စက်ရုံအများအပြားဆက်ပိတ်ထားရခြင်းကြောင့် မြန်မာနိုင်ငံ၏ထုတ်လုပ်ရေးကဏ္ဍသည် မေလတွင် ထပ်မံကျဆင်းခဲ့ဟုဆို

 649

ဖူးပြည့် (NP News) - ဇွန် ၁၄
မေလတွင် ဈေးနှုန်းများ စံချိန်တင်တိုးလာချိန်တွင် ထုတ်လုပ်မှုသည် ဆက်လက်ကျဆင်းလာကြောင်း HIS Markit ၏ ဇွန်လအတွက်ထုတ်ပြန်သည့် မြန်မာထုတ်လုပ်မှု PMI အညွန်ကိန်းစစ်တမ်းအရ သိရသည်။

မေလအတွင်း ထုတ်လုပ်မှုပမာဏများသည် စက်ရုံများပိတ်ထားရခြင်း၊ အင်တာနက်ပြတ်တောက်မှု နှင့် ကုန်ကြမ်းရှားပါးမှုပေါင်းစုံဖိစီးမှုကြောင့် ထိုးဆင်းသွားပြီး ထိုသို့ကျဆင်းမှုကို နိုင်ငံရေးမတည်ငြိမ်မှု နှင့် ဆက်စပ်ကြောင်းဖော် ပြကြသည်။ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုအားကောင်းလာခြင်းက ထုတ်လုပ်မှုအ ပေါ် ဖိစီးလာခဲ့ကြောင်းသိရသည်။

HIS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က “ဒီအတောအတွင်း ကျပ်ငွေ-ဒေါ်လာလဲလှယ်မှု နှုန်းဆိုးရွာလာမှုကြောင့် ထည့်ကုန်နဲ့ထုတ်ကုန်ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့ကုန်ထုတ်စွမ်းအား ဖိအားပေးမှုတွေဆက်ရှိနေကြရင် ကုမ္ပဏီတွေက လက်ရှိအော်ဒါတွေနဲ့ အော်ဒါသစ်တွေကို ပြီးမြောက် အောင်လုပ်ဖို့အခက်အခဲရှိနိုင်ခြင်းက ပြည်ပက တိုက်ရိုက်ရင်းနှီးမှုတွေကို ခြိမ်းခြောက်လာနိုင်တယ်”ဟုပြောသည်။

ကုန်စည်ထုတ်လုပ်သူတို့သည် စရိတ်စကများ၏ ဝန်ထုပ်ဝန်ပိုးတိုးလာမှု သိသိသာသာရင်ဆိုင်လာရပြီး ဒေါ်လာလဲ လှယ်နှုန်းမြင့်တက်လာခြင်းကြောင့် ထည့်ကုန်ဈေးနှုန်းများ တဟုန်ထိုးတက်သွားကြောင်း စစ်တမ်းတွင်ဖော်ပြထား သည်။ အဆိုပါ ဖိအားပေးမှုများသည် ယာယီမျှသာဟု ကုမ္ပဏီများက မျှော်လင့်ကြ‌သော်လည်း လတ်တလောတွင် ကုန်သွယ်ရေးအခြေအနေများသည် အာရစရာမဟုတ်ကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။
#NPNews

Related news

© 2021. All rights reserved.