စင်ကာပူတွင် ကြောင်များကို အရှင်လတ်လတ်ဓားဖြင့်လှီးခဲ့သည့် အမျိုးသားတစ်ဦးအဖမ်းခံရ

 670

ရောင်နီ ( NP News ) - ဇွန် ၉
ပြီးခဲ့သည့် ဧပြီလက စင်ကာပူနိုင်ငံရှိ Ang Mo Kio ဧရိယာတွင် ကြောင်များကို အရှင်လတ်လတ်ဓားဖြင့်လှီးဖြတ်ကာ ဒဏ်ရာရစေမှု ပြုလုပ်ခဲ့သည့် အသက် ၃၇ နှစ်အရွယ် အမျိုးသားကို ဇွန် ၈ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း National Parks Board ( NParks ) က ပြောကြားခဲ့သည်။ ယင်းအမျိုးသားကို ဇွန်လ ၉ရက်တွင် တိရိစ္ဆာန်များနှင့် ကျေးငှက်ကာကွယ်ရေးအက်ဥပဒေအရ တိရိစ္ဆာန်များကို ရက်စက် စွာပြုမူဖြင့် စွဲချက်တင်မည်ဖြစ်ကြောင်း သိရသည်။

၎င်းကို NParks 'Animal and Veterinary Service (AVS) မှ ရဲတပ်ဖွဲ့ အကူအညီဖြင့် ဇွန်လ ၈ရက် နံ နက်က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း အေဂျင်စီ၏ လူမှုဝန်းကျင်တိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့၊ ညွှန်ကြား ရေးမှူး Ms Jessica Kwok က ပြောသည်။

ဧပြီလကုန်ပိုင်းမှ မေလအတွင်း Ang Mo Kio ဧရိယာတွင် ဓားဒဏ်ရာရရှိနေသည့် ကြောင် ၁ဝ ကောင် တွေ့ရှိခဲ့ရကြောင်း ၊ ၎င်းကို အာဏာပိုင်များထံ တင်ပြခဲ့ကာ စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ကြောင်း တိရိ စ္ဆာန်သက်သာချောင် ချိရေးအဖွဲ့ SPCA က CNA သတင်းဌာနကို ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်ကို Ang Mo Kio ဧရိယာရှိ အိမ်ယာနံပါတ် ၃ဝ၂၊ ၃၁၆ B၊ ၃၃၅၊ ၃၃၇၊ ၃၄၃ နှင် ၃၄၆ တွင် အများဆုံး တွေ့ရှိခဲ့ရ ကြောင်း သိရသည်။

"တိရိစ္ဆာန် သက်သာချောင်ချိရေးကို ကာကွယ်စောင့်ရှောက်ခြင်းဟာ လူမှုရေးတာဝန်တစ်ခုဖြစ်တယ်" ဟု NParks မှ Ms Kwok က ပြောသည်။

စင်ကာပူတွင် အများပြည်သူအနေဖြင့် တိရိစ္ဆာန်ညှင်းပမ်းနှိပ်စက်မှုနှင့်ပတ်သက်သည့် သံသယဖြစ်ဖွယ်အမှုများအား AVS ကို အွန်လိုင်းမှသော်လည်းကောင်း သို့မဟုတ် Animal Response Centre ကို လည်းကောင်း သတင်း ပေးပို့နိုင်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.