အချုပ်အခြာအာဏာစည်းဝိုင်းနှင့် သံတမန်ရေးအရ ပြတ်သားစွာ အရေးယူခြင်း

53

တင်ဇာ (NP News) - ဖေဖော်ဝါရီ ၂၃
သံတမန်ရေးရာမှာ သံတမန်ကင်းလွတ်ခွင့်ကို မချိုးဖောက်ဘဲ နိုင်ငံတော်လုံခြုံရေးနဲ့ အချုပ်အခြာ အာဏာကိုကာကွယ်ဖို့အတွက်ဆိုရင် “Persona non grata”(PNG) ဆိုတဲ့ယန္တရားဟာ မရှိမဖြစ်လိုအပ်ပါ တယ်။ (၁၉၆၁)ခုနှစ် ဗီယင်နာကွန်ဗင်းရှင်း အပိုဒ်(၉) မှာပြဋ္ဌာန်းထားတဲ့ဒီအချက်ဟာ အိမ်ရှင်နိုင်ငံအနေနဲ့ သူလျှိုလုပ်တာ၊ ရာဇဝတ်မှုကျူးလွန်တာ ဒါမှမဟုတ် ပြည်တွင်းရေးကိုစွက်ဖက်တာမျိုးတွေ လုပ်ဆောင် တဲ့ သံတမန်တွေကို နှင်ထုတ်ခွင့်ပေးထားပါတယ်။ ဒါဟာ မလိုလားအပ်တဲ့သူတွေကို ဖယ်ရှားဖို့၊ အပြည် ပြည်ဆိုင်ရာဥပဒေကိုလိုက်နာစေဖို့နဲ့ သံတမန်ရေးရာအ ငြင်းပွားမှုတွေကိုတုံ့ပြန်ဖို့အတွက် အကြမ်း မဖက်တဲ့ ထိရောက်တဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။
“Persona non grata” ဆိုတာ လက်တင်စကားဖြစ်ပြီး “လက်မခံနိုင်တဲ့ပုဂ္ဂိုလ်”လို့ အဓိပ္ပာယ်ရ ပါတယ်။ သံတမန်ရေးရာမှာတော့ နိုင်ငံတစ်နိုင်ငံကနေ ၎င်းတို့ရဲ့နယ်နိမိတ်အတွင်းဝင်ရောက်ဖို့ ဒါမှ မဟုတ် ဆက်နေထိုင်ဖို့ကို ပိတ်ပင်ထားတဲ့ သံတမန် ဒါမှမဟုတ် နိုင်ငံခြားသားကိုရည်ညွှန်းတာဖြစ်ပါ တယ်။ ဒီအသုံးအနှုန်းဟာ (၁၉၆၁)ခုနှစ် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းမှာ သံတမန် ရေးရာအဓိပ္ပာယ်ကို စတင်ရရှိခဲ့တာပါ။ အဲဒီစာချုပ်ရဲ့ အပိုဒ် (၉)မှာ နိုင်ငံတစ်နိုင်ငံဟာ သံတမန်အဖွဲ့ဝင် တစ်ဦးဦး ကို “ဘယ်အချိန်မှာမဆို၊ ဘာကြောင့်လဲဆိုတာ ရှင်းပြစရာမလိုဘဲ” Persona non grata အဖြစ်ကြေညာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုကြေညာပြီးတာနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်ဟာ များ သောအားဖြင့် မိမိရဲ့မိခင်နိုင်ငံကို ပြန်သွားရပါတယ်။ အကယ်၍ ကျိုး ကြောင်းဆီလျော်တဲ့အချိန် ကာလ အတွင်းမှာ ပြန်မသွားဘူးဆိုရင်တော့ လက်ခံထားတဲ့နိုင်ငံက အဲဒီ ပုဂ္ဂိုလ်ကို “သံတမန်အဖွဲ့ဝင် တစ်ဦး အဖြစ် အသိအမှတ်ပြုဖို့ငြင်းဆို” နိုင်ပါတယ်။ ဒါ့ပြင် လူတစ်ယောက်ကို နိုင်ငံထဲကို မရောက်ရှိခင် က တည်းက Persona non grata အဖြစ်ကြေညာထားလို့ရတယ်လို့လည်း အဲဒီအပိုဒ်မှာ အတိအလင်း ဆိုထားပါတယ်။
တစ်ဖက်မှာလည်း သံတမန်အခွင့်အရေးနဲ့ ကင်းလွတ်ခွင့်တွေကို ခံစားခွင့်ရှိသူအားလုံးဟာ လက် ခံထားတဲ့နိုင်ငံရဲ့ဥပဒေတွေနဲ့စည်းမျဉ်းတွေကို လိုက်နာစောင့်ထိန်းရမယ်ဆိုတဲ့တာဝန်ရှိမှုကို ဗီယင်နာ ကွန်ဗင်းရှင်း အပိုဒ် ၄၁ (၁)မှာ အလေးပေးဖော်ပြထားပါတယ်။ သံတမန်အဖွဲ့ဝင်တွေဟာ လက်ခံထားတဲ့ နိုင်ငံရဲ့စည်းကမ်းတွေကို လိုက်နာရမှာဖြစ်သလို မိမိတို့ရဲ့ မိခင်နိုင်ငံရေးကိစ္စတွေမှာလည်း လက်ခံထား တဲ့နိုင်ငံကနေတစ်ဆင့် ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ရဘူးလို့ ယူဆထားပါတယ်။
