသမားဖြစ်ပါတယ်။ (၂၀၂၅)ခုနှစ် ဒီဇင်ဘာ (၃၀) ရက်မှာ ခါလီဒါဇီယာသေဆုံးခဲ့ပြီးနောက် ပြည်ပြေးအဖြစ်နေထိုင်နေတဲ့ သားဖြစ်သူ တာရစ်ရာမန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်လာပြီး BNP ကိုဦး ဆောင်ကာ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွေး ကောက်ပွဲမှာ အနိုင်ရခဲ့သူဖြစ်ပါတယ်။ လက်ရှိ BNP ပါတီရဲ့ခေါင်းဆောင် ရာမန်ကို (၁၉၆၇)ခုနှစ်မှာမွေး ဖွားခဲ့ပြီး ငယ်စဉ်တည်းက ဒါကာမြို့မှာ ကြီးပြင်းခဲ့ကာ ဒါကာတက္ကသိုလ်မှာ ဥပဒေပညာနဲ့ နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်တွေကို လေ့လာသင်ယူခဲ့ပြီး ကျောင်းမပြီးခင်မှာပဲ စီးပွားရေးလောကထဲကို ကန ဦး ဝင်ရောက်ခဲ့ပါတယ်။ ၎င်းဟာ အထည်အလိပ်လုပ်ငန်း နဲ့သင်္ဘောလုပ်ငန်းတွေကို ကနဦးစတင်လုပ် ကိုင်ခဲ့ပြီးနောက် နိုင်ငံရေးလောကထဲကို ဝင်ရောက်ခဲ့ပါတယ်။ ရာမန်ဟာ (၁၉၈၈)ခုနှစ်မှာ ဘိုဂူရာဒေသ ရဲ့ BNP ပါတီအဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး (၁၉၉၁)ခုနှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း သူ့ဖခင် ဦးဆောင်တည်ထောင်ထားတဲ့ BNP ပါတီ အနိုင်ရအောင် တက်ကြွစွာ မဲဆွယ်စည်းရုံးပေးခဲ့ပါ တယ်။ ရာမန်ဟာ မိခင်ဖြစ်သူ ခါလီဒါဇီယာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း BNP ပါတီရဲ့ နိုင်ငံ ရေးလုပ်ငန်းတွေကို အကောင်းဆုံးပံ့ပိုးပေးခဲ့သူလည်း ဖြစ်ပါတယ်။ (၁၉၉၆)ခုနှစ်မှာကျင်းပတဲ့ ရွေး ကောက်ပွဲအတွင်း မိခင်ဖြစ်သူဟာ ရွေးကောက်ပွဲမှာရှုံးနိမ့်ပြီး ရှိတ်ဟာစီနာ ဝန်ကြီးချုပ်ဖြစ်လာချိန် မှာ ရာမန်ဟာ အတိုက်အခံနိုင်ငံရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပါတယ်။ (၂၀ဝ၁)ခုနှစ်မှာကျင်းပတဲ့ ရွေးကောက် ပွဲအတွင်း BNP ပါတီဟာ ထပ်မံအနိုင်ရခဲ့ပြီး မိခင်ဖြစ်သူ ဝန်ကြီးချုပ်တာဝန်ကို ထပ်မံရယူချိန်အတွင်း ရာမန်ဟာ ဗုံးခွဲတိုက်ခိုက်မှုမှာ ပါဝင်ဆက်နွှယ်မှုအတွက် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံရဖူးသူ လည်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ (၂၀ဝ၄)ခုနှစ်တုန်းက ရှိတ်ဟာစီနာဦးဆောင်တဲ့ အေဝါမီလိဂ် ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေကိုပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူပေါင်း (၂၄) ဦး သေဆုံးခဲ့ရာ ရာမန်ပါဝင်ဆက်နွှယ်တယ်လို စွဲချက်တင်ခံရတာလည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် စစ်တပ် က ကျောထောက်နောက်ခံပြုလုပ်ထားတဲ့ ယာယီအစိုးရတာဝန် ယူချိန် (၂၀ဝ၇)ခုနှစ်တုန်းကလည်း ရာ မန်ဟာ အကျင့်ပျက်လာဘ်စားမှုစွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရဖူးပါ တယ်။ ၎င်းဟာ အဲဒီအချိန်တုန်းက အကျဉ်းထောင်ထဲမှာ(၁၈) လကြာနေထိုင်ခဲ့ရပြီး ပြန်လည်လွတ် မြောက်ခဲ့ပေမယ့် ပြည်ပထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရာမန်ဟာ ဘင်္ဂ လားဒေ့ရှ်နိုင်ငံရေးလောက ကထွက်ဖို့ ဖိအားမျိုးစုံ ပေးခံခဲ့ရပေမယ့် ပြည်ပထွက်ပြေးခဲ့သူဖြစ်ပါတယ်။
