မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နေအိမ်ရှေ့ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့

 731

(NPNews) ဇွန် ၁၅
စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အမရပူရမြို့နယ်ရှိ နေအိမ်ရှေ့တွင် ယမန်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၄ ရက် ၉ နာရီအချိန်ခန့်က Alphard ကားအဖြူရောင်တစ်စီးဖြင့် နေအိမ်ရှေ့ကို ဗုံးနှစ်လုံးလာပစ်သွားခြင်းဖြစ်ပြီး နေအိမ်အတွင်း လူနေထိုင်ခြင်းမရှိသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်ကို စစ်တပ်ကအာဏာသိမ်းပြီးနောက် မတရားပုဒ်မများတပ်ကာ တရားစွဲဆိုထားပြီး အိုးဘိုထောင်တွင်ထိန်းသိမ်းထားကာ သွေးကင်ဆာရောဂါဝေဒနာ ခံစားနေရသည့်အတွက် ထောင်တွင်း၌သာဆေးကုသမှု ခံယူနေရသည်ဟုလည်းသိရသည်။

ဇွန်လ ၁၃ ရက် ညပိုင်းကလည်း ချမ်းမြသာစည်မြို့နယ် ပါတီရုံးအား ဗုံးဖြင့်တိုက်ခိုက်မှုကြောင့် အဆောက်အဦးပိုင်းပျက်ဆီးမှုများရှိခဲ့ပြီး ယခုတစ်ကြိမ်နှင့်ဆိုလျင် NLD ပါတီအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင်၏ နေအိမ်ကိုတွေ့ရစဉ် (ပုံအဟောင်းကို အသုံးပြုထားခြင်းဖြစ်ပါသည်)

Related news

© 2021. All rights reserved.