PNG ကြေညာခဲ့တဲ့ ကမ္ဘာ့ဖြစ်ရပ်တွေကိုလေ့လာကြည့်မယ်ဆိုရင် တူရကီသမ္မတ အာဒိုဂန်က အမေရိကန်၊ ဂျာမနီနဲ့ ပြင်သစ်တို့အပါအဝင် နိုင်ငံပေါင်း (၁၀)နိုင်ငံမှသံတမန်တွေကို (၂၀၂၁)ခုနှစ်မှာ Persona non grata အဖြစ်ကြေညာခဲ့တာကိုတွေ့ရပါတယ်။ အကြောင်းရင်းကတော့ (၂၀၁၃)ခုနှစ် ဂီဇီ ပန်းခြံဆန္ဒပြပွဲတွေနဲ့ (၂၀၁၆)ခုနှစ် အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့စွပ်စွဲ ချက်နဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ စီးပွားရေးလုပ်ငန်းရှင် အိုစမန်ကာဗာလာကိုပြန်လွှတ်ပေးဖို့ အဲဒီသံ တမန်တွေက တောင်းဆိုခဲ့ကြလို့ဖြစ်ပါတယ်။ ဒီလိုပြင်းထန်တဲ့အရေးယူမှုနောက်ကွယ်မှာ နောက်ထပ် ယူဆရတဲ့အကြောင်းရင်းတစ်ခုကတော့ FATF အဖွဲ့က တူရကီနိုင်ငံကိုစောင့်ကြည့်ရမယ့် Grey List စာရင်းထဲမှာထည့်သွင်းလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ လက်ခံတဲ့နိုင်ငံက သံတ မန်တွေအပေါ်အရေးယူတဲ့ နမူနာပုံစံဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ခါတစ်ရံမှာ တချို့နိုင်ငံတွေက သံတမန်မဟုတ်တဲ့ တခြားနိုင်ငံရေးပုဂ္ဂိုလ်တွေကို လည်း PNG အဖြစ်ကြေညာခဲ့တဲ့သာဓကတွေရှိပါတယ်။ မက္ကဆီကိုနိုင်ငံရဲ့ဖြစ်ရပ်မှာတော့ (၂၀၁၆) ခုနှစ်အတွင်း ထရမ့်ရဲ့ “မက္ကဆီကိုနယ်စပ်တံတိုင်းတည်ဆောက်ရေး”အစီအစဉ်နဲ့ မက္ကဆီကို ရွှေ့ပြောင်း နေထိုင်သူတွေကို “ရာဇဝတ်ကောင်တွေ၊ မုဒိမ်းကောင် တွေ”လို့ ဝေဖန်ပုတ်ခတ်ပြောဆို မှုတွေကြောင့် မက္ကဆီကိုအောက်လွှတ်တော်က သူ့ကိုနိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုတဲ့ PNG အဖြစ်သတ်မှတ်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုပြုချက်တစ်ခုကို တညီတညွတ်တည်းအတည်ပြုခဲ့ကြတာဖြစ်ပါတယ်။ ပနားမားနိုင်ငံမှာတော့ ထရမ့်က (၂၀၁၁)ခုနှစ်အတွင်း အင်တာဗျူးတစ်ခုမှာ “အမေရိကန်ဟာ ပနားမား တူးမြောင်းကို ပနားမားအစိုးရဆီ အလကားပြန်ပေးလိုက်တာဟာ မိုက်မဲတဲ့လုပ်ရပ်ဖြစ်တယ်” လို့ ဝေဖန် ခဲ့တာကြောင့် ပနားမားစီးတီး မြူနီစီပယ်ကောင်စီက သူ့ကို sona Non Grata အဖြစ်ကြေညာခဲ့ပါတယ်။
အထက်ပါဖြစ်ရပ်တွေကိုကြည့်ရင် နိုင်ငံတွေဟာ သူတို့ရဲ့ပြည်တွင်းရေးကို နှုတ်အားဖြင့် စွက် ဖက်ဖို့ ကြိုးစားတာ ဒါမှမဟုတ် အချုပ်အခြာအာဏာကို ထိပါးဖို့ ကြိုးစားတာတွေကို ြွခင်းချက်မရှိ သံတမန်ရေးအရ ပြတ်ပြတ်သားသားတုံ့ပြန်လေ့ရှိတာကိုတွေ့ရပါတယ်။ ယခုအခါ မြန်မာအစိုးရအနေနဲ့ လည်း တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအပေါ် အလားတူ အရေးယူဆောင်ရွက်မှုမျိုးလုပ်ဆောင် ဖို့ ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ (၇)ရက်အတွင်း ပြန်လည် ထွက်ခွာဖို့ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံ ကို ခေါ်ယူòန်ကြားထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာနက (၂၀၂၆) ခုနှစ် ဖေဖော် ဝါရီလ (၁၅) ရက် ည ပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ တီမော လက်စ်တေအစိုးရဟာ ပြည်တွင်း ရေး ဝင်ရောက်စွက် ဖက်ခြင်းမပြုဖို့အပါအဝင် အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို