LNG လျှပ်စစ်သုံးမည့် စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များအား (၁)ယူနစ်လျှင် (၉၀၀)ကျပ်ဖြင့် (၂၄)နာရီ လျှပ်စစ်သီးခြားဓာတ်အားပေးမည်

 786

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၂၈

LNG လျှပ်စစ်သုံးမည့် စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များအား (၁)ယူနစ်လျှင် (၉၀၀)ကျပ်ဖြင့် (၂၄)နာရီ လျှပ်စစ်သီးခြားဓာတ်အားပေးမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သဘာဝဓာတ်ငွေ့ရည် LNG သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို (၂၄)နာရီ သီးခြားပေးမည်ဖြစ်ပြီး ပုံသေဓာတ်အားခနှုန်း တစ်ယူနစ်လျှင် (၉၀၀) ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးနိုင်သည့် စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်များအတွင်းရှိ အိမ်သုံးမဟုတ်သည့်နှုန်းထားဖြင့် ကောက်ခံနေသော လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံ ဓာတ်အားလိုင်းနှင့် ဓာတ်အားစနစ်ပြတ်တောက်မှုမှအပ ဓာတ်အားဖြတ်တောက်မှုမပြုလုပ်ဘဲ (၂၄) နာရီ သီးခြားဓာတ်အားပေးမည်ဖြစ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။
အိမ်သုံး မဟုတ်သည့်အမျိုးအစားဖြစ်သည့် စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံး၊ ဌာနအဖွဲ့ အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ၊ မြစ်ရေတင် လုပ်ငန်း၊ စည်ပင်သာယာရုံး ဌာန၊လုပ်ငန်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများအား (၁)ယူနစ်မှ (၅၀၀၀)ယူနစ် အထိ (၂၅၀)ကျပ် ၊ (၅၀၀၁)ယူနစ် မှ (၂၀၀၀၀)ယူနစ် အထိ (၄၀၀)ကျပ် ၊ (၂၀၀၀၁) ယူနစ် နှင့် အထက်လျှင် (၅၀၀)ကျပ် ဖြင့် လက်ရှိနှုန်းထားအတိုင်း ပြောင်းလဲမှုမရှိဘဲ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များ၏ ပြင်ပတွင်ရှိသော စက်မှု၊စီးပွားရေးလုပ်ငန်းများမှ ပုံသေဓာတ်အားခနှုန်း တစ်ယူနစ်လျှင် (၉၀၀) ကျပ် ပေးဆောင်၍ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ရယူရန် ဌာနသို့တင်ပြလာပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အားဖြန့်ဖြူး မှုနိုင်နင်းခြင်းမရှိလျှင် ဓာတ်အားဖြတ်တောက်မှုရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အိမ်သုံးအမျိုးအစားဖြစ်သည့် နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံးတစ်ခဲတည်း (အိမ်သုံး) နှင့် စီးပွားရေးလုပ်ငန်း မပါသော ဘာသာ၊ သာသနာအဆောက်အအုံဖြစ်ပါက (၁)ယူနစ် မှ (၅၀)ယူနစ်အထိ (၅၀)ကျပ် ၊ (၅၁)ယူနစ်မှ (၁၀၀)ယူနစ်အထိ (၁၀၀)ကျပ် ၊ (၁၀၁)ယူနစ်မှ (၂၀၀)အထိ (၁၅၀)ကျပ် ၊ (၂၀၁)ယူနစ် နှင့် အထက်လျှင် (၃၀၀)ကျပ်ဖြင့် လက်ရှိကောက်ခံနေသည့် အတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရသည်။
ထို လျှပ်စစ်ဓာတ်အားခနှုန်းထားများပြင်ဆင်သတ်မှတ်ခြင်းသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁ ရက်) မှစတင်၍ အကျိုးသက်ရောက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version;