(၂၀ဝ၈)ခုနှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲ အတွင်း ၎င်းတို့ရဲ့ပြိုင်ဘက်ဖြစ်သူ ရှိတ်ဟာစီနာ ဦး ဆောင်တဲ့ အေဝါမီလိဂ်ပါတီအနိုင်ရခဲ့ပြီးနောက် ရာမန်ဟာ အသက်အန္တရယ်စိုးရိမ်မှုအပြင် ပြိုင်ဘက် အစိုးရရဲ့ဖိနှိပ်မှုကိုစိုးရိမ်တဲ့အတွက် ဗြိတိန်နိုင်ငံကို ထွက်ပြေးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံကို ရာမန် ထွက်ပြေး ချိန်အတွင်း အဲဒီအချိန်တုန်းက ဝန်ကြီးချုပ်တာဝန် ယူနေတဲ့ ရှိတ်ဟာစီနာဦးဆောင်တဲ့ အစိုးရအဖွဲ့က ရာမန်ကို အကျင့်ပျက်လာဘ်စားမှုအပါအဝင် စွဲချက်အမျိုးမျိုးတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရှိတ်ဟာ စီနာဦးဆောင်တဲ့အစိုးရအဖွဲ့ဟာ ရာမန်အပြင် ၎င်းရဲ့ မိခင်ဖြစ်သူ ခါလီဒါဇီယာကိုလည်း စွဲချက်တင်ဖမ်းဆီး ထောင်ချခဲ့ရာ ရာမန်က ဖခင်ဖြစ်သူတည်ထောင်ခဲ့တဲ့ BNP ပါတီမပြိုကွဲအောင် ပြည်ကနေပြီး ပါတီကို ဦးဆောင်မှုပေးခဲ့ရပါတယ်။
ရာမန်ဟာ ပြည်ပြေးအဖြစ်ရှိနေချိန်အတွင်း BNP ပါတီခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက်ပါ ဝင်ခဲ့ပြီး (၂၀ဝ၉)ခုနှစ်မှာ BNP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ရာမန်ဟာ ပြည်ပြေး အဖြစ်နေထိုင်ရချိန်အတွင်း BNP ပါတီအတွင်း အရေးပါတဲ့လုပ်ငန်းတာဝန်တွေကို တာဝန်ယူ လုပ်ကိုင်ခဲ့ သလို ပါတီဝင်တွေကို ပြည်ပနိုင်ငံတွေကနေ မိန့်ခွန်းပြောတာ၊ ဦးဆောင်တာတို့ လုပ်ဆောင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ်တာဝန်ယူနေတဲ့ ရှိတ်ဟာစီနာဟာ (၂၀၂၄) ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် ရာထူးကနေဖြုတ်ချခံရပြီးနောက် ရာမန်ဟာ ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပြီး အိမ်စောင့်အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်တွေကို ကူညီထောက်ခံမယ်လို့ကတိပြုခဲ့ပါတယ်။ ဒါ့ပြင် ရာမန်ဟာ ၎င်းအပေါ်စွဲဆိုထားတဲ့ စွဲချက် တွေကို ပယ်ဖျက်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လာမယ်လို့ကတိပြုခဲ့ပါတယ်။ အိမ်စောင့် အစိုးရ အဖွဲ့တာဝန်ရှိသူတွေနဲ့ရာမန်တို့ သီးသန်ဆွေးနွေးမှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အလှည့်အပြောင်း