လေးစားလိုက်နာ မယ်လို့ အကြိမ်ကြိမ်ကတိပြုခဲ့တာကြောင့် မြန်မာနိုင်ငံက ၎င်းတို့ရဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအပေါ် မူလ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ပြီး အာဆီယံရဲ့တူညီဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ တီမောလက်စ် တေဟာအာဆီယံအဖွဲ့ဝင်ဖြစ်လာပြီးနောက်ပိုင်းမှာ ကတိကဝတ်တွေကို လိုက်နာ ဆောင်ရွက်ခြင်း မရှိတာကိုတွေ့ရှိရပါတယ်။
အထူးသဖြင့် တီမောလက်စ်တေသမ္မတဟာ မြန်မာတပ်မတော်အရာရှိကြီးတွေကို တရားစွဲဆိုနေ တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ ကိုယ်စားလှယ်ဆိုသူတွေကို (၂၀၂၆)ခုနှစ် ဇန်နဝါရီလ (၁၄)ရက်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံရဲ့ အကြီးအကဲတစ်ဦးက တခြားအဖွဲ့ဝင်နိုင်ငံကိုဆန့်ကျင်နေ တဲ့ တရားမဝင်အဖွဲ့အစည်းနဲ့ ထိတွေ့ဆက်ဆံတာဟာ လုံးဝလက်ခံနိုင်စရာမရှိသလို ဒါဟာ အာဆီယံ ပဋိညာဉ်နဲ့ TAC သဘောတူစာချုပ်ပါ အခြေခံမူတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဇန်နဝါရီလ(၁၆)ရက်မှာ သံရုံးယာယီတာဝန်ခံကိုဆင့်ခေါ်ပြီး ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချခဲ့သလို ကျိုးကြောင်းဆီလျော်တဲ့ တရားဝင်ဖြေ ရှင်းချက်ပေးဖို့ကိုလည်းတောင်းဆိုခဲ့ပါ တယ်။
အလားတူ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မှာလည်း မြန်မာဘက်က တီမောလက်စ်တေနိုင်ငံခြား ရေးဝန်ကြီးကို ထပ်မံသတိပေးခဲ့ရာမှာ ၎င်းတို့ ဘက်က တစ်ပတ်အတွင်း ဖြေရှင်းချက်ပေးမယ်လို့ ကတိပြုခဲ့ပါ တယ်။ ဒါပေမဲ့ ဖြေရှင်းချက်ကို စောင့် ဆိုင်းနေတဲ့ကာလ အတွင်းမှာပဲ တီမောလက်စ်တေအစိုးရဟာ အဆိုပါ တရားစွဲဆိုမှုကိုလေ့လာဖို့ ဝါရင့် ရှေ့နေတစ်ဦးကို ခန့် အပ်ခဲ့တယ်ဆိုတဲ့သတင်းတွေကို စိတ်ပျက်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ ဒီလို လုပ်ရပ် မျိုးဟာ တခြားအာဆီ ယံနိုင်ငံတွေမှာ အရင်ကမရှိခဲ့ဖူးတဲ့အပြင် မြန်မာပြည်သူတွေရဲ့နာကြည်းမှုကို ပိုမြင့်တက်စေပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးကျိုးသက်ရောက်စေခဲ့ပါတယ်။ ဒါ့ပြင် တီမော လက်စ် တေသမ္မတရဲ့လုပ်ရပ်တွေဟာ အာဆီယံပဋိညာဉ် အပိုဒ်(၂)ပါအခြေခံမူတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို မကြာခဏ ဝင်ရောက် စွက်ဖက်နေတဲ့ တီမောလက်စ်တေ သံရုံးယာယီ တာဝန်ခံ မစ္စတာအဲလီစီယို ဒိုရိုဆားရီရို ဒီဆော်ဆာကို (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်မှာ ဆင့်ခေါ်ခဲ့ပါတယ်။ ထိုသို့ဆင့်ခေါ်ရာမှာ သံတမန်ဆက်ဆံရေး ဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း အပိုဒ်(၉)နဲ့အညီ (၂၀၂၆) ခု နှစ် ဖေဖော်ဝါရီလ (၂၀)ရက်ထက်နောက် မကျ ဘဲ မြန်မာနိုင်ငံကနေ အပြီးအပိုင်ထွက်ခွာဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ တီမောလက်စ်တေဟာ မြန်မာအစိုးရကို လိမ်လည်ဟန်ဆောင်တဲ့ ကတိကဝတ်တွေ သုံးပြီး အာဆီယံအတွင်းဝင်ခွင့်ရဖို့ မြန်မာရဲ့ ထောက်ခံချက်ကို မသမာစွာရယူခဲ့တာကိုတွေ့ရပါတယ်။ မြန် မာအစိုးရအနေနဲ့ သဘောထားကြီးစွာနဲ့ ၎င်းတို့ရဲ့ ပြည်တွင်းရေးစွက်ဖက်မှုတွေကို နားလည်ခွင့်လွှတ်ဖို့ ကြိုးစားခဲ့ပေမယ့် တီမောရဲ့ မြန်မာ့အချုပ် အခြာအာဏာကို ထပ်ခါတလဲလဲချိုးဖောက်ဖို့ကြိုးပမ်းမှုတွေ ကြောင့် အခုလို တုံ့ပြန်ရတာဖြစ်ပါတယ်။ အကယ်၍ ၎င်းတို့ရဲ့ရပ်တည်ချက်တွေ ပြောင်းလဲခြင်းမရှိရင် ပိုမို ပြင်းထန်တဲ့အစီအမံတွေ ထပ်မံချမှတ် သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ နိုင်ငံအားလုံးနဲ့ တန်းတူရည်တူရှိရေး၊ အပြန်အလှန် လေးစားရေးနဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးဆိုတဲ့ မူဝါဒတွေအပေါ် မှာပဲ ခိုင်ခိုင်မာမာ ဆက်လက် ရပ် တည်သွားမှာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနဲ့ အချုပ်အခြာအာဏာကို ချိုးဖောက် ခြင်းဟာ နိုင်ငံတကာဆက်ဆံရေးရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ “ အပြန်အလှန်လေးစားမှု” ဆိုတဲ့ကျင့်ဝတ် ကို ဖျက်ဆီးလိုက်တာပဲဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ မိမိတို့ရဲ့ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးပိုင်ခွင့်ရှိပြီး ဘယ်ပြင်ပအင်အားစုကမှ ဩဇာလွှမ်းမိုးဖို့ ဒါမှမဟုတ် ဖိအားပေးဖို့ကြိုးစားတာမျိုးကို လက်မခံသင့်ပါ ဘူး။ ဒီလိုချိုးဖောက်မှုတွေပေါ်ပေါက်လာတဲ့အခါမှာ အိမ် ရှင်နိုင်ငံအနေနဲ့ မိမိရဲ့ အမျိုးသားလုံခြုံရေးနဲ့ ဂုဏ် သိက္ခာကိုကာကွယ်ဖို့အတွက် သံတမန်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်အရေးယူဖို့ မဖြစ်မနေ လို အပ်လာပါတယ်။
သံတမန်ရေးအရအရေးယူရာမှာ ကန့်ကွက်လွှာ (Protest Note) ပေးပို့တာကနေစလို့ အဆင့် အမြင့် ဆုံးတုံ့ပြန်မှုဖြစ်တဲ့ “Persona Non Grata” အဖြစ်သတ်မှတ်ပြီး နှင်ထုတ်တာအထိ လုပ်ဆောင် ရမှာဖြစ်ပါတယ်။ အထူးသဖြင့် သံတမန်အဆင့်အတန်းကို အကာအကွယ်ယူပြီး ပြည်တွင်းရေးကိုစွက် ဖက်တာ၊ တရားမဝင်အဖွဲ့အစည်းတွေကိုကူညီတာ ဒါမှမဟုတ် နိုင်ငံတော်တည်ငြိမ်မှုကို ပျက်ပြား အောင်လုပ်ဆောင်တာမျိုးတွေဟာ ဗီယင်နာကွန်ဗင်းရှင်းပါ သံတမန် ကျင့်ဝတ်တွေကို အလွဲသုံးစားလုပ် တာဖြစ်လို့ ဥပဒေကြောင်းအရ ထိရောက်စွာအရေးယူဖို့လိုအပ်ပါတယ်။ ဒီလို ပြတ်ပြတ်သားသား အရေး ယူဆောင်ရွက်ခြင်းဟာ အဆိုပါနိုင်ငံတစ်ခုတည်းကို သတိပေးတာတင်မကဘဲ တခြားနိုင်ငံတွေကိုလည်း မိမိနိုင်ငံရဲ့ အချုပ်အခြာ အာဏာဟာ ထိပါးလို့မရတဲ့အရာဖြစ်တယ်ဆိုတာကို ပြတ်ပြတ်သားသား ပြသ လိုက်တဲ့ သံတမန်ရေးရာ ခံစစ်တစ်ခုလည်းဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာမိသားစုအတွင်း တန်းတူရည်တူဆက်ဆံရေးကိုထိန်းသိမ်းဖို့ဆိုရင် တခြား နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ ဘယ်လိုလုပ်ရပ်ကိုမဆို ခွင့်လွှတ်ခြင်းမပြုဘဲ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုကာကွယ်တဲ့အနေနဲ့ ပြင်းထန်တဲ့ သံတမန်ရေးရာအစီအမံတွေကို ပြတ်ပြတ်သား သား ချမှတ်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