LNG လွ်ပ္စစ္သုံးမည့္ စက္မႈဇုန္ႏွင့္ အထူးစီးပြားေရးဇုန္မ်ားအား (၁)ယူနစ္လွ်င္ (၉၀၀)က်ပ္ျဖင့္ (၂၄)နာရီ လွ်ပ္စစ္သီးျခားဓာတ္အားေပးမည္
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီ ၂၈
LNG လွ်ပ္စစ္သုံးမည့္ စက္မႈဇုန္ႏွင့္ အထူးစီးပြားေရးဇုန္မ်ားအား (၁)ယူနစ္လွ်င္ (၉၀၀)က်ပ္ျဖင့္ (၂၄)နာရီ လွ်ပ္စစ္သီးျခားဓာတ္အားေပးမည္ျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
သဘာဝဓာတ္ေငြ႕ရည္ LNG သုံး ဓာတ္အားေပးစက္႐ုံမ်ားမွ ထုတ္လုပ္ေသာ လွ်ပ္စစ္ဓာတ္အားကို (၂၄)နာရီ သီးျခားေပးမည္ျဖစ္ၿပီး ပုံေသဓာတ္အားခႏႈန္း တစ္ယူနစ္လွ်င္ (၉၀၀) က်ပ္ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
တိုက္႐ိုက္လိုင္းျဖင့္ ဓာတ္အားေပးႏိုင္သည့္ စက္မႈဇုန္၊ အထူးစီးပြားေရးဇုန္မ်ားအတြင္းရွိ အိမ္သုံးမဟုတ္သည့္ႏႈန္းထားျဖင့္ ေကာက္ခံေနေသာ လွ်ပ္စစ္ဓာတ္အားသုံးစြဲသူမ်ားထံ ဓာတ္အားလိုင္းႏွင့္ ဓာတ္အားစနစ္ျပတ္ေတာက္မႈမွအပ ဓာတ္အားျဖတ္ေတာက္မႈမျပဳလုပ္ဘဲ (၂၄) နာရီ သီးျခားဓာတ္အားေပးမည္ျဖစ္ေၾကာင္း ေၾကညာထားျခင္းျဖစ္သည္။
အိမ္သုံး မဟုတ္သည့္အမ်ိဳးအစားျဖစ္သည့္ စက္မႈလုပ္ငန္းမ်ား၊ စီးပြားေရးလုပ္ငန္းမ်ား၊ တစ္လုံးတစ္ခဲတည္း၊ ယာယီသုံး၊ လမ္းမီး၊ အစိုးရ႐ုံး၊ ဌာနအဖြဲ႕ အစည္းမ်ား၊ ႏိုင္ငံပိုင္စက္မႈလုပ္ငန္းမ်ား၊ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းမ်ား ၊ ျမစ္ေရတင္ လုပ္ငန္း၊ စည္ပင္သာယာ႐ုံး ဌာန၊လုပ္ငန္းမ်ား၊ အစိုးရမဟုတ္ေသာအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံျခားသံ႐ုံးမ်ား ႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအား (၁)ယူနစ္မွ (၅၀၀၀)ယူနစ္ အထိ (၂၅၀)က်ပ္ ၊ (၅၀၀၁)ယူနစ္ မွ (၂၀၀၀၀)ယူနစ္ အထိ (၄၀၀)က်ပ္ ၊ (၂၀၀၀၁) ယူနစ္ ႏွင့္ အထက္လွ်င္ (၅၀၀)က်ပ္ ျဖင့္ လက္ရွိႏႈန္းထားအတိုင္း ေျပာင္းလဲမႈမရွိဘဲ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ စက္မႈဇုန္ႏွင့္ အထူးစီးပြားေရးဇုန္မ်ား၏ ျပင္ပတြင္ရွိေသာ စက္မႈ၊စီးပြားေရးလုပ္ငန္းမ်ားမွ ပုံေသဓာတ္အားခႏႈန္း တစ္ယူနစ္လွ်င္ (၉၀၀) က်ပ္ ေပးေဆာင္၍ (၂၄)နာရီ လွ်ပ္စစ္ဓာတ္အား ရယူရန္ ဌာနသို႔တင္ျပလာပါက ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး ဓာတ္အားထုတ္လုပ္မႈႏွင့္ ဓာတ္အားျဖန႔္ျဖဴး မႈႏိုင္နင္းျခင္းမရွိလွ်င္ ဓာတ္အားျဖတ္ေတာက္မႈရွိႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ အိမ္သုံးအမ်ိဳးအစားျဖစ္သည့္ ေနအိမ္သုံး၊ အိမ္သုံးပါဝါ၊ တစ္လုံးတစ္ခဲတည္း (အိမ္သုံး) ႏွင့္ စီးပြားေရးလုပ္ငန္း မပါေသာ ဘာသာ၊ သာသနာအေဆာက္အအုံျဖစ္ပါက (၁)ယူနစ္ မွ (၅၀)ယူနစ္အထိ (၅၀)က်ပ္ ၊ (၅၁)ယူနစ္မွ (၁၀၀)ယူနစ္အထိ (၁၀၀)က်ပ္ ၊ (၁၀၁)ယူနစ္မွ (၂၀၀)အထိ (၁၅၀)က်ပ္ ၊ (၂၀၁)ယူနစ္ ႏွင့္ အထက္လွ်င္ (၃၀၀)က်ပ္ျဖင့္ လက္ရွိေကာက္ခံေနသည့္ အတိုင္း ေျပာင္းလဲမႈမရွိေၾကာင္း သိရသည္။
ထို လွ်ပ္စစ္ဓာတ္အားခႏႈန္းထားမ်ားျပင္ဆင္သတ္မွတ္ျခင္းသည္ ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီလ ၁ ရက္) မွစတင္၍ အက်ိဳးသက္ေရာက္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.