ဗြိတိန်မှာ ရှားပါးဦးနှောက်အမြှေးရောင်ရောဂါကူးစက်ပြန့်ပွားမှုကြောင့် လူငယ် (၂) ဦး သေဆုံး

139

ရောင်နီ (NP News) - မတ် ၁၉
ဗြိတိန်နိုင်ငံ၊ ကန်တာဘာရီမြို့ရှိ တက္ကသိုလ်နဲ့ စာသင်ကျောင်းတွေမှာ မနင်ဂိုကော့ကပ်စ်ဘီ (Meningococcal B) ဘက်တီးရီးယားကြောင့်ဖြစ်ပွားတဲ့ ရှားပါးဦးနှောက်အမြှေးရောင်ရောဂါ ကူးစက်မှုကြောင့် လူငယ် (၂) ဦး သေဆုံးပြီး (၁၁) ဦး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
လန်ဒန်မြို့နဲ့ တစ်နာရီခန့်ဝေးတဲ့ ကန်တာဘာရီမြို့ရှိ Club Chemistry ညကလပ်တစ်ခုနဲ့ဆက်စပ်ပြီး ကျောင်းသားလူငယ်တွေကြား ရောဂါကူးစက်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး မတ်လ (၁၃) ရက်မှ (၁၅) ရက်အတွင်း ဦးနှောက် အမြှေးရောင်နဲ့ သွေးဆိပ်တက်ရောဂါလက္ခဏာခံစားရသူ (၁၃) ဦးအထိ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူ နှစ်ဦးဟာ အသက် (၂၁) နှစ်အရွယ် ကင့်တက္ကသိုလ်ကျောင်းသားတစ်ဦးနဲ့ အသက် (၁၈) နှစ်အရွယ် ကျောင်းသူ တစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။
UK ကျန်းမာရေးလုံခြုံရေးအေဂျင်စီ (UKHSA) က ယခုဖြစ်စဉ်ကို မကြုံစဖူး ထူးခြားဖြစ်စဉ်အဖြစ် သတ်မှတ်ထား ပါတယ်။ မတ်လ (၅) ရက်မှ (၇) ရက်အတွင်း Club Chemistry ကို သွားတဲ့သူတွေ အပါအဝင် လူပေါင်း ၃၀,၀၀၀ ကျော်ကို ကြိုတင်ကာကွယ်နိုင်မယ့် ပဋိဇီဝဆေးတွေသောက်သုံးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ လက်ရှိ ရောဂါကူးစက်မှုကို ကန်တာဘာရီနဲ့ ကင့်ဒေသအတွင်းမှာသာ ထိန်းချုပ်ထားနိုင်ပြီး အခြားနေရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခြင်း မရှိသေးဘူးလို့ UKHSA က အတည်ပြုထားပါတယ်။
မနင်ဂိုကော့ကပ်စ် ဘက်တီးရီးယားဟာ ဦးနှောက်နဲ့ ကျောရိုးနံရံတွေကို ရောင်ရမ်းစေပြီး သွေးပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်မရွေး ကူးစက်နိုင်ပေမယ့် ကလေးငယ်တွေနဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။

Zawgyi Version;
ၿဗိတိန္မွာ ရွားပါးဦးေႏွာက္အေျမႇးေရာင္ေရာဂါကူးစက္ျပန႔္ပြားမႈေၾကာင့္ လူငယ္ (၂) ဦး ေသဆုံး
ေရာင္နီ (NP News) - မတ္ ၁၉
ၿဗိတိန္ႏိုင္ငံ၊ ကန္တာဘာရီၿမိဳ႕ရွိ တကၠသိုလ္နဲ႔ စာသင္ေက်ာင္းေတြမွာ မနင္ဂိုေကာ့ကပ္စ္ဘီ (Meningococcal B) ဘက္တီးရီးယားေၾကာင့္ျဖစ္ပြားတဲ့ ရွားပါးဦးေႏွာက္အေျမႇးေရာင္ေရာဂါ ကူးစက္မႈေၾကာင့္ လူငယ္ (၂) ဦး ေသဆုံးၿပီး (၁၁) ဦး ေဆး႐ုံတင္ထားရတယ္လို႔ သိရပါတယ္။
လန္ဒန္ၿမိဳ႕နဲ႔ တစ္နာရီခန႔္ေဝးတဲ့ ကန္တာဘာရီၿမိဳ႕ရွိ Club Chemistry ညကလပ္တစ္ခုနဲ႔ဆက္စပ္ၿပီး ေက်ာင္းသားလူငယ္ေတြၾကား ေရာဂါကူးစက္ပ်ံ႕ႏွံ႔ခဲ့ျခင္းျဖစ္ၿပီး မတ္လ (၁၃) ရက္မွ (၁၅) ရက္အတြင္း ဦးေႏွာက္ အေျမႇးေရာင္နဲ႔ ေသြးဆိပ္တက္ေရာဂါလကၡဏာခံစားရသူ (၁၃) ဦးအထိ ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ ေသဆုံးသူ ႏွစ္ဦးဟာ အသက္ (၂၁) ႏွစ္အ႐ြယ္ ကင့္တကၠသိုလ္ေက်ာင္းသားတစ္ဦးနဲ႔ အသက္ (၁၈) ႏွစ္အ႐ြယ္ ေက်ာင္းသူ တစ္ဦးတို႔ျဖစ္တယ္လို႔ သိရပါတယ္။
UK က်န္းမာေရးလုံၿခဳံေရးေအဂ်င္စီ (UKHSA) က ယခုျဖစ္စဥ္ကို မႀကဳံစဖူး ထူးျခားျဖစ္စဥ္အျဖစ္ သတ္မွတ္ထား ပါတယ္။ မတ္လ (၅) ရက္မွ (၇) ရက္အတြင္း Club Chemistry ကို သြားတဲ့သူေတြ အပါအဝင္ လူေပါင္း ၃၀,၀၀၀ ေက်ာ္ကို ႀကိဳတင္ကာကြယ္ႏိုင္မယ့္ ပဋိဇီဝေဆးေတြေသာက္သုံးဖို႔ တိုက္တြန္းထားတယ္လို႔ သိရပါတယ္။ လက္ရွိ ေရာဂါကူးစက္မႈကို ကန္တာဘာရီနဲ႔ ကင့္ေဒသအတြင္းမွာသာ ထိန္းခ်ဳပ္ထားႏိုင္ၿပီး အျခားေနရာေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ ပ်ံ႕ႏွံ႔သြားျခင္း မရွိေသးဘူးလို႔ UKHSA က အတည္ျပဳထားပါတယ္။
မနင္ဂိုေကာ့ကပ္စ္ ဘက္တီးရီးယားဟာ ဦးေႏွာက္နဲ႔ ေက်ာ႐ိုးနံရံေတြကို ေရာင္ရမ္းေစၿပီး ေသြးပိုးဝင္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ အသက္အ႐ြယ္မေ႐ြး ကူးစက္ႏိုင္ေပမယ့္ ကေလးငယ္ေတြနဲ႔ လူငယ္ေတြမွာ အျဖစ္မ်ားပါတယ္။