Zawgyi Version;
အခ်ဳပ္အျခာအာဏာစည္းဝိုင္းႏွင့္ သံတမန္ေရးအရ ျပတ္သားစြာ အေရးယူျခင္း
တင္ဇာ (NP News) - ေဖေဖာ္ဝါရီ ၂၃
သံတမန္ေရးရာမွာ သံတမန္ကင္းလြတ္ခြင့္ကို မခ်ိဳးေဖာက္ဘဲ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ အခ်ဳပ္အျခာ အာဏာကိုကာကြယ္ဖို႔အတြက္ဆိုရင္ “Persona non grata”(PNG) ဆိုတဲ့ယႏၲရားဟာ မရွိမျဖစ္လိုအပ္ပါ တယ္။ (၁၉၆၁)ခုႏွစ္ ဗီယင္နာကြန္ဗင္းရွင္း အပိုဒ္(၉) မွာျပ႒ာန္းထားတဲ့ဒီအခ်က္ဟာ အိမ္ရွင္ႏိုင္ငံအေနနဲ႔ သူလွ်ိဳလုပ္တာ၊ ရာဇဝတ္မႈက်ဴးလြန္တာ ဒါမွမဟုတ္ ျပည္တြင္းေရးကိုစြက္ဖက္တာမ်ိဳးေတြ လုပ္ေဆာင္ တဲ့ သံတမန္ေတြကို ႏွင္ထုတ္ခြင့္ေပးထားပါတယ္။ ဒါဟာ မလိုလားအပ္တဲ့သူေတြကို ဖယ္ရွားဖို႔၊ အျပည္ ျပည္ဆိုင္ရာဥပေဒကိုလိုက္နာေစဖို႔နဲ႔ သံတမန္ေရးရာအ ျငင္းပြားမႈေတြကိုတုံ႔ျပန္ဖို႔အတြက္ အၾကမ္း မဖက္တဲ့ ထိေရာက္တဲ့နည္းလမ္းတစ္ခုလည္းျဖစ္ပါတယ္။
“Persona non grata” ဆိုတာ လက္တင္စကားျဖစ္ၿပီး “လက္မခံႏိုင္တဲ့ပုဂၢိဳလ္”လို႔ အဓိပၸာယ္ရ ပါတယ္။ သံတမန္ေရးရာမွာေတာ့ ႏိုင္ငံတစ္ႏိုင္ငံကေန ၎တို႔ရဲ႕နယ္နိမိတ္အတြင္းဝင္ေရာက္ဖို႔ ဒါမွ မဟုတ္ ဆက္ေနထိုင္ဖို႔ကို ပိတ္ပင္ထားတဲ့ သံတမန္ ဒါမွမဟုတ္ ႏိုင္ငံျခားသားကိုရည္ၫႊန္းတာျဖစ္ပါ တယ္။ ဒီအသုံးအႏႈန္းဟာ (၁၉၆၁)ခုႏွစ္ သံတမန္ဆက္ဆံေရးဆိုင္ရာ ဗီယင္နာကြန္ဗင္းရွင္းမွာ သံတမန္ ေရးရာအဓိပၸာယ္ကို စတင္ရရွိခဲ့တာပါ။ အဲဒီစာခ်ဳပ္ရဲ႕ အပိုဒ္ (၉)မွာ ႏိုင္ငံတစ္ႏိုင္ငံဟာ သံတမန္အဖြဲ႕ဝင္ တစ္ဦးဦး ကို “ဘယ္အခ်ိန္မွာမဆို၊ ဘာေၾကာင့္လဲဆိုတာ ရွင္းျပစရာမလိုဘဲ” Persona non grata အျဖစ္ေၾကညာႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီလိုေၾကညာၿပီးတာနဲ႔ သက္ဆိုင္ရာပုဂၢိဳလ္ဟာ မ်ား ေသာအားျဖင့္ မိမိရဲ႕မိခင္ႏိုင္ငံကို ျပန္သြားရပါတယ္။ အကယ္၍ က်ိဳး ေၾကာင္းဆီေလ်ာ္တဲ့အခ်ိန္ ကာလ အတြင္းမွာ ျပန္မသြားဘူးဆိုရင္ေတာ့ လက္ခံထားတဲ့ႏိုင္ငံက အဲဒီ ပုဂၢိဳလ္ကို “သံတမန္အဖြဲ႕ဝင္ တစ္ဦး အျဖစ္ အသိအမွတ္ျပဳဖို႔ျငင္းဆို” ႏိုင္ပါတယ္။ ဒါ့ျပင္ လူတစ္ေယာက္ကို ႏိုင္ငံထဲကို မေရာက္ရွိခင္ က တည္းက Persona non grata အျဖစ္ေၾကညာထားလို႔ရတယ္လို႔လည္း အဲဒီအပိုဒ္မွာ အတိအလင္း ဆိုထားပါတယ္။
တစ္ဖက္မွာလည္း သံတမန္အခြင့္အေရးနဲ႔ ကင္းလြတ္ခြင့္ေတြကို ခံစားခြင့္ရွိသူအားလုံးဟာ လက္ ခံထားတဲ့ႏိုင္ငံရဲ႕ဥပေဒေတြနဲ႔စည္းမ်ဥ္းေတြကို လိုက္နာေစာင့္ထိန္းရမယ္ဆိုတဲ့တာဝန္ရွိမႈကို ဗီယင္နာ ကြန္ဗင္းရွင္း အပိုဒ္ ၄၁ (၁)မွာ အေလးေပးေဖာ္ျပထားပါတယ္။ သံတမန္အဖြဲ႕ဝင္ေတြဟာ လက္ခံထားတဲ့ ႏိုင္ငံရဲ႕စည္းကမ္းေတြကို လိုက္နာရမွာျဖစ္သလို မိမိတို႔ရဲ႕ မိခင္ႏိုင္ငံေရးကိစၥေတြမွာလည္း လက္ခံထား တဲ့ႏိုင္ငံကေနတစ္ဆင့္ ဝင္ေရာက္စြက္ဖက္တာမ်ိဳးမလုပ္ရဘူးလို႔ ယူဆထားပါတယ္။
