ရန်ကုန်မြို့တွင်း မြို့နယ်များတွင် ရေပြတ်တောက်ခြင်းနှင့် ရေအားလျော့နည်းခြင်းဖြစ်ပေါ်မည်

 655

ဖူးပြည့် (NP News) - ဇွန် ၅
ရန်ကုန်မြို့တွင်း မြို့နယ်များတွင် ရေပြတ်တောက်ခြင်း နှင့် ရေအားလျော့နည်းခြင်းဖြစ်ပေါ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ရေရရှိရေး နှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့က ဇွန်လ ၅ ရက် (ယနေ့)တွင်ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့သို့ ရေပေးဝေလျက်ရှိသော ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) နှင့် လဂွန်းပြင်ရေသန့် စက်ရုံရှိ ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော ၃၃ကေဗွီ လှော်ကား-အထယု ဓာတ်အားလိုင်းတစ် လျှောက် သစ်ပင်များခုတ်ထွင်ရှင်းလင်းမည်ဖြစ်၍ ဇွန်လ ၈ ရက်နံနက် ၁ဝ နာရီမှ နေ့လည် ၂ နာရီအထိ လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းကြောင့် အဆိုပါရေသန့်စင်စက်ရုံများမှ ရေပေးဝေလျက်ရှိသော မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံမြို့သစ်၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဗဟန်း၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ် နှင့် ရန်ကုန်မြို့တွင်း မြို့နယ်များတွင် ရေအားလျော့နည်းခြင်းနှင့်ရေပြတ်တောက်ခြင်းများဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.