မလေးရှားတွင် လေးရက်ဆက်တိုက် ကိုဗစ်လူနာ ၈ဝဝဝ ကျော်တွေ့

 410

ရောင်နီ (NP News) - မေ ၂၉
မလေးရှားတွင် တစ်ကျော့ပြန်ဖြစ်ပေါ်လာသည့် ကိုဗစ်ကူးစက်မှုလှိုင်းကြောင့် နိုင်ငံအစိုးရက ကန့် သတ်ချက်အသစ်များနှင့် ကာကွယ်ဆေးထိုးကမ်ပိန်းအရှိန်မြှင့်တင်ခြင်း အလျင်အမြန်ပြုလုပ်နေသည့် အကြားဒေသတွင်း၌ လေးရက်ဆက်တိုက် နေ့စဉ်ဗိုင်းရပ်စ်ကူးစက်လူနာ ၈ဝဝဝ ကျော်ထပ်တိုးခဲ့ကြောင်း Straitstimes သတင်းဖော်ပြချက်အရသိရသည်။

ကာကွယ်ဆေးထိုးနှံမှုကမ်ပိန်းတွင် နေ့စဉ်ပျမ်းမျှဆေးပမာဏအလုံးရေ ၉ဝဝဝဝ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ ယင်းကဲ့သို့ မြင့်တက်နေသည့်ကူးစက်မှုနှုန်းများကြောင့် Sarawak ပြည်နယ်သည် နိုင်ငံရှိ ပြည်နယ် ၁၃ ခုအနက် ကူးစက်လူနာသစ် ထပ်တိုးမှု ဒုတိယအမြင့်ဆုံးဖြစ်လာပြီး သွားလာမှုထိန်းချုပ်ရေးအမိန့်ကို ဇွန်လ ၁၁ ရက်အထိ သတ်မှတ်ထားကြောင်းသိရသည်။

နိုင်ငံတစ်ဝန်းမပျောက်ကင်းသေးသည့် ဗိုင်းရပ်စ်ကူးစက်လူနာ ၇ဝဝဝဝ ကျော်ရှိပြီး တစ်နိုင်ငံလုံးရှိ အထူးကြပ်မတ်ကုသရေးယူနစ်သည် ၉ဝ ရာခိုင်နှုန်း အထက်တွင်ရှိနေခြင်းကြောင့် ကျန်းမာရေးအာဏာပိုင်များက ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများကို စေတနာ့ဝန်ထမ်းအဖြစ်ကူညီပေးရန်အသနားခံစာ ထုတ်ပြန်ထားသည်။

Related news

© 2021. All rights reserved.