ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီးကို သမ္မတကိုင်တွယ်ဖြေရှင်းပုံအား မကျေနပ်သဖြင့် ဘရာဇီးနိုင်ငံသားများ သံပုံးတီး ဆန္ဒဖော်ထုတ်

 802

ဝတီ (NP News) - ဇွန် ၃
သမ္မတ Jair Bolsonaro က ဇွန်လ ၂ ရက်တွင် နိုင်ငံတော်ကို မိန့်ခွန်းပြောနေစဉ် ဘရာဇီးရှိမြို့ကြီးအများအပြားတွင် နိုင်ငံသားများက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီးကို သမ္မတကိုင်တွယ်နေပုံအား မကျေနပ်သဖြင့် ပြီးခဲ့သည့်ရက်ပိုင်းတွင်ပင် နိုင်ငံသားများက လမ်းပေါ်အင်တိုက်အားတိုက်ထွက်လာကာ ဆန္ဒပြခဲ့ကြသည်။

ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကာ သေဆုံးသွားသူပေါင်း ငါးသိန်းနီးပါးရှိလာပြီး ကိုဗစ် ကြောင့် သေဆုံးသူဦးရေ၊ ကိုဗစ်ကူးစက်ခံရသူဦးရေ ဆက်တိုက်မြင့်တက်နေသဖြင့် အဆိုပါသမ္မတ သည်လည်း လူကြိုက်နည်းသည်ထက် နည်းလာပြီဖြစ်သည်။ ဇွန်လ ၂ ရက်တစ်ရက်တည်းတွင်ပင် ရောဂါကူးစက်ခံရသည့် ဘရာဇီးနိုင်ငံသား တစ်သိန်းနီးပါးရှိပြီး သေဆုံးသူ ၂၅ဝ၇ ဦး ရှိခဲ့သည်။

အဆိုပါနေ့အစောပိုင်းတွင် တရားမဝင်သစ်ခုတ်မှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်အား ယင်းသမ္မတခန့်အပ်ထားသည့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးက ကြားဝင်နှောင့်ယှက်သည်ဟု ဆိုကာ ဘရာဇီးနိုင်ငံတော်တရားရုံးချုပ်က ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးရန် အမိန့်ချမှတ်လိုက်သည်။
၎င်း၏အစိုးရအဖွဲ့ စွမ်းဆောင်နိုင်ခဲ့သည့် အောင်မြင်မှုအချို့ကို သမ္မတက မိန့်ခွန်းတွင် အကျဉ်းချုံး ထည့်သွင်းပြောကြားသွားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဟု ပြောကြားသွား သော်လည်း မည်သည့်သတင်းအချက်အလက်အသစ်ကိုမှ လူထုအားတင်ပြမသွားခဲ့ပေ။

Related news

© 2021. All rights reserved.