များစွာဖြစ်စေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရဟာ ရာမန်အပေါ်စွဲဆိုထားတဲ့စွဲ ချက်အားလုံးကို ပယ်ဖျက်ပေးခဲ့ရာ ရာမန်ဟာ (၂၀၂၅) ခုနှစ် ဒီဇင်ဘာလမှာ မိခင်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ ရာမန်ဟာ ဘင်္ဂလားဒေ့ရှ် ရေတပ် ဦးစီးချုပ်ဟောင်းရဲ့သမီးဖြစ်သူ ဇူဘီယာဒါရာမန်နဲ့ အိမ်ထောင်ပြုထားပြီး သမီး တစ်ဦးရှိပါတယ်။ ၎င်းဟာ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့သူများထဲမှာပါဝင်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သမ္မတ ဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့သားဖြစ်ပေမယ့် နိုင်ငံရေးလောကဓံကို ခါးသီးစွာရင်ဆိုင်ခဲ့ရသူလို့ ဆို နိုင်ပါတယ်။ ၎င်းဟာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်အပြင် ပြည်ပြေးအဖြစ် နှစ်ပေါင်း (၂၀)နီးပါးကြာ ရှင် သန်နေထိုင်ခဲ့ရပေမယ့် ပြိုင်ဘက်ကို အလွယ်တကူ ဒူးထောက်အညံ့ခံတဲ့ လူစားမျိုးမဟုတ်ဘူးလို့ ဆိုရမှာ လည်းဖြစ်ပါတယ်။ ရာမန်ဦးဆောင်တဲ့ BNP ပါတီဟာ ရွေးကောက်ပွဲမှာ လွှတ်တော်နေရာပေါင်း (၂၀၉)နေရာအနိုင်ရခဲ့ပြီး မဟာမိတ်ပါတီတွေရဲ့ အနိုင်ရမှုနဲ့ ထည့်တွက်မယ် ဆိုရင် BNP ပါတီဟာ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရမှာဖြစ်ရာ ရာမန်က ဘင်္ဂလား ဒေ့ရှ်အစိုးရအဖွဲ့ အသစ်ကိုဦးဆောင်သူ ဖြစ်လာခဲ့တာ လည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အနိုင်ရ ကိုယ်စားလှယ် တွေနဲ့ လွှတ်တော်အသစ်ကို ဖွဲ့စည်းသွားမှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရအဖွဲ့ ခေါင်း ဆောင်ကို မဲပေးရွေးချယ်သွားမှာဖြစ်ကာ ရွေးချယ်ခံသမ္မတက အစိုးရအဖွဲ့အသစ်ကို ဦးဆောင်ရွေးချယ် ဖွဲ့စည်းမှာဖြစ်ပါတယ်။ ရာမန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် တည်ဆောက်သွား မယ်လို့ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ကတိပြုခဲ့ပါတယ်။ ဒါ့ပြင် ရာမန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စုစည်းညီညွတ်ဖို့ တိုက်တွန်းတောင်းဆိုထားသလို နိုင်ငံ ထိခိုက်နစ်နာအောင်လုပ်မှာမဟုတ်ဘူးလို့ ကတိပြုပြောဆိုထားပါတယ်။
ရာမန်က “BNP ပါတီဟာ ရွေးကောက်ပွဲ မှာအနိုင်ရတဲ့အတွက် နိုင်ငံကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားဖို့ အားလုံးကိုကတိပြုပါတယ်”လို့ ပြောပါတယ်။ ရာမန်ဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် အဖြစ်တာဝန်ယူချိန်မှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ဘေးကင်းလုံခြုံအောင် ကာကွယ် သွားမယ်လို့ ကတိပြုထားတယ်လို့ BNP ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေကပြောပါတယ်။ လူဦးရေ သန်း(၁၇၀)ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိ ပြည်ပြေးဖြစ်နေတဲ့ ရှိတ်ဟာစီနာ ဦး ဆောင်တဲ့ အေဝါ မီလိဂ်ပါတီနဲ့ ရာမန်ရဲ့ BNP ပါတီတို့ဟာ ခါးသီးတဲ့ ပြိုင်ဘက်တွေဖြစ်ခဲ့ပြီး ပါတီတစ်ခုက အနိုင်ရချိန်မှာ တခြားပြိုင်ဘက်ပါတီခေါင်းဆောင်တွေကို နိုင်ငံရေး အရအသာယူဖို့ နည်းလမ်းပေါင်းစုံသုံးခဲ့ဖူးရာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အသစ်အဖြစ် ရာမန်တာဝန်ယူ ချိန်မှာ ရှိတ်ဟာစီ နာက ဘယ်လိုနည်းလမ်းတွေသုံးမလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ မည်သို့ပင်ဆိုနေ စေ ကာမူ ရာမန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်တာဝန်ယူချိန်မှာ ကတိအတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင်စွမ်းဆောင်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

Zawgyi Version;
ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာတဲ့ “တာရစ္ရာမန္” အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၃
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေဖေဖာ္ဝါရီ (၁၂) ရက္ကက်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲအတြင္း ဘဂၤလား ေဒ့ရွ္အမ်ိဳးသားပါတီ BNP ပါတီကအႏိုင္ရခဲ့ရာ BNP ပါတီေခါင္းေဆာင္ တာရစ္ရာမန္ဟာ ဘဂၤလား ေဒ့ရွ္အစိုးရအဖြဲ႕အသစ္ရဲ႕ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာ ခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ (၂၀၂၄)ခုႏွစ္က တကၠသိုလ္ေက်ာင္းသားေတြဦးေဆာင္တဲ့ ဆႏၵျပပြဲေတြေၾကာင့္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာဦးေဆာင္တဲ့အ စိုးရအဖြဲ႕ျပဳတ္က်ၿပီးေနာက္ (၂)ႏွစ္ခန႔္အၾကာမွာ ေ႐ြးေကာက္ပြဲကို ပထမဆုံး ျပန္လည္က်င္းပခဲ့တာ ျဖစ္ ပါတယ္။ ေ႐ြးေကာက္ပြဲမွာ BNP ပါတီအႏိုင္ရၿပီးေနာက္ အႏိုင္ရလႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ျပည္ ေျပးအျဖစ္ ႏွစ္ေပါင္းမ်ားစြာၾကာေနထိုင္ဖူးတဲ့ ရာမန္ကိုဝန္ ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္ဖို႔ ဆုံးျဖတ္ထားၿပီး လည္းျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ရာထူးကို အမ်ိဳးသမီးေတြက လႊမ္းမိုးခ်ဳပ္ကိုင္ခဲ့ရာ ႏွစ္ေပါင္း (၃၆)ႏွစ္အၾကာမွာ အမ်ိဳးသားဝန္ႀကီးခ်ဳပ္ကို ပထမဆုံးေ႐ြးခ်ယ္တာဝန္ယူေစခဲ့တာလည္း ျဖစ္ ပါတယ္။
