နာမည်ကြီးမူးယစ်ဂိုဏ်းခေါင်းဆောင် သတ်ဖြတ်ခံရပြီးနောက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့တွေကို အမေရိကန် ချီးကျူး

252

Pika (NP News) - ဖေဖော်ဝါရီ ၂၅
အမေရိကန်ရဲ့အလိုချင်ဆုံး မူးယစ်ဆေးဝါးခေါင်းဆောင်တွေထဲကတစ်ဦးကို ရှင်းလင်းသုတ်သင်နိုင်ခဲ့တဲ့ မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့တွေကို အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာလန်ဒေါက ချီးကျူးဂုဏ်ပြုခဲ့ တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးခေါင်းဆောင် အယ်လ်မန်ချိုကို ရှင်းလင်းသုတ်သင်နိုင်မှုက ဒေသတွင်းနဲ့ ကမ္ဘာအတွက် အဓိကအောင်ပွဲတစ်ခုဖြစ်တယ်လို့လည်း ခရစ္စတိုဖာလန်ဒေါက ဖော်ပြပြောဆိုခဲ့ပါတယ်။
အယ်လ်မန်ချိုဟာ Tapalpa မြို့မှာ ၎င်းကို ဖမ်းဆီးဖို့လုပ်ဆောင်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးတစ်ခုအတွင်း ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့်ပဲ သေဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အယ်လ်မန်ချိုရဲ့ Jalisco New Generation Cartel (CJNG) မူးယစ်ဆေးဝါးဂိုဏ်းဟာ မက္ကဆီကိုနိုင်ငံတွင်းမှာ ဩဇာအရှိဆုံးရာဇဝတ်ဂိုဏ်းတွေထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
အယ်လ်မန်ချိုဟာ မက္ကဆီမှာ အလိုချင်ဆုံးစာရင်းဝင်လူတွေထဲကတစ်ယောက်ဖြစ်ပြီး အမေရိကန်ရဲ့ အလိုချင်ဆုံး လူတွေထဲမှာလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် အယ်လ်မန်ချိုကို ဖမ်းဆီးနိုင်ဖို့အတွက် သတင်းပေးမယ့်သူ ကို အမေရိကန်ဒေါ်လာ(၁၅)သန်းအထိ ဆုငွေပေးအပ်မယ်လို့ ကမ်းလှမ်းမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။
ခရစ္စတိုဖာလန်ဒေါက “မက္ကဆီကိုတပ်ဖွဲ့တွေဟာ သွေးထွက်သံယိုမှုအများဆုံးနဲ့ ရက်စက်အကြမ်းကြုတ်ဆုံး မူးယစ်ဆေးဝါးဘုရင်တွေထဲက တစ်ယောက်ဖြစ်တဲ့ အယ်လ်မန်ချိုကို သတ်ပစ်လိုက်တယ်ဆိုတဲ့သတင်းတွေကို ကြား သိရပါတယ်။ ဒါက မက္ကဆီကို၊ အမေရိကန် နဲ့ လက်တင်အမေရိကနဲ့ ကမ္ဘာကြီးအတွက် တကယ်ကို ကောင်းမွန်တဲ့ဖွံ့ဖြိုးတိုးတက်မှုတစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
နာမည္ႀကီးမူးယစ္ဂိုဏ္းေခါင္းေဆာင္ သတ္ျဖတ္ခံရၿပီးေနာက္ မကၠဆီကို လုံၿခဳံေရးတပ္ဖြဲ႕ေတြကို အေမရိကန္ ခ်ီးက်ဴး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၅
အေမရိကန္ရဲ႕အလိုခ်င္ဆုံး မူးယစ္ေဆးဝါးေခါင္းေဆာင္ေတြထဲကတစ္ဦးကို ရွင္းလင္းသုတ္သင္ႏိုင္ခဲ့တဲ့ မကၠဆီကို လုံၿခဳံေရးတပ္ဖြဲ႕ေတြကို အေမရိကန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး ခရစၥတိုဖာလန္ေဒါက ခ်ီးက်ဴးဂုဏ္ျပဳခဲ့ တယ္လို႔ သိရပါတယ္။ မူးယစ္ေဆးဝါးေခါင္းေဆာင္ အယ္လ္မန္ခ်ိဳကို ရွင္းလင္းသုတ္သင္ႏိုင္မႈက ေဒသတြင္းနဲ႔ ကမာၻအတြက္ အဓိကေအာင္ပြဲတစ္ခုျဖစ္တယ္လို႔လည္း ခရစၥတိုဖာလန္ေဒါက ေဖာ္ျပေျပာဆိုခဲ့ပါတယ္။
အယ္လ္မန္ခ်ိဳဟာ Tapalpa ၿမိဳ႕မွာ ၎ကို ဖမ္းဆီးဖို႔လုပ္ေဆာင္ခဲ့တဲ့ စစ္ဘက္ဆိုင္ရာစစ္ဆင္ေရးတစ္ခုအတြင္း ရရွိခဲ့တဲ့ဒဏ္ရာေတြေၾကာင့္ပဲ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
အယ္လ္မန္ခ်ိဳရဲ႕ Jalisco New Generation Cartel (CJNG) မူးယစ္ေဆးဝါးဂိုဏ္းဟာ မကၠဆီကိုႏိုင္ငံတြင္းမွာ ဩဇာအရွိဆုံးရာဇဝတ္ဂိုဏ္းေတြထဲက တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
အယ္လ္မန္ခ်ိဳဟာ မကၠဆီမွာ အလိုခ်င္ဆုံးစာရင္းဝင္လူေတြထဲကတစ္ေယာက္ျဖစ္ၿပီး အေမရိကန္ရဲ႕ အလိုခ်င္ဆုံး လူေတြထဲမွာလည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အယ္လ္မန္ခ်ိဳကို ဖမ္းဆီးႏိုင္ဖို႔အတြက္ သတင္းေပးမယ့္သူ ကို အေမရိကန္ေဒၚလာ(၁၅)သန္းအထိ ဆုေငြေပးအပ္မယ္လို႔ ကမ္းလွမ္းမႈေတြရွိခဲ့တယ္လို႔လည္း သိရပါတယ္။
ခရစၥတိုဖာလန္ေဒါက “မကၠဆီကိုတပ္ဖြဲ႕ေတြဟာ ေသြးထြက္သံယိုမႈအမ်ားဆုံးနဲ႔ ရက္စက္အၾကမ္းၾကဳတ္ဆုံး မူးယစ္ေဆးဝါးဘုရင္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ အယ္လ္မန္ခ်ိဳကို သတ္ပစ္လိုက္တယ္ဆိုတဲ့သတင္းေတြကို ၾကား သိရပါတယ္။ ဒါက မကၠဆီကို၊ အေမရိကန္ နဲ႔ လက္တင္အေမရိကနဲ႔ ကမာၻႀကီးအတြက္ တကယ္ကို ေကာင္းမြန္တဲ့ဖြံ႕ၿဖိဳးတိုးတက္မႈတစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။