PNG ေၾကညာခဲ့တဲ့ ကမာၻ႔ျဖစ္ရပ္ေတြကိုေလ့လာၾကည့္မယ္ဆိုရင္ တူရကီသမၼတ အာဒိုဂန္က အေမရိကန္၊ ဂ်ာမနီနဲ႔ ျပင္သစ္တို႔အပါအဝင္ ႏိုင္ငံေပါင္း (၁၀)ႏိုင္ငံမွသံတမန္ေတြကို (၂၀၂၁)ခုႏွစ္မွာ Persona non grata အျဖစ္ေၾကညာခဲ့တာကိုေတြ႕ရပါတယ္။ အေၾကာင္းရင္းကေတာ့ (၂၀၁၃)ခုႏွစ္ ဂီဇီ ပန္းၿခံဆႏၵျပပြဲေတြနဲ႔ (၂၀၁၆)ခုႏွစ္ အာဏာသိမ္းဖို႔ ႀကိဳးပမ္းမႈေတြမွာ ပါဝင္ပတ္သက္တယ္ဆိုတဲ့စြပ္စြဲ ခ်က္နဲ႔ ေထာင္ဒဏ္ခ်မွတ္ခံထားရတဲ့ စီးပြားေရးလုပ္ငန္းရွင္ အိုစမန္ကာဗာလာကိုျပန္လႊတ္ေပးဖို႔ အဲဒီသံ တမန္ေတြက ေတာင္းဆိုခဲ့ၾကလို႔ျဖစ္ပါတယ္။ ဒီလိုျပင္းထန္တဲ့အေရးယူမႈေနာက္ကြယ္မွာ ေနာက္ထပ္ ယူဆရတဲ့အေၾကာင္းရင္းတစ္ခုကေတာ့ FATF အဖြဲ႕က တူရကီႏိုင္ငံကိုေစာင့္ၾကည့္ရမယ့္ Grey List စာရင္းထဲမွာထည့္သြင္းလိုက္တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါကေတာ့ လက္ခံတဲ့ႏိုင္ငံက သံတ မန္ေတြအေပၚအေရးယူတဲ့ နမူနာပုံစံျဖစ္ပါတယ္။
ဒါေပမဲ့ တစ္ခါတစ္ရံမွာ တခ်ိဳ႕ႏိုင္ငံေတြက သံတမန္မဟုတ္တဲ့ တျခားႏိုင္ငံေရးပုဂၢိဳလ္ေတြကို လည္း PNG အျဖစ္ေၾကညာခဲ့တဲ့သာဓကေတြရွိပါတယ္။ မကၠဆီကိုႏိုင္ငံရဲ႕ျဖစ္ရပ္မွာေတာ့ (၂၀၁၆) ခုႏွစ္အတြင္း ထရမ့္ရဲ႕ “မကၠဆီကိုနယ္စပ္တံတိုင္းတည္ေဆာက္ေရး”အစီအစဥ္နဲ႔ မကၠဆီကို ေ႐ႊ႕ေျပာင္း ေနထိုင္သူေတြကို “ရာဇဝတ္ေကာင္ေတြ၊ မုဒိမ္းေကာင္ ေတြ”လို႔ ေဝဖန္ပုတ္ခတ္ေျပာဆို မႈေတြေၾကာင့္ မကၠဆီကိုေအာက္လႊတ္ေတာ္က သူ႔ကိုႏိုင္ငံအတြင္း ဝင္ေရာက္ခြင့္မျပဳတဲ့ PNG အျဖစ္သတ္မွတ္ဖို႔ အစိုးရကို တိုက္တြန္းတဲ့ အဆိုျပဳခ်က္တစ္ခုကို တညီတၫြတ္တည္းအတည္ျပဳခဲ့ၾကတာျဖစ္ပါတယ္။ ပနားမားႏိုင္ငံမွာေတာ့ ထရမ့္က (၂၀၁၁)ခုႏွစ္အတြင္း အင္တာဗ်ဴးတစ္ခုမွာ “အေမရိကန္ဟာ ပနားမား တူးေျမာင္းကို ပနားမားအစိုးရဆီ အလကားျပန္ေပးလိုက္တာဟာ မိုက္မဲတဲ့လုပ္ရပ္ျဖစ္တယ္” လို႔ ေဝဖန္ ခဲ့တာေၾကာင့္ ပနားမားစီးတီး ျမဴနီစီပယ္ေကာင္စီက သူ႔ကို sona Non Grata အျဖစ္ေၾကညာခဲ့ပါတယ္။
အထက္ပါျဖစ္ရပ္ေတြကိုၾကည့္ရင္ ႏိုင္ငံေတြဟာ သူတို႔ရဲ႕ျပည္တြင္းေရးကို ႏႈတ္အားျဖင့္ စြက္ ဖက္ဖို႔ ႀကိဳးစားတာ ဒါမွမဟုတ္ အခ်ဳပ္အျခာအာဏာကို ထိပါးဖို႔ ႀကိဳးစားတာေတြကို ျြခင္းခ်က္မရွိ သံတမန္ေရးအရ ျပတ္ျပတ္သားသားတုံ႔ျပန္ေလ့ရွိတာကိုေတြ႕ရပါတယ္။ ယခုအခါ ျမန္မာအစိုးရအေနနဲ႔ လည္း တီေမာလက္စ္ေတသံ႐ုံးယာယီတာဝန္ခံအေပၚ အလားတူ အေရးယူေဆာင္႐ြက္မႈမ်ိဳးလုပ္ေဆာင္ ဖို႔ ျဖစ္လာခဲ့ပါတယ္။ ျမန္မာႏိုင္ငံကေန (၇)ရက္အတြင္း ျပန္လည္ ထြက္ခြာဖို႔ တီေမာလက္စ္ေတသံ႐ုံး ယာယီတာဝန္ခံ ကို ေခၚယူòန္ၾကားထားတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး ဌာနက (၂၀၂၆) ခုႏွစ္ ေဖေဖာ္ ဝါရီလ (၁၅) ရက္ ည ပိုင္းမွာ သတင္းထုတ္ျပန္လိုက္ပါတယ္။ တီေမာ လက္စ္ေတအစိုးရဟာ ျပည္တြင္း ေရး ဝင္ေရာက္စြက္ ဖက္ျခင္းမျပဳဖို႔အပါအဝင္ အာဆီယံပဋိညာဥ္ပါ အေျခခံမူေတြကို ေလးစားလိုက္နာ မယ္လို႔ အႀကိမ္ႀကိမ္ကတိျပဳခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံက ၎တို႔ရဲ႕ အာဆီယံအဖြဲ႕ဝင္ျဖစ္ေရးအေပၚ မူလ ရပ္တည္ခ်က္ကို ျပန္လည္သုံးသပ္ၿပီး အာဆီယံရဲ႕တူညီဆႏၵအတိုင္း လိုက္ပါေဆာင္႐ြက္ခဲ့ပါတယ္။ ဒါေပမဲ့ တီေမာလက္စ္ ေတဟာအာဆီယံအဖြဲ႕ဝင္ျဖစ္လာၿပီးေနာက္ပိုင္းမွာ ကတိကဝတ္ေတြကို လိုက္နာ ေဆာင္႐ြက္ျခင္း မရွိတာကိုေတြ႕ရွိရပါတယ္။
