စစ်ကောင်စီကို ဘဏ္ဍရေးကူညီပေးမှုဆက်လက်လုပ်ဆောင်နေသည့် ဘဏ်များကိုဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဝေဖန်

 636

ဂျန်ဇက် (NP News) - ဇွန် ၈
စစ်ကောင်စီသည် ဘင်္ဂါလီများအပေါ် လူမျိုးသုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး စွဲချက်တင်ခံရသော်လည်း မြန်မာ နိုင်ငံ၏ဘဏ္ဍာရေးကို ကူညီပေးမှုဆက်လက်လုပ်ဆောင်နေသည့် နိုင်ငံတကာဘဏ်များနှင့်နိုင်ငံများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ဝေဖန်ရှုတ်ချလိုက်ကြောင်း bdnews24 ၏သတင်းဖော်ပြချက်အရသိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်နေသည့် နိုင်ငံများ၏ သံတမန်များကို မေးခွန်းထုတ်ခြင်းမျိုးလုပ်ရန် သတင်းထောက်များကို တိုက်တွန်းလိုက်ကြောင်းသိရသည်။ နိုင်ငံတကာဘဏ္ဍရေးအုပ်စုဖြစ်သည့် BankTrack နှင့် နိုင်ငံတကာဘဏ်များဖြစ်သည့် Mitsubishi UFJ Financial Group, Sumitomo Mitsui Financial Group, JPMorgan Chase, UBS, Credit Suisse, Morgan Stanley, Bank of America, Wells Fargo နှင့် BNP Paribas တို့သည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများနှင့် စစ်ကောင်စီနှင့်ဆက်နွယ်မှုရှိသည့် ကုမ္ပဏီပေါင်း၁၈ခုတွင် အစု ရှယ်ယာများပါဝင်နေကြောင်းသိရသည်။ ယင်းတို့၏အစုရှယ်ယာပါဝင်မှုသည် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော်တန်ဖိုးရှိကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက "မြန်မာစစ်အစိုးရဟာ လူအခွင့်ရေးချိုးဖောက်မှုတွေရှိပေမယ့် နိုင်ငံတကာဘဏ်အုပ်စုတွေဟာ မြန်မာစစ်အစိုးရကို ငွေကြေးကူညီပေးနေတာမျိုးတွေရှိနေတယ်။ အဲဒီ ဘဏ်တွေဟာ လူအခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ အခြားနိုင်ငံတွေကိုဝေဖန်နေတဲ့နိုင်ငံတွေ ဖြစ်တယ်။ အဲဒီဘဏ်အုပ်စုတွေဟာ မြန်မာစစ်အစိုးရအတွက် ငွေကြေးရအောင်ကူညီပေးနေတာတွေကို လက်မခံနိုင်ဘူး”ဟု ပြောသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂသည် ဘင်္ဂါလီဒုက္ခသည်များကို ကူညီထောက်ပံ့ပေးရန်လှုပ်ရှားနေသည့် တက်ကြွလှုပ်ရှားသူများနှင့် မကြာမီစေ့စပ်ဆွေးနွေးဖွယ်ရှိကြောင်းပြောသည်။
#NPNews

Related news

© 2021. All rights reserved.