တာရစ္ရာမန္ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လူသိမ်ားထင္ရွားတဲ့ ႏိုင္ငံေရးအသိုင္းအဝိုင္းက ဆင္း သက္လာသူျဖစ္ၿပီး မိခင္ျဖစ္သူနဲ႔ဖခင္ျဖစ္သူတို႔ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္ေဟာင္းနဲ႔ သမၼတ ေဟာင္းေတြျဖစ္ပါတယ္။ အသက္ (၆၀)အ႐ြယ္ရွိရာ မန္ရဲ႕ဖခင္ျဖစ္သူ Ziaur Raman ဟာ ဘဂၤလား ေဒ့ရွ္ ႏိုင္ငံရဲ႕ စစ္တပ္ေခါင္းေဆာင္ျဖစ္ခဲ့သလို သမၼတ ေဟာင္းတစ္ဦးလည္းျဖစ္ခဲ့ကာ (၁၉၈၁)ခုႏွစ္မွာ လုပ္ ႀကံခံခဲ့ရသူျဖစ္ပါတယ္။ ဖခင္ျဖစ္သူလုပ္ႀကံခံရခ်ိန္မွာ ရာမန္ဟာ ဆယ္ေက်ာ္သက္အ႐ြယ္သာရွိပါေသး တယ္။
ရာမန္ရဲ႕ဖခင္ျဖစ္သူဟာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံရဲ႕လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းမွာ အဓိကအေရး ပါတဲ့ စစ္ေခါင္းေဆာင္တစ္ဦးျဖစ္ခဲ့သူလည္းျဖစ္ပါတယ္။ မိခင္ျဖစ္သူကေတာ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံ သမိုင္း တစ္ေလွ်ာက္မွာ ဝန္ႀကီးခ်ဳပ္ရာထူးကို အခ်ိန္အၾကာဆုံးရယူႏိုင္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာ ရဲ႕ ခါးသီးတဲ့ၿပိဳင္ဘက္ျဖစ္သူ ခါလီဒါဇီယာျဖစ္ပါတယ္။ ခါလီဒါဇီယာဟာ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္အျဖစ္ (၁၉၉၁) ခုႏွစ္ကေန (၁၉၉၆)ခုႏွစ္အထိ တစ္ႀကိမ္၊ (၂၀ဝ၁)ခုႏွစ္ကေန (၂၀ဝ၆)ခုႏွစ္အထိ တစ္ႀကိမ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။ (၁၉၈၄)ခုႏွစ္ကေန (၂၀၂၅)ခုႏွစ္အထိ BNP ပါတီေခါင္းေဆာင္ အျဖစ္တာဝန္ယူခဲ့တဲ့ ခါလီဒါဇီယာဟာ အတိုက္အခံႏိုင္ငံေရးသမားအျဖစ္ရပ္တည္ခ်ိန္အတြင္း ဝန္ႀကီး ခ်ဳပ္အျဖစ္တာဝန္ယူေနတဲ့ ရွိတ္ဟာစီနာရဲ႕ ဖိႏွိပ္မႈအမ်ိဳးမ်ိဳးရင္ဆိုင္ခဲ့ရသလို စြဲခ်က္အမ်ိဳးမ်ိဳးတင္ ကာ ေထာင္တြင္းအက်ဥ္းက်ခံခဲ့ရဖူးတဲ့ အမ်ိဳးသမီး ႏိုင္ငံေရးသမားျဖစ္ပါတယ္။ (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာ (၃၀) ရက္မွာ ခါလီဒါဇီယာေသဆုံးခဲ့ၿပီးေနာက္ ျပည္ေျပးအျဖစ္ေနထိုင္ေနတဲ့ သားျဖစ္သူ တာရစ္ရာမန္ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကိုျပန္လာၿပီး BNP ကိုဦး ေဆာင္ကာ ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ရာ ေ႐ြး ေကာက္ပြဲမွာ အႏိုင္ရခဲ့သူျဖစ္ပါတယ္။ လက္ရွိ BNP ပါတီရဲ႕ေခါင္းေဆာင္ ရာမန္ကို (၁၉၆၇)ခုႏွစ္မွာေမြး ဖြားခဲ့ၿပီး ငယ္စဥ္တည္းက ဒါကာၿမိဳ႕မွာ ႀကီးျပင္းခဲ့ကာ ဒါကာတကၠသိုလ္မွာ ဥပေဒပညာနဲ႔ ႏိုင္ငံတကာ ဆက္ဆံေရးဘာသာရပ္ေတြကို ေလ့လာသင္ယူခဲ့ၿပီး ေက်ာင္းမၿပီးခင္မွာပဲ စီးပြားေရးေလာကထဲကို ကန ဦး ဝင္ေရာက္ခဲ့ပါတယ္။ ၎ဟာ အထည္အလိပ္လုပ္ငန္း နဲ႔သေဘၤာလုပ္ငန္းေတြကို ကနဦးစတင္လုပ္ ကိုင္ခဲ့ၿပီးေနာက္ ႏိုင္ငံေရးေလာကထဲကို ဝင္ေရာက္ခဲ့ပါတယ္။ ရာမန္ဟာ (၁၉၈၈)ခုႏွစ္မွာ ဘိုဂူရာေဒသ ရဲ႕ BNP