ဒီပဲယင်းမြို့နယ်၊ ဘုတ်ရွာမှသေဆုံးခဲ့သည့် ရွာသားကို အကြမ်းဖက်သမားများက သတ်ဖြတ်ခြင်းဖြစ်ဟု စစ်ကောင်စီပြော

 441

NP News - ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းမြို့နယ်၊ ဘုတ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက် ပစ်ခတ်ခြင်းကြောင့် ရွာသားတစ်ဦးသေဆုံးခဲ့သည့် သတင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီကို မေးမြန်းခဲ့ရာ သေဆုံးခဲ့သည့် ရွာသားသည် အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု စုံစမ်းသိရှိရကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားဝင်ရောက်နေသည်ဆိုသည့် သတင်းနှင့်ပတ် သက်ပြီးလည်း “လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရပ်ရွာတည်ငြိမ်လုံခြုံရေးအတွက် ၁၄ ရက်နေ့က အဆိုပါကျေးရွာတွေကို သွားရောက်စစ်ဆေးတဲ့အခါမှာ လက်နက်ကိုင်အကြမ်းဖက်သမားများက ပြည်သူကို အကာအကွယ်ယူပြီး ကျေး ရွာတွင်းကနေ စတင်ပစ်ခတ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့ရပါတယ်”ဟု နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် ဇွန်လ ၁၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာရှိ ဆရာမနှစ်ဦး နှင့် အင်ပင်ရွာအုပ် ချုပ်ရေးမှူး၏ အစ်ကိုတို့လည်း အသတ်ခံခဲ့ရကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဒီပဲယင်းမြို့နယ် ကြည်ရွာသည် ၂ဝဝ၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းတိုက် ခိုက်ခံခဲ့ရသည့် နေရာဖြစ်သည့်အပြင် စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းခဲ့သည့်နေရာလည်း ဖြစ် ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.