ကမ္ဘောဒီးယား အွန်လိုင်းငွေလိမ်လုပ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာနိုင်ငံသား (၁၂၀၀)ကျော်ကို ပြန်လည်ခေါ်ဆောင်ထား

 139

သန့်မင်းအိမ် (NP News) - ဖေဖော်ဝါရီ ၂၄
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာနိုင်ငံသား (၁၂၀၀)ကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ထပ်မံခေါ်ဆောင်ပေးရာ ယမန်နေ့( ဖေဖော်ဝါရီ ၂၃ ရက်)၊ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသား (၈၇) ဦးကို တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့လည်းကောင်း၊ ညပိုင်းတွင် မြန်မာနိုင်ငံသား (၈၁) ဦးကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့သို့လည်းကောင်း အသီးသီးပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင် ပေးလျက်ရှိရာ ဖေဖော်ဝါရီ (၇) ရက်အထိ မြန်မာနိုင်ငံသား (၁၀၈၆) ဦးအား မြန်မာ့လေကြောင်းလိုင်း (MAI)နှင့် တပ်မတော်လေယာဉ်များဖြင့် အသီးသီးပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင်လည်း မြန်မာနိုင်ငံသား (၁၆၈) ဦးကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့သဖြင့် စုစုပေါင်း မြန်မာနိုင်ငံသား (၁၂၅၄) ဦး ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့နောက် ယင်းနေ့တွင် မြိတ်မြို့သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြိတ်ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား မင်္ဂလာဒုံ ခရိုင်/ မြို့နယ်တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက တွေ့ဆုံ၍ စားသောက်ဖွယ်ရာများပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ကေမာၻဒီးယား အြန္လိုင္းေငြလိမ္လုပ္လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ခဲ့သည့္ ျမန္မာႏိုင္ငံသား (၁၂၀၀)ေက်ာ္ကို ျပန္လည္ေခၚေဆာင္ထား
သန႔္မင္းအိမ္ (NP News) - ေဖေဖာ္ဝါရီ ၂၄
ကေမာၻဒီးယားႏိုင္ငံရွိ အြန္လိုင္းေငြလိမ္လုပ္လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ခဲ့သည့္ ျမန္မာႏိုင္ငံသား (၁၂၀၀)ေက်ာ္ကို ျမန္မာႏိုင္ငံသို႔ ျပန္လည္ေခၚေဆာင္ထားႏိုင္ၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ကေမာၻဒီးယားႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးသို႔ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထပ္မံေခၚေဆာင္ေပးရာ ယမန္ေန႔( ေဖေဖာ္ဝါရီ ၂၃ ရက္)၊ မြန္းလြဲပိုင္းတြင္ ျမန္မာႏိုင္ငံသား (၈၇) ဦးကို တပ္မေတာ္ေလယာဥ္ျဖင့္ ၿမိတ္ၿမိဳ႕သို႔လည္းေကာင္း၊ ညပိုင္းတြင္ ျမန္မာႏိုင္ငံသား (၈၁) ဦးကို တပ္မေတာ္ေလယာဥ္ျဖင့္ ရန္ကုန္ၿမိဳ႕သို႔လည္းေကာင္း အသီးသီးျပန္လည္ေခၚေဆာင္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံေတာ္အစိုးရအေနျဖင့္ ကေမာၻဒီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးသို႔ ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားမ်ားအား ျပန္လည္ ေခၚေဆာင္ ေပးလ်က္ရွိရာ ေဖေဖာ္ဝါရီ (၇) ရက္အထိ ျမန္မာႏိုင္ငံသား (၁၀၈၆) ဦးအား ျမန္မာ့ေလေၾကာင္းလိုင္း (MAI)ႏွင့္ တပ္မေတာ္ေလယာဥ္မ်ားျဖင့္ အသီးသီးျပန္လည္ေခၚေဆာင္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေဖေဖာ္ဝါရီ ၂၃ ရက္တြင္လည္း ျမန္မာႏိုင္ငံသား (၁၆၈) ဦးကို ျပန္လည္ေခၚေဆာင္ေပးႏိုင္ခဲ့သျဖင့္ စုစုေပါင္း ျမန္မာႏိုင္ငံသား (၁၂၅၄) ဦး ျပန္လည္ေရာက္ရွိခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ယင္းေန႔တြင္ ၿမိတ္ၿမိဳ႕သို႔ေရာက္ရွိလာသည့္ ျမန္မာႏိုင္ငံသားမ်ားအား ကမ္း႐ိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ေက်ာ္ေက်ာ္ဟန္ႏွင့္ တာဝန္ရွိသူမ်ား၊ ၿမိတ္ခ႐ိုင္/ ၿမိဳ႕နယ္ဌာနဆိုင္ရာတာဝန္ရွိသူမ်ားက သြားေရာက္ေတြ႕ဆုံခဲ့ၿပီး ညေနပိုင္းတြင္ တပ္မေတာ္ေလယာဥ္ျဖင့္ ရန္ကုန္ၿမိဳ႕သို႔ ဆက္လက္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အလားတူ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိလာသည့္ ျမန္မာႏိုင္ငံသားမ်ားအား မဂၤလာဒုံ ခ႐ိုင္/ ၿမိဳ႕နယ္တာဝန္ရွိသူမ်ားႏွင့္ ဌာနဆိုင္ရာတာဝန္ရွိ သူမ်ားက ေတြ႕ဆုံ၍ စားေသာက္ဖြယ္ရာမ်ားေပးအပ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စီစဥ္ေပးေသာ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ရန္ကုန္ၿမိဳ႕ရွိ စုရပ္ေနရာသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ကေမာၻဒီးယားႏိုင္ငံမွ ျပန္လည္ေရာက္ရွိလာသည့္ ျမန္မာႏိုင္ငံသားမ်ားအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက လိုအပ္သည့္ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ား စာရင္းေကာက္ယူျခင္းလုပ္ငန္းမ်ား၊ လိုအပ္သည့္ စစ္ေဆးမႈမ်ားေဆာင္႐ြက္ကာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.