သီရိလင်္ကာတွင် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၁၄ ဦးထိ ရှိလာ

 580

ရောင်နီ ( NP News ) - ဇွန် ၆

သီရိလင်္ကာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုခြင်းများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄ ဦးထိရှိငးကာ ၂ ဦး ပျောက်ဆုံးနေကြောင်း
တာဝန်ရှိသူများက ဇွန်လ ၆ရက်က ပြောသည်။

နိုင်ငံရှိ ခရိုင် ၁၀ ခုတွင် ပြီးခဲ့သည့် ကြာသပတေးနေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြို့တော်ကိုလံဘိုရှိ နေအိမ်များ၊ စပါးစိုက်ခင်းများ၊ မြို့ဆင်ခြေဖုန်းနှင့် လမ်းမများတွင်ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။အစိုးရဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနရဲ့ ရေကြီးမှုကြောင့် သေဆုံးသူ ၁၀ ဦးထိရှိပြီး ကိုလံဘိုအရှေ့ဘက် ၈၅ ကီလိုမီတာ (၅၃ မိုင်) အကွာရှိ Kegalle ခရိုင်တွင် နေအိမ်ပေါ် မြေပြိုကျမှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကာကျန် ၂ ဦးပျောက်ဆုံးနေဆဲ ဖြစ် ကြောင်းသိရသည်။သီရိလင်္ကာရေတပ်က ယခုအချိန်အထိ ရေလွှမ်းမိုးမှုကြောင့် သောင်တင်နေသည့် လူ ၆၆ ဦး ကို ကယ်တင်နိုင်ခဲ့ပြီး ရေကြီးရေလျှံနေသည့် ဒေသများကို ကယ်ဆယ်ရေးအဖွဲ့ ၃၃ ဖွဲ့ စေလွှတ်ခဲ့ကြောင်းသိရသည်။

သဘာဝဘေးအန္တ ရာယ် စီမံခန့်ခွဲရေးဌာနမှ ပြောကြားရာတွင် ရာသီဥတုအလွန်ဆိုးရွားခြင်းကြောင့် လူပေါင်း ၂၄၅၀၀၀ ခန့် ထိခိုက်စေခဲ့ပြီး ၄၃၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးကာ အရေးပေါ်အမိုးအကာများတွင် နေထိုင်ကြရကြောင်းသိရသည်။ ထို့ပြင် အိမ်ခြေ ၈၀၀ ကျော်လည်း ပျက်စီးခဲ့သည်ဟု ပြောဝည်။
#NPNews

Zawgyi ;
သီရိလင်္ကာတွင် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၁၄ ဦးထိ ရှိလာ
ရောင်နီ ( NP News ) - ဇွန် ၆

သီရိလင်္ကာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုခြင်းများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄ ဦးထိရှိငးကာ ၂ ဦး ပျောက်ဆုံးနေကြောင်း
တာဝန်ရှိသူများက ဇွန်လ ၆ရက်က ပြောသည်။
နိုင်ငံရှိ ခရိုင် ၁၀ ခုတွင် ပြီးခဲ့သည့် ကြာသပတေးနေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြို့တော်ကိုလံဘိုရှိ နေအိမ်များ၊ စပါးစိုက်ခင်းများ၊ မြို့ဆင်ခြေဖုန်းနှင့် လမ်းမများတွင်ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။အစိုးရဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနရဲ့ ရေကြီးမှုကြောင့် သေဆုံးသူ ၁၀ ဦးထိရှိပြီး ကိုလံဘိုအရှေ့ဘက် ၈၅ ကီလိုမီတာ (၅၃ မိုင်) အကွာရှိ Kegalle ခရိုင်တွင် နေအိမ်ပေါ် မြေပြိုကျမှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကာကျန် ၂ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။သီရိလင်္ကာရေတပ်က ယခုအချိန်အထိ ရေလွှမ်းမိုးမှုကြောင့် သောင်တင်နေသည့် လူ ၆၆ ဦး ကို ကယ်တင်နိုင်ခဲ့ပြီး ရေကြီးရေလျှံနေသည့် ဒေသများကို ကယ်ဆယ်ရေးအဖွဲ့ ၃၃ ဖွဲ့ စေလွှတ်ခဲ့ကြောင်းသိရသည်။
သဘာဝဘေးအန္တ ရာယ် စီမံခန့်ခွဲရေးဌာနမှ ပြောကြားရာတွင် ရာသီဥတုအလွန်ဆိုးရွားခြင်းကြောင့် လူပေါင်း ၂၄၅၀၀၀ ခန့် ထိခိုက်စေခဲ့ပြီး ၄၃၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးကာ အရေးပေါ်အမိုးအကာများတွင် နေထိုင်ကြရကြောင်းသိရသည်။ ထို့ပြင် အိမ်ခြေ ၈၀၀ ကျော်လည်း ပျက်စီးခဲ့သည်ဟု ပြောဝည်။
#NPNews

Related news

© 2021. All rights reserved.