ထိုင်းပင်လယ်ကွေ့တွင် ဝါးငါးမန်များ မျိုးတုံးပျောက်ကွယ်နိုင်တသည့် အန္တရာယ်ရှိနေ

579

ရောင်နီ ( NP News ) - ဇွန် ၇
ထိုင်းပင်လယ်ကွေ့တွင် ငါးဖမ်းသမားများနှင့် သုတေသီများ သမုဒ္ဒရာကြမ်းပြင်အောက် ရေငုပ်ကာ တောင်းများဖြင့်သယ်လာသည့် ဝါးငါးမန်းများကို လွှတ်ပေးခဲ့ကြကြောင်း ဇွန်လ ၇ ရက် ရိုက်တာသ တင်းဖော်ပြချက်အရသိရသည်။
သေးငယ်ပြီး ဖြည်းဖြည်းချင်းရွေးလျားတတ်ကာ ရှည်လျားသည့်အမြီးများနှင့်အတူ ပင်လယ်ရေအောက်ကြမ်းပြင်တွင် နေထိုင်လေ့ရှိသည့် ဝါးငါးမန်းများသည် မကြာသေးမီနှစ်များအတွင်းက တံငါသည်များနှင့် ထူးခြားဆန်းပြား အစားအစာစားသောက်တတ်သူများကြောင့် လူကြိုက်များလာခဲ့ပြီး လာမည့်နှစ်များ အတွင်း မျိုးတုံးပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ရှိလာကြောင်း သိရသည်။
သုတေသီများက ပြီးခဲ့သည့်သီတင်းပတ်က ၂ လမှ၃လ အရွယ်ရှိ အညိုရောင်ဝါးငါးမန်းများကို ရေအ နက် ၁၈မီတာတွင်ရှိသည့် သန္တာကျောက်တန်းတွင်လွှတ်ပေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ကျရောက် နိုင်သည့် အနီရောင်အဆင့်နိုင်ငံတကာမျိုးစိတ်စာရင်းတွင် ထည့်သွင်းရန်မျှော်လင့်ထားကြောင်း သိရသည်။
ငါးဖမ်းလုပ်ငန်းအရာရှိ Udom Krueniam က“ ဝါးငါးမန်းတွေကို လွတ်လွတ်လပ်လပ် လွှတ်နိုင်အောင် ပင်လယ်ထဲကိုဆင်းပြီး လုံခြုံစိတ်ချရတဲ့ နေရာမှာလွှတ်ပေးခဲ့တယ်။ သူတို့ကိုရေမျက်နှာပြင်ပေါ်မှာ လွှတ်လိုက်ရင် သူတို့ထက်ပိုကြီးတဲ့ ငါးတွေရဲ့စားသောက်ခြင်းခံရနိုင်တယ်"ဟု ပြောသည်။
ယင်းငါးမန်းမျိုးစိတ်များသည် ထိုင်းပင်လယ်ကွေ့တွင်နေထိုင်ပြီး အရှေ့တောင်အာရှ၊ ဂျပန် နှင့် သြစ တြေးလျမြောက်ပိုင်းတွင်လည်း တွေ့ရကြောင်းသိရသည်။ ဝါးငါးမန်းများသည် အသေးငယ်ဆုံး အဏ္ဏဝါ သားကောင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အများဆုံးအရှည် ၄ပေ အထိသာကြီးထွားနိုင်ကာ လူသားများကို အန္တရာယ်ပြုခြင်းမရှိကြောင်းသိရဥည်။ ၎င်းတို့သည် ညအချိန်တွင် သားကောင်ကိုဖမ်းနိုင်ရန် (သို့မဟုတ်) စားသောက်ရန်အတွက် ၎င်းတို့၏ သေးငယ်သည့်သွားများကို အသုံးပြုကြကြောင်း သိရသည်။
#NPNews