ပါတီအဖြဲ႕ဝင္အျဖစ္ စတင္ဝင္ေရာက္ခဲ့ၿပီး (၁၉၉၁)ခုႏွစ္မွာက်င္းပတဲ့ ေ႐ြးေကာက္ပြဲအတြင္း သူ႔ဖခင္ ဦးေဆာင္တည္ေထာင္ထားတဲ့ BNP ပါတီ အႏိုင္ရေအာင္ တက္ႂကြစြာ မဲဆြယ္စည္း႐ုံးေပးခဲ့ပါ တယ္။ ရာမန္ဟာ မိခင္ျဖစ္သူ ခါလီဒါဇီယာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း BNP ပါတီရဲ႕ ႏိုင္ငံ ေရးလုပ္ငန္းေတြကို အေကာင္းဆုံးပံ့ပိုးေပးခဲ့သူလည္း ျဖစ္ပါတယ္။ (၁၉၉၆)ခုႏွစ္မွာက်င္းပတဲ့ ေ႐ြး ေကာက္ပြဲအတြင္း မိခင္ျဖစ္သူဟာ ေ႐ြးေကာက္ပြဲမွာရႈံးနိမ့္ၿပီး ရွိတ္ဟာစီနာ ဝန္ႀကီးခ်ဳပ္ျဖစ္လာခ်ိန္ မွာ ရာမန္ဟာ အတိုက္အခံႏိုင္ငံေရးလုပ္ငန္းေတြ လုပ္ကိုင္ခဲ့ပါတယ္။ (၂၀ဝ၁)ခုႏွစ္မွာက်င္းပတဲ့ ေ႐ြးေကာက္ ပြဲအတြင္း BNP ပါတီဟာ ထပ္မံအႏိုင္ရခဲ့ၿပီး မိခင္ျဖစ္သူ ဝန္ႀကီးခ်ဳပ္တာဝန္ကို ထပ္မံရယူခ်ိန္အတြင္း ရာမန္ဟာ ဗုံးခြဲတိုက္ခိုက္မႈမွာ ပါဝင္ဆက္ႏႊယ္မႈအတြက္ တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္ခ်မွတ္ခံရဖူးသူ လည္း ျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ (၂၀ဝ၄)ခုႏွစ္တုန္းက ရွိတ္ဟာစီနာဦးေဆာင္တဲ့ ေအဝါမီလိဂ္ ပါတီရဲ႕ ထိပ္တန္းေခါင္းေဆာင္ေတြကိုပစ္မွတ္ထားတဲ့ ဗုံးခြဲတိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီး လူေပါင္း (၂၄) ဦး ေသဆုံးခဲ့ရာ ရာမန္ပါဝင္ဆက္ႏႊယ္တယ္လို စြဲခ်က္တင္ခံရတာလည္းျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ စစ္တပ္ က ေက်ာေထာက္ေနာက္ခံျပဳလုပ္ထားတဲ့ ယာယီအစိုးရတာဝန္ ယူခ်ိန္ (၂၀ဝ၇)ခုႏွစ္တုန္းကလည္း ရာ မန္ဟာ အက်င့္ပ်က္လာဘ္စားမႈစြဲခ်က္နဲ႔ ဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္ ညႇဥ္းပန္းႏွိပ္စက္ခံခဲ့ရဖူးပါ တယ္။ ၎ဟာ အဲဒီအခ်ိန္တုန္းက အက်ဥ္းေထာင္ထဲမွာ(၁၈) လၾကာေနထိုင္ခဲ့ရၿပီး ျပန္လည္လြတ္ ေျမာက္ခဲ့ေပမယ့္ ျပည္ပထြက္ေျပးဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ ရာမန္ဟာ ဘဂၤ လားေဒ့ရွ္ႏိုင္ငံေရးေလာက ကထြက္ဖို႔ ဖိအားမ်ိဳးစုံ ေပးခံခဲ့ရေပမယ့္ ျပည္ပထြက္ေျပးခဲ့သူျဖစ္ပါတယ္။
(၂၀ဝ၈)ခုႏွစ္မွာက်င္းပတဲ့ ေ႐ြးေကာက္ပြဲ အတြင္း ၎တို႔ရဲ႕ၿပိဳင္ဘက္ျဖစ္သူ ရွိတ္ဟာစီနာ ဦး ေဆာင္တဲ့ ေအဝါမီလိဂ္ပါတီအႏိုင္ရခဲ့ၿပီးေနာက္ ရာမန္ဟာ အသက္အႏၲရယ္စိုးရိမ္မႈအျပင္ ၿပိဳင္ဘက္ အစိုးရရဲ႕ဖိႏွိပ္မႈကိုစိုးရိမ္တဲ့အတြက္ ၿဗိတိန္ႏိုင္ငံကို ထြက္ေျပးခဲ့ပါတယ္။ ၿဗိတိန္ႏိုင္ငံကို ရာမန္ ထြက္ေျပး ခ်ိန္အတြင္း အဲဒီအခ်ိန္တုန္းက ဝန္ႀကီးခ်ဳပ္တာဝန္ ယူေနတဲ့ ရွိတ္ဟာစီနာဦးေဆာင္တဲ့ အစိုးရအဖြဲ႕က ရာမန္ကို အက်င့္ပ်က္လာဘ္စားမႈအပါအဝင္ စြဲခ်က္အမ်ိဳးမ်ိဳးတင္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ရွိတ္ဟာ စီနာဦးေဆာင္တဲ့အစိုးရအဖြဲ႕ဟာ ရာမန္အျပင္ ၎ရဲ႕ မိခင္ျဖစ္သူ ခါလီဒါဇီယာကိုလည္း စြဲခ်က္တင္ဖမ္းဆီး ေထာင္ခ်ခဲ့ရာ ရာမန္က ဖခင္ျဖစ္သူတည္ေထာင္ခဲ့တဲ့ BNP ပါတီမၿပိဳကြဲေအာင္ ျပည္ကေနၿပီး ပါတီကို ဦးေဆာင္မႈေပးခဲ့ရပါတယ္။
