အနောက်နိုင်ငံများကို မီးနှင့်မကစားရန် သတိပေးလိုက်သည့် တရုတ်

 521

ဂျန်ဇက် (NP News)- ဇွန် ၆
တရုတ်အစိုးရသည် ဟောင်ကောင်တွင် ဇွန်လ ၄ရက်ကကျင်းပခဲ့သည့် Tiananmenဆန္ဒပြပွဲဖြိုခွင်းခံရမှု အောက်မေ့ဖွယ်နှစ်ပတ်လည် အခမ်းအနားနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများကို မီးနှင့်ကစားခြင်းမလုပ်ရန် တရုတ်အစိုးရက ပြင်းထန်စွာ သတိပေးလိုက်ကြောင်း asiaone သတင်းဖော်ပြချက်အရ သိရသည်။

Covid19ကပ်ရောဂါနှင့်ပတ်သက်ပြီး လူအများအပြားစုရုံးကို ပိတ်ပင်ထားသော်လည်း Tiananmen ဆန္ဒပြပွဲဖြိုခွင်းခံရမှု နှစ်ပတ်လည်အခမ်းနားကို ဇွန်လ၄ရက်နေ့ကကျင်းပခဲ့ရာ ဟောင်ကောင်ရှိအ နောက်အုပ်စုသံတမန်များ တက်ရောက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တရုတ်ကသတိပေးလိုက်ခြင်းဖြစ် ကြောင်းသိရသည်။

ဟောင်ကောင်ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြေရေးဆိုခွင့်သူက အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် အနောက်အုပ်စုနိုင်ငံများကို ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်းတို့၏လုပ်ရပ်သည် ဟောင်ကောင်မြို့တည်ငြိမ်မှုမရှိအောင် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားသူများနှင့်သံယောင်လိုက်ခြင်းဖြစ်ကြောင်းပြောသည်။ ထို့ပြင်တရုတ်ဆန့်ကျင်ရေးအဖျက်လုပ်ငန်းများ စိမ့်ဝင်နိုင်ရန် ဟောင်ကောင်မြို့ကိုအသုံးချနေခြင်းဖြစ်ကြောင်းလည်း ၎င်းကစွပ်စွဲပြောဆိုထားသည်။

ဟောင်ကောင်မြို့ဗစ်တိုရီးယားပန်းခြံတွင် Tiananmenဆန္ဒပြပွဲဖြိုခွင်းခံရမှု အောက်မေ့ဖွယ်အဖြစ် ကြီးမားသည့် ဖယောင်းတိုင်များထွန်းခြင်းကို ရဲတပ်ဖွဲ့က၂နှစ်ဆက်တိုက်ပိတ်ပင်ခဲ့သော်လည်း ဟောင်ကောင်မြို့သားများသည် ဖုန်းမီးများ၊ ဖယောင်းတိုင်များထွန်းကာ အခမ်းအနားကိုကျင်းပခဲ့ကြောင်းသိရသည်။ ဘုရားကျောင်းများကို စုရုံးတက်ရောက်ကာ ဆုမွန်တောင်းခြင်းမျိုးလည်းလုပ်ဆောင်ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဟောင်ကောင်ရှိ အနောက်အုပ်စုသံတမန်များ အနေဖြင့် အဓိပ္ပာယ်မရှိသည့် လုပ်ရပ်များလုပ်ဆောင်ခြင်းကို ချက်ချင်းရပ်တန့်စေလိုကြောင်း၊ ဟောင်ကောင်အရေးကြားဝင်စွက်ဖက်နေခြင်းကို ရပ်တန့်ရမည်ဖြစ်ကြောင်း ပြောသည်။
#NPNews

Related news

© 2021. All rights reserved.