ဒိန်းမတ်တွင် ကိုဗစ်ကူးစက်မှုသံသယကြောင့် ဆေးထိုးသတ်ခဲ့သည့် မြွေပါမွှေးရှည်များပြန်လည် ထကြွလာခြင်းကြောင့် ၎င်းတို့ကို မီးရှို့သတ်ဖြတ်ရန် ဆုံးဖြတ်

 556

ရောင်နီ ( NP News ) - မေ ၂၉
ဒိန်းမတ်နိုင်ငံအစိုးရသည် ယခင်နှစ်ကိုဗစ်ကာလက တိရိစ္ဆာန်မှလူသားများကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန်အတွက် မြွေပါမွှေးရှည် ၁၇ သန်းကို ဆေးထိုးသတ်ကာ မြုပ်နှံခဲ့ပြီး နှစ်လအကြာတွင် ၎င်းတို့ထဲမှ အချို့သည်သေဆုံးခြင်းမရှိဘဲမြှုပ်နှံထားရာနေရာများမှ အစုလိုက် အပြုံလိုက် ပြန်လည်ထကြွာလာကြောင်း Straitstimes ဖော်ပြချက်အရသိရသည်။

ယင်းနောက် ဒိန်းမတ်ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီ၏ ကိုယ်စားဆောင်ရွက်သည့် ကိုယ်စားလှယ်အဖွဲ့က မြုပ်နှံထားသည့် မြွေပါမွှေးရှည်များအပါအဝင် ထကြွလာသည့် မြွေပါမွှေးရှည်များကိုပါ မီးရှို့သုတ်သင်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ ဇူလိုင်လလယ်တွင် အဆိုပါ မြွေပါမွှေးရှည် လေးသန်းလုံးကို မီးရှို့သုတ်သင်ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။ ဆေးထိုး သတ်ထားသည့် မြွေပါမွှေးရှည်အချို့ကို ဒိန်းမတ်အနောက်ပိုင်း စစ်မြေတွင်းရှိ မြေအောက် ၂ မီတာအောက်တွင်မြှုပ်နှံခဲ့ခြင်းဖြစ်သည်။

ARC စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဌာန၏ အမှုဆောင်အရာရှိချုပ် Jacob Hartvig Simonsen က“ ဗိုင်း ရပ်စ်ပိုးကို ပံ့ပိုးပေးနိုင်တဲ့ အရာတွေမရှိတော့ဘူး။ အပူချိန် ၁ဝဝဝ ဒီဂရီစင်တီဂရိတ်လောက်ထိထားပြီး မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒါကြောင့်ဗိုင်းရပ်စ်ပိုးရှိရင် သေဆုံးပျောက်ကွယ်သွားလိမ့်မယ်”ဟုပြောသည်။

မြွေပါမွှေးရှည်သည် ကိုရိုနာဗိုင်းရပ်စ် အလွယ်တကူကူးစက်ခံနိုင်ပြီး နိုင်ငံအတွင်းသားမွေးအတွက် အမြောက်အများမွေးမြူထားကာ လူနေမှုဘဝတွင် ပါဝင်သည့် တိရိစ္ဆာန်ဖြစ်ခြင်းကြောင့် ဗိုင်းရပ်စ်ကူး စက်မှုပိုမိုဆိုးရွာလာစေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုထားသည်။

Related news

© 2021. All rights reserved.