ရာမန္ဟာ ျပည္ေျပးအျဖစ္ရွိေနခ်ိန္အတြင္း BNP ပါတီေခါင္းေဆာင္တစ္ဦးအျဖစ္ ဆက္လက္ပါ ဝင္ခဲ့ၿပီး (၂၀ဝ၉)ခုႏွစ္မွာ BNP ပါတီရဲ႕ ဒုတိယဥကၠ႒ အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ရာမန္ဟာ ျပည္ေျပး အျဖစ္ေနထိုင္ရခ်ိန္အတြင္း BNP ပါတီအတြင္း အေရးပါတဲ့လုပ္ငန္းတာဝန္ေတြကို တာဝန္ယူ လုပ္ကိုင္ခဲ့ သလို ပါတီဝင္ေတြကို ျပည္ပႏိုင္ငံေတြကေန မိန႔္ခြန္းေျပာတာ၊ ဦးေဆာင္တာတို႔ လုပ္ေဆာင္ခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္တာဝန္ယူေနတဲ့ ရွိတ္ဟာစီနာဟာ (၂၀၂၄) ခုႏွစ္အတြင္း ျဖစ္ပြားခဲ့တဲ့ ဆႏၵျပပြဲေတြေၾကာင့္ ရာထူးကေနျဖဳတ္ခ်ခံရၿပီးေနာက္ ရာမန္ဟာ ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရအဖြဲ႕ တာဝန္ရွိသူေတြနဲ႔ သီးျခားေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး အိမ္ေစာင့္အစိုးရအဖြဲ႕ရဲ႕ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္း စဥ္ေတြကို ကူညီေထာက္ခံမယ္လို႔ကတိျပဳခဲ့ပါတယ္။ ဒါ့ျပင္ ရာမန္ဟာ ၎အေပၚစြဲဆိုထားတဲ့ စြဲခ်က္ ေတြကို ပယ္ဖ်က္မယ္ဆိုရင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ျပန္လာမယ္လို႔ကတိျပဳခဲ့ပါတယ္။ အိမ္ေစာင့္ အစိုးရ အဖြဲ႕တာဝန္ရွိသူေတြနဲ႔ရာမန္တို႔ သီးသန္ေဆြးေႏြးမႈဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြက္ အလွည့္အေျပာင္း မ်ားစြာျဖစ္ေစခဲ့ၿပီး ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရဟာ ရာမန္အေပၚစြဲဆိုထားတဲ့စြဲ ခ်က္အားလုံးကို ပယ္ဖ်က္ေပးခဲ့ရာ ရာမန္ဟာ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလမွာ မိခင္ႏိုင္ငံကို ျပန္လာခဲ့ပါတယ္။ ရာမန္ဟာ ဘဂၤလားေဒ့ရွ္ ေရတပ္ ဦးစီးခ်ဳပ္ေဟာင္းရဲ႕သမီးျဖစ္သူ ဇူဘီယာဒါရာမန္နဲ႔ အိမ္ေထာင္ျပဳထားၿပီး သမီး တစ္ဦးရွိပါတယ္။ ၎ဟာ ဘဂၤလားေဒ့ရွ္လြတ္လပ္ေရးရရွိေအာင္ ႀကိဳးပမ္းခဲ့သူမ်ားထဲမွာပါဝင္သလို ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ သမၼတ ေဟာင္းနဲ႔ ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕သားျဖစ္ေပမယ့္ ႏိုင္ငံေရးေလာကဓံကို ခါးသီးစြာရင္ဆိုင္ခဲ့ရသူလို႔ ဆို ႏိုင္ပါတယ္။ ၎ဟာ တစ္သက္တစ္ကြၽန္းျပစ္ဒဏ္အျပင္ ျပည္ေျပးအျဖစ္ ႏွစ္ေပါင္း (၂၀)နီးပါးၾကာ ရွင္ သန္ေနထိုင္ခဲ့ရေပမယ့္ ၿပိဳင္ဘက္ကို အလြယ္တကူ ဒူးေထာက္အညံ့ခံတဲ့ လူစားမ်ိဳးမဟုတ္ဘူးလို႔ ဆိုရမွာ လည္းျဖစ္ပါတယ္။ ရာမန္ဦးေဆာင္တဲ့ BNP ပါတီဟာ ေ႐ြးေကာက္ပြဲမွာ လႊတ္ေတာ္ေနရာေပါင္း (၂၀၉)ေနရာအႏိုင္ရခဲ့ၿပီး မဟာမိတ္ပါတီေတြရဲ႕ အႏိုင္ရမႈနဲ႔ ထည့္တြက္မယ္ ဆိုရင္ BNP ပါတီဟာ အစိုးရအဖြဲ႕ကို ဦးေဆာင္ဖြဲ႕စည္းခြင့္ရမွာျဖစ္ရာ ရာမန္က ဘဂၤလား ေဒ့ရွ္အစိုးရအဖြဲ႕ အသစ္ကိုဦးေဆာင္သူ ျဖစ္လာခဲ့တာ လည္းျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ အႏိုင္ရ ကိုယ္စားလွယ္ ေတြနဲ႔ လႊတ္ေတာ္အသစ္ကို ဖြဲ႕စည္းသြားမွာျဖစ္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြက အစိုးရအဖြဲ႕ ေခါင္း ေဆာင္ကို မဲေပးေ႐ြးခ်ယ္သြားမွာျဖစ္ကာ ေ႐ြးခ်ယ္ခံသမၼတက အစိုးရအဖြဲ႕အသစ္ကို ဦးေဆာင္ေ႐ြးခ်ယ္ ဖြဲ႕စည္းမွာျဖစ္ပါတယ္။ ရာမန္က ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ဒီမိုကေရစီႏိုင္ငံျဖစ္ေအာင္ တည္ေဆာက္သြား မယ္လို႔ ေ႐ြးေကာက္ပြဲအႏိုင္ရၿပီးေနာက္ ကတိျပဳခဲ့ပါတယ္။ ဒါ့ျပင္ ရာမန္က ဘဂၤလားေဒ့ရွ္ႏိုင္ငံကို စုစည္းညီၫြတ္ဖို႔ တိုက္တြန္းေတာင္းဆိုထားသလို ႏိုင္ငံ ထိခိုက္နစ္နာေအာင္လုပ္မွာမဟုတ္ဘူးလို႔ ကတိျပဳေျပာဆိုထားပါတယ္။
ရာမန္က “BNP ပါတီဟာ ေ႐ြးေကာက္ပြဲ မွာအႏိုင္ရတဲ့အတြက္ ႏိုင္ငံကို ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္သြားဖို႔ အားလုံးကိုကတိျပဳပါတယ္”လို႔ ေျပာပါတယ္။ ရာမန္ဟာ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ အျဖစ္တာဝန္ယူခ်ိန္မွာ ႏိုင္ငံသားေတြရဲ႕ အခြင့္အေရးနဲ႔ လြတ္လပ္ခြင့္ေတြကို ေဘးကင္းလုံၿခဳံေအာင္ ကာကြယ္ သြားမယ္လို႔ ကတိျပဳထားတယ္လို႔ BNP ပါတီရဲ႕ ထိပ္တန္းေခါင္းေဆာင္ေတြကေျပာပါတယ္။ လူဦးေရ သန္း(၁၇၀)ေက်ာ္ရွိတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လက္ရွိ ျပည္ေျပးျဖစ္ေနတဲ့ ရွိတ္ဟာစီနာ ဦး ေဆာင္တဲ့ ေအဝါ မီလိဂ္ပါတီနဲ႔ ရာမန္ရဲ႕ BNP ပါတီတို႔ဟာ ခါးသီးတဲ့ ၿပိဳင္ဘက္ေတြျဖစ္ခဲ့ၿပီး ပါတီတစ္ခုက အႏိုင္ရခ်ိန္မွာ တျခားၿပိဳင္ဘက္ပါတီေခါင္းေဆာင္ေတြကို ႏိုင္ငံေရး အရအသာယူဖို႔ နည္းလမ္းေပါင္းစုံသုံးခဲ့ဖူးရာ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ရာမန္တာဝန္ယူ ခ်ိန္မွာ ရွိတ္ဟာစီ နာက ဘယ္လိုနည္းလမ္းေတြသုံးမလဲဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။ မည္သို႔ပင္ဆိုေန ေစ ကာမူ ရာမန္ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္တာဝန္ယူခ်ိန္မွာ ကတိအတိုင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ဒီမိုကေရစီႏိုင္ငံျဖစ္ေအာင္စြမ္းေဆာင္ျပႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။