အမေရိကန်ကို မြန်မာနိုင်ငံကဲ့သို့အာဏာသိမ်းရန် ပြောဆိုခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဖလန်း ပြစ်တင်ဝေဖန်ခံနေရ
949
ဂျန်ဇက် (NP News) - ဇွန် ၂
အငြိမ်းစားယူထားသည့် ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးဘာရီမက်ကက်ဖရီက အမေရိကန်ကို မြန်မာနိုင်ငံကဲ့သို့ ဏာသိမ်းခြင်းမျိုးလုပ်ရန် တိုက်တွန်းခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုက်ကယ်ဖလန်းသည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးချို့ယွင်းနေသူဖြစ်ကြောင်း ဝေဖန်လိုက်သည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ မိုက်ကယ်ဖလန်းက ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သည့် QAnon အစည်းအဝေးတွင် အမေရိကန်အစိုးရကို ဖြုတ်ချခြင်းမျိုး လုပ်ဆောင်သင့်ကြောင်းပြောခဲ့ပြီး အဆိုပါအစည်းအဝေးအတွင်း မြန်မာနိုင်ငံတွင် အာဏာသိမ်းသကဲ့သို့ အမေရိကန်နိုင်ငံတွင်လည်းဖြစ်သင့်သည်ဟု ပရိသတ်တစ်ဦး၏ မေးခွန်းကို တုံ့ပြန်ဖြေဆိုခဲ့သည်။
ဗိုလ်ချုပ်မက်ကက်ဖရီက " ကျွန်တော်အထင်တော့ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုက်ကယ်ဖလန်းဟာ လူမသိသူမသိ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေသူဖြစ်နိုင်တယ်။ မတူညီတဲ့အုပ်ချုပ်မှုတွေဖြစ်အောင် ခြေ လှမ်းမှားခဲ့သူဖြစ်တယ်" ဟု ပြောသည်။
မိုက်ကယ်ဖလန်းသည် အငြိမ်းစားယူထားသည့် အမေရိကန်စစ်ဘက်အကြီးတန်းအရာရှိဖြစ်ပြီး ဒီမိုက ရေစီနိုင်ငံနှင့်ဆန့်ကျင့်ကာ အာဏာသိမ်းရန်ပြောဆိုခြင်းသည် အလွန်အန္တရာယ်ရှိသည့် ပြောဆိုခြင်းမျိုးဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံကိုထိခိုက်မှုများစွာဖြစ်စေကြောင်း ဗိုလ်ချုပ်ဟောင်းဘာရီကပြောသည်။