မြန်မာနိုင်ငံ၏ အာဏာသိမ်းခြင်းအပေါ် ဂျပန်အောက်လွှတ်တော် ပြစ်တင်ရှုတ်ချ
515
ဂျန်ဇက် (NP News) - ဇွန် ၉
မြန်မာနိုင်ငံတွင် တပ်မတော်အာဏာသိမ်းခြင်းအပေါ် ဂျပန်အောက်လွှတ်တော်က ပြစ်တင်ရှုတ်ချလိုက်ကြောင်း ဂျပန်သတင်းဌာနများတွင် ဖော်ပြထားသည်။ အာဏာသိမ်းခြင်းသည် ဒီမိုကရေစီထွန်းကားရေးအတွက် ကြိုးပမ်းမှုများကို နင်းခြေစော်ကားသည့်လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီကူးပြောင်းရေးမျှော်လင့်ချက်ကို စော်ကားခြင်းဖြစ်ကြောင်း ဂျပန်အောက်လွှတ်တော်က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်နှစ်အတွင်းက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည်ဆိုသည့် စွပ်စွဲမှုဖြင့် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်ကအာဏာသိမ်းခဲ့ရာ ဆန္ဒပြပွဲများ နေ့စဉ်နီးပါးဖြစ်ပေါ်ခဲ့သည်။ ဂျပန်အောက် လွှတ်တော်က အရပ်သားများအားအကြမ်းဖက်တိုက်ခိုက်နေခြင်းကို အဆုံးသတ်ရန် နှင့် ဖမ်းဆီးထားသော နိုင်ငံ ရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် ၊ အာဆီယံနှင့် မြန်မာနိုင်ငံကြားသဘောတူညီထားသည့် သဘောတူညီမှုများကို အကောင်အထည်ဖော်ရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများတွင် ဂျပန်သတင်းထောက်တစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြပွဲများလုပ်ဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြပွဲများဖြိုးခွင်းခံခဲ့ရခြင်းကြောင့် လူပေါင်း ၈၅ဝ ကျော်သေဆုံးခဲ့ရပြီး လူပေါင်း ၅၈ဝဝကျော်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရသည်။
#NPNews