ပုသိမ်စက်မှုမြို့တော်စီမံကိန်းတွင်ပါဝင်မည့် Recreational area မှ စီမံကိန်းအချို့ ၂ဝ၂၄ ခုနှစ်တွင် ပြီးစီးမည်

 687

ဖူးပြည့် (NP News) - ဇွန် ၁၅
ဂေါ့ဖ်ကွင်း၊ ပန်းခြံ၊ ဖျော်ဖြေရေးအခမ်းအနားကျင်းပရာနေရာများ၊ Resort များပါဝင်သည့် Recreational area အတွက် ပုသိမ်စက်မှုမြို့တော်စီမံကိန်း၏ မြေဧက ၁၅ ဒသမ ၅ ရာခိုင်နှုန်းအထိ အသုံးပြုထားကြောင်း Pathein Industrial City ၏ ဇွန်လ ၁၅ ရက် ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ ဧရိယာအတွင်းပါဝင်မည့် စီမံကိန်းအစိတ်အပိုင်းအချို့သည် လာမည့် ၂ဝ၂၄ ခုနှစ်တွင် အကောင်အထည်ဖော်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်မှုမြို့တော်စီမံကိန်းကို ပုသိမ်မြို့ အရှေ့တောင်ဖက် ၃ မိုင်ခွဲအကွာ ပုသိမ်-ငပုတောကားလမ်းအနီးတွင် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏အကြီးဆုံးစက်မှုမြို့တော်ကြီးဖြစ်လာမည်ဖြစ် ကြောင်းသိရသည်။ ပုသိမ်စက်မှုမြို့ တော်စီမံကိန်းတွင် စက်မှုဇုန်များ၊ နိုင်ငံတကာ ကုန်သွယ်ရေးဆိပ်ကမ်းများပါဝင်မည်ဖြစ်ပြီး ကုန်သွယ်ရေးဆိပ် ကမ်းအနီးဆုံးတည်ရှိနေခြင်းကြောင့် စက်ရုံ၊ သိုလှောင်ရုံက ထွက်ရှိလာမည့် ကုန်စည်များတင်ပို့ရာတွင် အသုံးပြုရမည့် အချိန်၊ လူအင်အား နှင့် အသုံးပြုရမည့် စွမ်းအင်များကို သက်သာစေမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပုသိမ်စက်မှုမြို့တော်ရှိ မြေကွက်များကို ဝယ်ယူပါကလည်း နှစ် (၉ဝ) ဂရမ်အမည်ပေါက်ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ ပုသိမ်စက်မှုမြို့တော်စီမံကိန်းကို စီမံကိန်းအဆင့်(၁)အဖြစ် ဧက ၁၂ဝဝ၊ အဆင့်(၂)အဖြစ် ဧက ၂ဝဝဝ နှင့် အဆင့်(၃)အဖြစ် ဧက ၃၅ဝဝ တို့တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.