အထူးသျဖင့္ တီေမာလက္စ္ေတသမၼတဟာ ျမန္မာတပ္မေတာ္အရာရွိႀကီးေတြကို တရားစြဲဆိုေန တဲ့ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ ကိုယ္စားလွယ္ဆိုသူေတြကို (၂၀၂၆)ခုႏွစ္ ဇန္နဝါရီလ (၁၄)ရက္မွာ လက္ခံ ေတြ႕ဆုံခဲ့ပါတယ္။ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံရဲ႕ အႀကီးအကဲတစ္ဦးက တျခားအဖြဲ႕ဝင္ႏိုင္ငံကိုဆန႔္က်င္ေန တဲ့ တရားမဝင္အဖြဲ႕အစည္းနဲ႔ ထိေတြ႕ဆက္ဆံတာဟာ လုံးဝလက္ခံႏိုင္စရာမရွိသလို ဒါဟာ အာဆီယံ ပဋိညာဥ္နဲ႔ TAC သေဘာတူစာခ်ဳပ္ပါ အေျခခံမူေတြကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္လိုက္တာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဇန္နဝါရီလ(၁၆)ရက္မွာ သံ႐ုံးယာယီတာဝန္ခံကိုဆင့္ေခၚၿပီး ျပင္းထန္စြာ ကန႔္ ကြက္ရႈတ္ခ်ခဲ့သလို က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ တရားဝင္ေျဖ ရွင္းခ်က္ေပးဖို႔ကိုလည္းေတာင္းဆိုခဲ့ပါ တယ္။
အလားတူ ဖိလစ္ပိုင္ႏိုင္ငံ စီဘူးၿမိဳ႕မွာက်င္းပတဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝး မွာလည္း ျမန္မာဘက္က တီေမာလက္စ္ေတႏိုင္ငံျခား ေရးဝန္ႀကီးကို ထပ္မံသတိေပးခဲ့ရာမွာ ၎တို႔ ဘက္က တစ္ပတ္အတြင္း ေျဖရွင္းခ်က္ေပးမယ္လို႔ ကတိျပဳခဲ့ပါ တယ္။ ဒါေပမဲ့ ေျဖရွင္းခ်က္ကို ေစာင့္ ဆိုင္းေနတဲ့ကာလ အတြင္းမွာပဲ တီေမာလက္စ္ေတအစိုးရဟာ အဆိုပါ တရားစြဲဆိုမႈကိုေလ့လာဖို႔ ဝါရင့္ ေရွ႕ေနတစ္ဦးကို ခန႔္ အပ္ခဲ့တယ္ဆိုတဲ့သတင္းေတြကို စိတ္ပ်က္ဖြယ္ရာ ေတြ႕ရွိခဲ့ရပါတယ္။ ဒီလို လုပ္ရပ္ မ်ိဳးဟာ တျခားအာဆီ ယံႏိုင္ငံေတြမွာ အရင္ကမရွိခဲ့ဖူးတဲ့အျပင္ ျမန္မာျပည္သူေတြရဲ႕နာၾကည္းမႈကို ပိုျမင့္တက္ေစၿပီး ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို ဆိုးက်ိဳးသက္ေရာက္ေစခဲ့ပါတယ္။ ဒါ့ျပင္ တီေမာ လက္စ္ ေတသမၼတရဲ႕လုပ္ရပ္ေတြဟာ အာဆီယံပဋိညာဥ္ အပိုဒ္(၂)ပါအေျခခံမူေတြကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ေနတာျဖစ္ပါတယ္။
ဒါေၾကာင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနဟာ ျမန္မာႏိုင္ငံရဲ႕ျပည္တြင္းေရးကို မၾကာခဏ ဝင္ေရာက္ စြက္ဖက္ေနတဲ့ တီေမာလက္စ္ေတ သံ႐ုံးယာယီ တာဝန္ခံ မစၥတာအဲလီစီယို ဒို႐ိုဆားရီ႐ို ဒီေဆာ္ဆာကို (၂၀၂၆) ခုႏွစ္ ေဖေဖာ္ဝါရီလ(၁၃)ရက္မွာ ဆင့္ေခၚခဲ့ပါတယ္။ ထိုသို႔ဆင့္ေခၚရာမွာ သံတမန္ဆက္ဆံေရး ဆိုင္ရာ ဗီယင္နာကြန္ဗင္းရွင္း အပိုဒ္(၉)နဲ႔အညီ (၂၀၂၆) ခု ႏွစ္ ေဖေဖာ္ဝါရီလ (၂၀)ရက္ထက္ေနာက္ မက် ဘဲ ျမန္မာႏိုင္ငံကေန အၿပီးအပိုင္ထြက္ခြာဖို႔ ၫႊန္ၾကားခဲ့ပါတယ္။ ဒီျဖစ္ရပ္မွာ တီေမာလက္စ္ေတဟာ ျမန္မာအစိုးရကို လိမ္လည္ဟန္ေဆာင္တဲ့ ကတိကဝတ္ေတြ သုံးၿပီး အာဆီယံအတြင္းဝင္ခြင့္ရဖို႔ ျမန္မာရဲ႕ ေထာက္ခံခ်က္ကို