ထိုင်းဝန်ကြီးချုပ်က ကိုဗစ်လူနာများကိုကုသရန် ဆေးခါးကြီးပင်တစ်မျိုး အသုံးပြုခြင်းကို ထောက်ခံခဲ့

 1905

ရောင်နီ (NP News) - မေ ၂၆
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာသည် ကိုဗစ်-၁၉ လူနာများကို ၎င်းတို့၏ ယောင်ရမ်းမှုများ လျော့ချရန်ကုသရာတွင် Green Chiretta (မြန်မာအခေါ်ဆေးခါးကြီးပင်တစ်မျိုး)ကို အသုံးပြုရန် ထောက်ခံခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က မေလ ၂၆ ရက်တွင်ပြောကြားသည်ဟု Bangkokpost သတင်းဖော်ပြချက်အရသိရသည်။

ထိုင်းအခေါ် Fa Talai Jone အမည်ရှိ ဆေးခါးကြီးပင်တစ်မျိုးသည် ရောင်ရမ်းခြင်းကို လျော့နည်းစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေနိုင်ကြောင်း ဝန်ကြီးချုပ်က ပြောခဲ့သည်။
ထိုင်းတိုင်းရင်းဆေးနှင့် အခြားဆေးဘက်ဆိုင်ရာပညာဌာနက ဆေးခါးကြီး၏ အစွမ်းသတ္တိများကို အ တည်ပြုခဲ့သော်လည်း ၎င်းသည် ကိုဗစ် -၁၉ ကူးစက်မှုကို ကာကွယ်နိုင်ခြင်းမရှိကြောင်းလည်းသတိပေးခဲ့ပြီးဖြစ်ကြောင်း Mr Anucha ကပြောသည်။

သို့သော် အဆိုပါ ဆေးခါးကြီးပင်သည် Andrographolide ပါဝင်ခြင်းကြောင့် ဗိုင်းရပ်နှင့်ဘက်တီးရီး ယားအချို့ကို သေစေနိုင်သည်ကို ဆေးဘက်ဆိုင်ရာဌာန၏ စမ်းသပ်မှုရလဒ်တွင် တွေ့ရကြောင်း သတင်းတွင်ဖော်ပြထားသည်။

Related news

© 2021. All rights reserved.