မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းလူစာရင်း MFF ထုတ်ပြန်

 825

ဇွဲပြည့် (NPNews) မေ ၂၇
ဂျပန်နိုင်ငံတွင်ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း လူစာရင်းကို မြန်မာဘောလုံးအဖွဲ့ချုပ် (MFF) က ယနေ့ မေလ ၂၇ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ခဲ့သည့် လူစာရင်းတွင် ဂိုးသမား - ဟံသာဝတီယူနိုက်က ကိုကိုနိုင်၊ ရတနာပုံအက်ဖ်စီက ပြည့်လျှံအောင်နှင့် ရန်ကုန် ယူနိုက်တက် ဂိုးသမား ဆန်းဆက်နိုင်၊ နောက်ခံလူ - ရတနာပုံအက်ဖ်စီက ဇော်ရဲထွန်းနှင့် ရဲရင့်အောင်၊ ရှမ်းယူနိုက်တက်က ဒေးဗစ်ထန်နှင့် ရဲမင်းသူ၊ ရန်ကုန်ယူနိုက်တက်က စိုးမိုးကျော်နှင့် ဟိန်းထက်စည်သူ၊ ဟံသာဝတီယူနိုက်တက် က လာဒင်မော်ရာ၊ အလွတ်တန်းကစားသမား ဖြစ်သည့် သိန်းသန်းဝင်း၊ ကွင်းလယ် - ရန်ကုန်ယူနိုက်တက်က မောင်မောင်လွင်၊ ရန်နိုင်ဦး၊ မောင်မောင်ဝင်း၊ ငြိမ်းချမ်းအောင်၊ ပြည့်မိုးလျံ၊ လွင်မိုးအောင်၊ အလွတ်တန်းကစားသမား တင်ဝင်းအောင် ရတနာပုံအက်ဖ်စီက လှိုင်းဘိုဘို၊ မြတ်ကောင်းခန့်၊ ရှမ်းယူနိုက်တက်က ထက်ဖြိုးဝေ၊ တိုက်စစ် - ရန်ကုန်ယူနိ်ုက်တက်က ဝင်းနိုင်ထွန်း၊ ထိုင်းကလပ် ရနောင်းယူနိုက်တက်က ဆွမ်လမ်မန်၊ဧရာဝတီယူနိုက်တက်က သန်းထက်အောင်တို့ဖြစ်သည်။

မြန်မာ့ လက်ရွေးစင်အသင်းတွင် အမြဲလိုလိုရွေးချယ်ခံခဲ့ရပြီး စစ်အာဏာရှင်လက်အောက်တွင် ဘောလုံးမကစားဟုဆိုကာ နူတ်ထွက်ခဲ့သည့် ကစားသမားများသည် ဂိုးသမား - ကျော်ဇင်ထက်၊ ကျော်ဇင်ဖြိုး၊နောက်ခံလူ - ဇော်မင်းထွန်း၊ ထိုက်ထိုက်အောင်၊ ချမ်းငြိမ်း၊ နန္ဒကျော်၊ ကွင်းလယ် - ဟိန်းထက်အောင်၊ စည်သူအောင်၊ တိုက်စစ် ကျော်ကိုကို၊ အောင်သူ၊ ဇင်မင်းထွန်း၊ အောင်ကောင်းမာန်တို့ပါဝင်ကြသည်။

မြန်မာလက်ရွေးစင်ဘောလုံးအသင်း ဂျပန်နိုင်ငံတွင် ကစားသွားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများသည် မေလ ၂၈ ရက်တွင် ဂျပန် နှင့် မြန်မာ၊ ဇွန်လ ၁၁ ရက် တွင် မြန်မာ နှင့် ကာဂျစ်စတန်၊ဇွန်လ ၁၅ ရက်တွင် တာဂျကစ္စတန် နှင့် မြန်မာ တို့ဖြစ်ပြီး ပွဲစဉ် သုံးပွဲလုံးကို ဂျပန်နိုင်ငံတွင် ကစားရမည်ဖြစ်သည်။

Related news

© 2021. All rights reserved.