စင်ကာပူနိုင်ငံက COVID-19 အစီအမံများကို ပိုမိုတင်းကြပ်လာပြီး လူ ၂ ဦးထိသာ စုဝေးခွင့်ပြုသွားမည်

 626

ရောင်နီ ( NP News ) – မေ ၁၄

စင်ကာပူသည် ကိုဗစ် - ၁၉ ကူးစက်မှု များပြားလာခြင်းကြောင့် လက်ရှိခွင့်ပြုထားသည့် လူ ၅ ဦး စုဝေး နိုင်မှုမှ ၂ ဦးသို့ လျှော့ချသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး Lawrence Wong က မေလ ၁၄ ရက်တွင် ပြောသည်။

မေလ ၁၄ ရက်က ပြုလုပ်သည့် ကျန်းမာရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် လူတိုင်းနေအိမ်တွင် သာ နေထိုင်သင့်ကြောင်း၊ မဖြစ်မနေ ကိစ္စရှိမှသာ အပြင်ထွက်သွားလာမှု ပြုသင့်ကြောင်း၊ ပြည်သူ့ကျန်း မာရေးအခြေအနေကိုကြည့်ပြီး ယခုထက်ပိုတင်းကြပ်သင့်၊ မသင့်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သိရသည်။

“တကယ်လို့ အခြေအနေ မတိုးတက်ဘူးဆိုရင်တော့ နောက်ပိုင်းမှာ ပိုပြီးတင်းကြပ်တဲ့ လုပ်ဆောင်ချက် တွေကို ပြုလုပ်သွားရတော့မယ်။ ကူးစက်မှုနှုန်းတွေ ကျဆင်းသွားရင်တော့ ကန့်သတ်ချက်တွေ ဖြေေ လျှာ့သွားမယ့် နည်းလမ်းကို စဉ်းစားသွားမယ်”ဟု ပညာရေးဝန်ကြီးကပြောသည်။

ကျန်းမာရေးဝန်ကြီး Gan Kim Yong က “လူတိုင်းကိုနိုးနိုးကြားကြားရှိစေရန်နဲ့ မလိုအပ်ဘဲ လူမှုဆက်ဆံရေးတွေကို လျှော့ချဖို့ တိုက်တွန်းလိုပါတယ်။ လုပ်ငန်းခွင်တွေအနေနဲ့ Work From Home ကို ပြန်သွားရမယ်”ဟု ပြောသည်။

ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ရရှိထားသည့် ခရီးသွားဧည့်သည် ဆွဲဆောင် ရာ နေရာများ၏ လည်ပတ်နိုင်စွမ်းကို လက်ရှိ ၅ဝ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းထိ လျှော့ချသွားမည်ဖြစ် ပြီး ပြတိုက်များနှင့် အများပြည်သူဆိုင်ရာ စာကြည့်တိုက်များကို ၂၅ ရာခိုင်နှုန်းထိ လျှော့ချသွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် မိုးလုံလေလုံနှင့် အဆောက်အအုံပြင်ပမှ ပွဲများကို လူ ၅ဝ အထိ ကန့်သတ်သွားမည်ဖြစ်ပြီး လက် ထပ်ပွဲကို တက်ရောက်သူ ၅ဝ နှင့် ၁ဝဝကြား၊ နာရေးအခမ်းအနားကို တက်ရောက်သူ ၂ဝ အထိသာ ခွင့် ပြုသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆင့် ၂ (Heightened Alert) ဟုခေါ်သည့် ယင်းဆောင်ရွက်ချက်များသည် မေလ ၁၆ ရက်မှ ဇွန် ၁၃ ရက်အထိ အကျိုးသက် ရောက်မှု ရှိမည်ဖြစ်ကြောင်း သိရသည်။

#NPNews

Related news

© 2021. All rights reserved.