မသမာစြာရယူခဲ့တာကိုေတြ႕ရပါတယ္။ ျမန္ မာအစိုးရအေနနဲ႔ သေဘာထားႀကီးစြာနဲ႔ ၎တို႔ရဲ႕ ျပည္တြင္းေရးစြက္ဖက္မႈေတြကို နားလည္ခြင့္လႊတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ တီေမာရဲ႕ ျမန္မာ့အခ်ဳပ္ အျခာအာဏာကို ထပ္ခါတလဲလဲခ်ိဳးေဖာက္ဖို႔ႀကိဳးပမ္းမႈေတြ ေၾကာင့္ အခုလို တုံ႔ျပန္ရတာျဖစ္ပါတယ္။ အကယ္၍ ၎တို႔ရဲ႕ရပ္တည္ခ်က္ေတြ ေျပာင္းလဲျခင္းမရွိရင္ ပိုမို ျပင္းထန္တဲ့အစီအမံေတြ ထပ္မံခ်မွတ္ သြားမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ကေတာ့ ႏိုင္ငံအားလုံးနဲ႔ တန္းတူရည္တူရွိေရး၊ အျပန္အလွန္ ေလးစားေရးနဲ႔ ျပည္တြင္းေရး မစြက္ဖက္ေရးဆိုတဲ့ မူဝါဒေတြအေပၚ မွာပဲ ခိုင္ခိုင္မာမာ ဆက္လက္ ရပ္ တည္သြားမွာျဖစ္ပါတယ္။
ႏိုင္ငံတစ္ႏိုင္ငံရဲ႕ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္းနဲ႔ အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္ ျခင္းဟာ ႏိုင္ငံတကာဆက္ဆံေရးရဲ႕ အေျခခံအက်ဆုံးျဖစ္တဲ့ “ အျပန္အလွန္ေလးစားမႈ” ဆိုတဲ့က်င့္ဝတ္ ကို ဖ်က္ဆီးလိုက္တာပဲျဖစ္ပါတယ္။ ႏိုင္ငံတိုင္းမွာ မိမိတို႔ရဲ႕ကံၾကမၼာကို မိမိတို႔ဘာသာ ဖန္တီးပိုင္ခြင့္ရွိၿပီး ဘယ္ျပင္ပအင္အားစုကမွ ဩဇာလႊမ္းမိုးဖို႔ ဒါမွမဟုတ္ ဖိအားေပးဖို႔ႀကိဳးစားတာမ်ိဳးကို လက္မခံသင့္ပါ ဘူး။ ဒီလိုခ်ိဳးေဖာက္မႈေတြေပၚေပါက္လာတဲ့အခါမွာ အိမ္ ရွင္ႏိုင္ငံအေနနဲ႔ မိမိရဲ႕ အမ်ိဳးသားလုံၿခဳံေရးနဲ႔ ဂုဏ္ သိကၡာကိုကာကြယ္ဖို႔အတြက္ သံတမန္ေရးအရ ျပင္းျပင္းထန္ထန္ တုံ႔ျပန္အေရးယူဖို႔ မျဖစ္မေန လို အပ္လာပါတယ္။
သံတမန္ေရးအရအေရးယူရာမွာ ကန႔္ကြက္လႊာ (Protest Note) ေပးပို႔တာကေနစလို႔ အဆင့္ အျမင့္ ဆုံးတုံ႔ျပန္မႈျဖစ္တဲ့ “Persona Non Grata” အျဖစ္သတ္မွတ္ၿပီး ႏွင္ထုတ္တာအထိ လုပ္ေဆာင္ ရမွာျဖစ္ပါတယ္။ အထူးသျဖင့္ သံတမန္အဆင့္အတန္းကို အကာအကြယ္ယူၿပီး ျပည္တြင္းေရးကိုစြက္ ဖက္တာ၊ တရားမဝင္အဖြဲ႕အစည္းေတြကိုကူညီတာ ဒါမွမဟုတ္ ႏိုင္ငံေတာ္တည္ၿငိမ္မႈကို ပ်က္ျပား ေအာင္လုပ္ေဆာင္တာမ်ိဳးေတြဟာ ဗီယင္နာကြန္ဗင္းရွင္းပါ သံတမန္ က်င့္ဝတ္ေတြကို အလြဲသုံးစားလုပ္ တာျဖစ္လို႔ ဥပေဒေၾကာင္းအရ ထိေရာက္စြာအေရးယူဖို႔လိုအပ္ပါတယ္။ ဒီလို ျပတ္ျပတ္သားသား အေရး ယူေဆာင္႐ြက္ျခင္းဟာ အဆိုပါႏိုင္ငံတစ္ခုတည္းကို သတိေပးတာတင္မကဘဲ တျခားႏိုင္ငံေတြကိုလည္း မိမိႏိုင္ငံရဲ႕ အခ်ဳပ္အျခာ အာဏာဟာ ထိပါးလို႔မရတဲ့အရာျဖစ္တယ္ဆိုတာကို ျပတ္ျပတ္သားသား ျပသ လိုက္တဲ့ သံတမန္ေရးရာ ခံစစ္တစ္ခုလည္းျဖစ္ပါတယ္။
ဒါေၾကာင့္ ႏိုင္ငံတကာမိသားစုအတြင္း တန္းတူရည္တူဆက္ဆံေရးကိုထိန္းသိမ္းဖို႔ဆိုရင္ တျခား ႏိုင္ငံရဲ႕ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္တဲ့ ဘယ္လိုလုပ္ရပ္ကိုမဆို ခြင့္လႊတ္ျခင္းမျပဳဘဲ မိမိႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကိုကာကြယ္တဲ့အေနနဲ႔ ျပင္းထန္တဲ့ သံတမန္ေရးရာအစီအမံေတြကို ျပတ္ျပတ္သား သား ခ်မွတ္ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္။